Skip to main content

ဆည်ကြီးများနှင့် နောက်ဆက်တွဲများ ချစ်ရန်တိုး (မြစ်ချောင်း) (ဆောင်းပါး) “ကျုပ်လ...



ဆည်ကြီးများနှင့် နောက်ဆက်တွဲများ



ချစ်ရန်တိုး (မြစ်ချောင်း)



(ဆောင်းပါး) “ကျုပ်လာကြည့်တယ်။ ကျုပ် နှစ်ထောင်းအားရ ဖြစ်မိတယ်ဗျာ”ဟု အမေရိကန် သမ္မတကြီး ဖရန်ကလင်ဒီရုစဗဲ့က ၁၉၃၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် ကျင်းပသော ဟူးဗားဆည်ကြီး စတင်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် ပြောကြားသွားခဲ့သည်။ ဟူးဗားဆည်ကြီး Hoover Dam သည် ကော်လိုရာဒိုမြစ်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး အရီဇိုနား-နေဗဒါကြားတွင် တည်ရှိသော ချောက်နက်ကြီးကို တမံဖို့ထားခြင်းဖြစ်သည်။ ဟူးဗားဆည်ကြီးသည် ဆည်ကြီးများ တည်ဆောက်ရေးခေတ်သစ်ကြီးကို စတင်ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်ပါသည်။



၁၉၅၄ ခုနှစ် ပန်ဂျပ်ပြည်နယ်ရှိ နန်ဂါယ် (Nangal) တူးမြောင်းကြီး ဖွင့်လှစ်ပွဲ အခမ်းအနားတွင်လည်း အိန္ဒိယနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်ဖြစ်သူ ပဏ္ဍိဂျဝါဟာ နေရူးက Bhakra ဆည်ကြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် တူးမြောင်းကြီးကို မြင်တွေ့လိုက်သည့်အခါ ၎င်းမှာ အင်မတန်မှ စိတ်လှုပ်ရှားမှုဖြစ်ခဲ့ရပြီး ပြင်းပြသော ပျော်ရွှင်မှုဖြစ်ပေါ်ခဲ့ရကြောင်း ပြောခဲ့သည်။ နေရူးက ယင်း၏ အံ့သြဘနန်းဖြစ်ရမှုကို မျိုးချစ်စိတ်ဓာတ်နှင့် ဘာသာရေးအမြင် နှစ်ခုပေါင်းစပ်ပြီး ပြောကြားခဲ့သည်။ “ဒီလုပ်ငန်းဟာ အင်မတန်မှ ကြီးကျယ်မြင့်မြတ်တဲ့ အလုပ်ပါပဲ။ ရဲရင့်ခြင်းနှင့် ယုံကြည်ခြင်းရှိတဲ့ နိုင်ငံမျိုးမှသာလျှင် စွမ်းဆောင်နိုင်တဲ့ အလုပ်ပါ။ အခုဆိုရင် ဒါဟာ ဒီနိုင်ငံကြီးရဲ့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေကို ခိုင်ခိုင်မာမာပြသလိုက်တဲ့ သင်္ကေတတစ်ခုလည်း ဖြစ်သွားပါပြီ။ ဆည်ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ဝိုက် လမ်းလျှောက်ကြည့်တော့ ကျွန်တော် တွေးမိတာလေးရှိတယ်။ အကြီးမားဆုံး ဘုရားကျောင်းကြီးတွေ၊ ဗလီဝတ်ကျောင်းတော်ကြီးတွေနဲ့ ဆစ်ဘုရားကျောင်းကြီးတွေဆိုတာ လူသားတွေက လူသားတွေရဲ့ ကောင်းကျိုးစီးပွားအတွက် တည်ဆောက်ခဲ့တဲ့ နေရာအမွန်တွေ ဖြစ်ကြတယ်။ လူသားပေါင်းများစွာ အားကြိုးမာန်တက်တည်ဆောက်ခဲ့ကြတဲ့ အသက်သွေးချွေးပေါင်းများစွာနဲ့ တည်ဆောက်ခဲ့ကြတဲ့ ဒီဘက်ကရာ-နန်ဂါယ်ကြီးထက်ကော ဘယ်နေရာကများ ကြီးမြတ်နိုင်မလဲဗျာ” ဟု ပြောကြားခဲ့သည်။



ဆည်ကြီးတည်ဆောက်ပြီး ဆယ်စုနှစ် ခြောက်ခုကြာသည်အထိ စာရေးဆရာများ၊ ခေါင်းဆောင်ကြီးများ၊ အင်ဂျင်နီယာကြီးများ၊ ဗျူရိုဂရက်အရာရှိများ၊ အမျိုးသားရေးဝါဒီများနှင့် တော်လှန်ရေးသမားများအတွက် ဆည်ကြီးများသည် မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေးနှင့် လူသားများ၏ စွမ်းပကားဖြင့် သဘာဝတရားကြီးကို အောင်နိုင်ခြင်း သင်္ကေတအဖြစ် မှတ်ယူခံခဲ့ကြရသည်။ စွမ်းအင်ကုမ္ပဏီကြီးများ၊ ရေနှင့် အစာထုတ်လုပ်ရေးလုပ်ငန်းရှင်များ၊ ရေကြီး ရေလျှံထိန်းသိမ်းရေး အင်ဂျင်နီယာများ၊ စိုက်ပျိုးရေးသမားများ၊ အမျိုးသား လွတ်လပ်ရေးထိန်းသိမ်းသူများသည် လူသားမျိုးနွယ်စုတို့ တည်ဆောက်ထားသော ကြီးမားလှသည့် ယင်းဆည်ကြီးများကို ဖွံ့ဖြိုးတိုးတက်မှုပြယုဂ်အဖြစ် ရာစုနှစ်တစ်ခုမျှ သရုပ်ဖော်ခဲ့ကြသည်။ ထိုအခြင်းအရာသည် အရင်းရှင်ဝါဒ၏ ဓနဥစ္စာကို တည်ဆောက်ခြင်းလော၊ ဆိုရှယ်လစ်၏ အသီးအပွင့်ကို ဝေမျှခြင်းလော၊ ကွန်မြူနစ်စနစ်သို့ ခြေလှမ်းကြီးပေလောဟု ကွဲကွဲပြားပြားမရှိခဲ့လည်း ကိစ္စတော့ မရှိခဲ့ပေ။



ထုကြီးထည်ကြီးနှင့် ကြီးမားလှသော ဆည်ကြီးများသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရုံ၊ ရေသိုလှောင်ရုံ သက်သက်တော့ မဟုတ်ပါ။ ထိုအရာကြီးများသည် နည်းပညာခေတ်ကြီး၏ လွှမ်းမိုးမှုအတွေးအခေါ်ကို ကွန်ကရစ်၊ ကျောက်တုံးနှင့် မြေသားများဖြင့် ဖော်ပြထားခြင်းလည်း ဖြစ်သည်။ ထို့ပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အဏုမြူဗုံးကြီးများနှင့် မော်တော်ကားကို ယှဉ်တွဲမည့် သိပ္ပံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ညွှန်းနေ သည့် အဆောင်အယောင်လည်း ဖြစ်ပါသည်။ ဆည်ကြီးများဆိုင်ရာ နိုင်ငံတကာကော်မရှင် (ICOLD) ၏ ခန့်မှန်းချက်အရ ကမ္ဘာ့မြစ်ကြီးများကို ဆည်ကြီးပေါင်း ၄၀,၀၀၀ ကျော်က တားဆီးပိတ်ဆို့ထားပြီး ယင်းတို့အနက် ဆည်ကြီးပေါင်း ၅,၀၀၀ ကို ၁၉၅၀ ပြည့်နှစ်ကတည်းက တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ ICOLD ဆည်ကြီးတစ်ခုကို ယင်းကဲ့သို့ သတ်မှတ်ထားပါသည်။ တမံအောက်ခြေမှ တမံထိပ်အထိ ၁၅ မီတာနှင့်အထက်ရှိသော (တစ်နည်းအားဖြင့် လေးထပ်တိုက်တစ်လုံးစာ အမြင့်ရှိသော) ဆည်ကို ဆည်ကြီးဟု သတ်မှတ်ခြင်း ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဆည်ကြီးများ အများဆုံးနိုင်ငံ တစ်ခု ဖြစ်ပြီး ၁၉၄၉ ခုနှစ် ယဉ်ကျေးမှု တော်လှန်ရေးကာလက ဆည်ကြီး ရှစ်ခုသာရှိခဲ့ရာမှ နှစ်ပေါင်း ၄၀ အကြာတွင် ပမာဏ ၁၉,၀၀၀ နီးပါး တိုးလာခဲ့သည်။ အမေရိကန်နိုင်ငံသည် ဆည်ကြီးပေါင်း ၅,၅၀၀ ဖြင့် ဒုတိယ အများဆုံးနိုင်ငံဖြစ်ပြီး ယင်းနောက်တွင် ဆိုဗီယက် ပြည်ထောင်စုဟောင်း၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့ ရှိသည်။



ဆည်ကြီးများအရေအတွက် တိုးလာသည်နှင့်အမျှ ယင်းတို့၏ အရွယ်အစား၊ ကမ္ဘာအနှံ့ ပြန့်နှံမှုများလည်း တိုးလာခဲ့သည်။ ဟူးဗားဆည်ကြီးသည် ကမ္ဘာ့အမြင့်ဆုံးဆိုသော နေရာကို ၁၉၅၇ ခုနှစ်အထိ ဆယ်စုနှစ် နှစ်ခုစာမျှသာ ထိန်းထားနိုင်ခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံမှ Mauvoisin ဆည်ကြီးက ကျော်ဖြတ်ခဲ့သည်။ လေးနှစ်ကြာပြီးနောက် ဟူးဗားဆည်ကြီးကို ကျော်ဖြတ်လိုက်သည့် ဆည်ကြီးနှစ်ခု ထပ်မံပေါ်လာပြန်သည်။ ယင်းတို့အနက် တစ်ခုမှာ ဆွစ်ဇာလန်နိုင်ငံမှ ပင်ဖြစ်ပြီး (Grande Dixence) ဟုခေါ်၍ နောက်တစ်ခုမှ အီတလီမှ Vaiont ဆည်ကြီး ဖြစ်ပါသည်။ ၁၉၆၈ ခုနှစ်၌ ဟူးဗားသည် အမေရိကန်ပြည်ထောင်စုတွင် အမြင့်ဆုံးဆိုသော ဂုဏ်ပုဒ်ကို ကယ်လီဖိုးနီးယားမှ Oroville ဆည်ကြီးကို လွှဲပြောင်းပေးလိုက်ရသည်။ ၁၉၇၀ ပြည့်နှစ်များနှင့် ၁၉၈၀ ပြည့်နှစ်များအတွင်း၌ ကနေဒါ၊ ကိုလံဘီယာ၊ ဆိုဗီယက်ပြည်ထောင်စု၊ မက္ကဆီကိုနှင့် ဟွန်ဒူးရပ်စ်နိုင်ငံများမှ ဆည်ကြီးများသည် ဟူးဗားကို အသီးသီး ကျော်ဖြတ်လိုက်ကြပေသည်။ ဧရာမဆည်ကြီး (Major Dam) ဆိုသည်မှာ အမြင့်အားဖြင့် ၁၅၀ မီတာ အနည်းဆုံးရှိခြင်း၊ ထုထည်အားဖြင့် ကုဗမီ တာ ၁၅ သန်းအနည်းဆုံးရှိခြင်း (ကီးရိုစ့်ပိရမစ်ကြီး ၏ ခြောက်ဆပမာဏ)၊ ရေလှောင်ပမာဏ အားဖြင့် ၂၅ ကုဗကီလိုမီတာ အနည်းဆုံးရှိခြင်း (လပ်ကဇင်းဘော့နိုင်ငံကို တစ်မီတာ မြင့်အောင် ရေဖုံးလွှမ်းနိုင်သည့် ပမာဏ) သို့မဟုတ် လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်မှု ပမာဏအားဖြင့် အနည်းဆုံး ၁,၀၀၀ မဂ္ဂါဝပ် ရှိခြင်း (လူဦးရေတစ်သန်းရှိသော ဥရောပမြို့တစ်မြို့ကို အလုံအလောက် ဓာတ်အားပေးနိုင်သည့်ပမာဏ) ရှိသော ဆည်ကြီး ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်တွင် ဧရာမဆည်ကြီးပေါင်း ၁၀ ခုသာရှိရာမှ ၁၉၉၅ ခုနှစ်တွင် ဆည်ပေါင်း ၃၀၅ ခန့် အထိ တစ်ဟုန်ထိုး တိုးပွားလာခဲ့သည်။ အမေရိကန်နိုင်ငံသည် ဧရာမဆည်ကြီးများ ဆောက်လုပ်သော ထိပ်တန်းနိုင်ငံဖြစ်ပြီး ယင်းနောက်တွင် ဆိုဗီယက်ပြည်ထောင်စု၊ ကနေဒါ၊ ဘရာဇီးနှင့် ဂျပန်တို့က အသီးသီး ရှိကြသည်။



ကမ္ဘာ့မြစ်ကြီးများ၏ မြစ်ဝှမ်းအများစုသည် ဆည်ကြီးများဖြင့် သင်းကွပ်ခြင်းခံနေရပြီဖြစ်ပြီး မဟာမြစ်ကြီးများမှာ ရေလှောင်တမံသို့ သွယ်တန်းထားသော ရေမြောင်းသာသာ အခြေအနေသာ ရှိတော့သည်။ ကီလိုမီတာ ၂,၀၀၀ ရှိသော ကိုလံဘီယာမြစ်ကြီး၏ ၇၀ ကီလိုမီတာသည်သာ လွတ်လပ်စွာ စီးဆင်းနိုင်သည်။ အမေရိကတိုက်တွင် ကီလိုမီတာ ၁,၀၀၀ ကျော် ရှည်လျားသော မြစ်ကြီးများအနက် Yellow -stone မြစ်ကြီးတွင်သာ ဆည်တည်ဆောက်ခြင်း မရှိပေ။ ပြင်သစ်နိုင်ငံတွင် Rhone မြစ်၏ တစ်ခုတည်း ကျန်ရှိသော လွတ်လပ်စွာ စီးဆင်းနေသည့် အပိုင်းတစ်ပိုင်းကို ၁၉၈၆ ခုနှစ်တွင် ဆည်တစ်ခုဖြင့် ပိတ်ဆို့လိုက်သည်။ ဥရောပတွင်လည်း ၀င်ဆာ၊ ဗော်လဂါ၊ အယ်ဘရိုမြစ်ကြီးများသာမက တာဂန့်စ်မြစ်တွင်လည်း ၎င်းတို့အလျား၏ လေးပုံတစ်ပုံသည် ရေလှောင်ကန်များမှ လွတ်ကင်းခြင်း မရှိပေ။



ကမ္ဘာအနှံ့အပြားတွင် ရေလှောင်ကန်များ၏ စုစုပေါင်းသိုလှောင်မှုမှာ ကုဗကီလိုမီတာပေါင်း ၁၀,၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ ထိုပမာဏသည် ကမ္ဘာပေါ်ရှိ မြစ်အားလုံး၏ ထုထည်ငါးဆနှင့် ညီမျှသည်။ ရေလှောင်ကန်များ၏ အလေးချိန်မှာ ငလျင်ကို ဖြစ်စေနိုင်လောက်သော အလေးချိန် ရှိကြသည်။ ရေလှောင်ကန်ကြောင့် ဖြစ်ရသော ငလျင်မှတ်တမ်းများ ရှိကြပါသည်။ ဘူမိရူပဗေဒပညာရှင်များက ရေလှောင်ကန်ကြီးများ၏ အလေးချိန်ပျံ့နှံ့မှုသည် ကမ္ဘာ့လည်ပတ်မှုအရှိန်၊ ကမ္ဘာ့ဝင်ရိုးနှင့် ကမ္ဘာ့ဆွဲအားစက်ကွင်းပုံစံတို့ပေါ်တွင် အင်မတန် သေးငယ်သော်လည်း တိုင်းတာနိုင်သော ပမာဏရှိသည့် အကျိုးသက်ရောက်မှုရှိကြောင်း ခန့်မှန်းထားသည်။



ကယ်လီဖိုးနီးယားပြည်နယ်၏ ပမာဏမျှ ရှိသော စတုရန်းကီလိုမီတာ (၄၀၀,၀၀၀) ကျော်သည် ကမ္ဘာအနှံ့အပြားရှိ ရေလှောင်ကန်များကြောင့် ရေဖုံးလွှမ်းနေရသည်။ Akosombo ဆည်ကြီးက ထိန်းထားသည့် ကမ္ဘာ့အကြီးဆုံး ရေလှောင်ကန်ဖြစ်သော Volta ရေလှောင်ကန်ကြီးသည် ဂါနာနိုင်ငံ၏ ကုန်းမြေဧရိယာ လေးရာခိုင်နှုန်းဝန်းကျင်ကို ရေကြီးရေလျှံစေခဲ့သည်။ အမေရိကန်နိုင်ငံတွင်လည်း နယူးဟမ့်ရှိုင်းယားနှင့် ဗားမောက်ပြည်နယ်နှစ်ခုပေါင်း ပမာဏရှိသော ဧရိယာများ ရေမြုပ်နေပါသည်။ ရေမြုပ်ခြင်းခံနေရသော ကမ္ဘာ့ကုန်းမြေဧရိယာ၏ သုံးရာခိုင်နှုန်းသည် စာရင်းဇယားအကြမ်းများ ခန့်မှန်းထားသည်ထက် များစွာ ဆုံးရှုံးနေကြောင်း သက်သေပြနေပါသည်။ ကမ္ဘာ့ အကောင်းဆုံး စိုက်ပျိုးမြေများ၊ သားရဲ တိရစ္ဆာန်များ ခိုအောင်းရာ တောအုပ်များကို ပေးစွမ်းနိုင်သော ရေလွှမ်းလွင်ပြင်များသည် ရေလှောင်ကန်ကြီးများကြောင့် ဖုံးလွှမ်းသွားရသည်။



လူသားများ၏ လုပ်ဆောင်မှုများ (အထူးသဖြင့် ဆည်ကြီးများကြောင့်) ရေချိုများသည် ဂေဟစနစ်တွင် ပျက်စီးကုန်ရသည်။ ဆည်တစ်ခုသည် မြစ်ဝှမ်းဒေသရှိ သက်ရှိ ကွန်ရက်ဆက်နွယ်မှုများအားလုံးကို ဖြတ်တောက်ပစ်လိုက်ပါသည်။ အမေရိကန်၊ ကနေဒါ၊ ဥရောပနှင့် ဆိုဗီယက်ပြည်ထောင်စုဟောင်း နိုင်ငံများရှိ အကြီးဆုံး မြစ်ကြီးများ၏ ရေစီးဆင်းမှု လေးပုံသုံးပုံနီးပါးကို ဆည်ကြီးများဖြင့် ထိန်းချုပ်ကန့်သတ်ထားကြောင်း ၁၉၉၄ ခုနှစ်တွင် ဆွီဒင်လူမျိုး ဂေဟပညာရှင်များက ဆိုခဲ့သည်။ ရေလမ်းလွဲမှုများကြောင့် မြစ်အောက်ပိုင်း အထိခိုက်ရဆုံး သာဓကတစ်ခုမှာ အာရှအလယ်ပိုင်းရှိ အေရယ်ပင်လယ်ကြီးပင် ဖြစ်ပါသည်။ ကမ္ဘာ့အကြီးဆုံး ရေချိုကန်ကြီးများတွင် အပါအ၀င်ဖြစ်ခဲ့သော အေရယ်ပင်လယ်သည် မူလဧရိယာထက် တစ်ဝက်သာသာ ကျန်ရှိတော့ပြီ ဖြစ်သည်။



ကမ္ဘာ့ရေချိုငါးများ၏ ငါးပုံတစ်ပုံသည် မျိုးတုံးပျောက်ကွယ်ခြင်းနှင့် အန္တရာယ်ကြုံတွေ့နေရခြင်း၏ လက်သည်အကြောင်းခံမှာ ဆည်ကြီးများပင် ဖြစ်ပါသည်။ ဆည်ကြီးများ၏ အင်မတန်ဆောက်လုပ်သော နိုင်ငံများတွင် မျိုးတုံးပျောက်ကွယ်နေရသော ရေချိုငါးအချိုးအဆ ပိုများပါသည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင် ငါးပုံ နှစ်ပုံနီးပါး၊ ဂျာမနီတွင် လေးပုံသုံးပုံခန့် ဖြစ်ပါသည်။ အင်းဆက်များ၊ ကုန်းနေရေနေ သတ္တ၀ါမျိုးစိတ်များ၊ တွားသွားသတ္တ၀ါများနှင့် အခြားမြစ်ဝှမ်းနေ သက်ရှိများလည်း ခြိမ်းခြောက်ခံနေရပါသည်။



ဆည်ကြီးများကြောင့် ဒေသခံတိုင်းရင်းသားလူမျိုးနွယ်စုများ နေရာ ပြောင်းရွှေ့ရသည်။ အခြားဒေသများတွင် ပြောင်းရွှေ့အချေနေထိုင်ပြီး ဘ၀ကို အသစ်မှပြန်စရလေ့ရှိသည်။ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု အဆောက်အအုံများလည်း ဆည်ကြောင့် ဖြစ်ပေါ်လာသော ရေဖုံးလွှမ်းမှုကြောင့် ပျက်စီးဆုံးရှုံးရသည်။ ဆည်ကြီးများကြောင့် ရေကြောင်းသွားလာရေး၊ စိုက်ပျိုးရေး၊ ရေပေးဝေရေလုပ်ငန်းများတွင် အတိုင်းအတာတစ်ခုအထိ အကျိုးရှိ အောင်မြင်သော်လည်း ဂေဟစနစ်ကိုမူ အကြီးအကျယ် ပျက်စီးထိခိုက်ရပါသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1nmZMvh

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3