Skip to main content

သိမ်းဆည်းရရှိခဲ့သော လက်နက်များ နှင့် ထိုင်းအတိုက်အခံ ခေါင်းဆောင် ဆက်နွယ်နေကြောင်...



သိမ်းဆည်းရရှိခဲ့သော လက်နက်များ နှင့် ထိုင်းအတိုက်အခံ ခေါင်းဆောင် ဆက်နွယ်နေကြောင်း စစ်တပ်ပြော



အေဖက်ပီ



ဘန်ကောက်၊ ဇွန် ၃၀



ထိုင်း ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အမျိုးသားကောင်စီ (NCPO)သည် မေလ ၂၂ ရက်မှ ဇွန်လ ၂၅ ရက်အတွင်း ထိုင်းနိုင်ငံတစ်ဝန်း၌ စစ်ဘက် အထူးတာဝန်တပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့သော တရားမဝင် လက်နက် ခဲယမ်းမီးကျောက် အမြောက်အများအား ပြသခဲ့သည်ဟု ဇွန်လ ၃၀ရက် အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ထို တရားမဝင် လက်နက်များ သိမ်းဆည်းနိုင်ရေးအတွက် ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ကြရာတွင် စစ်တပ် နှင့် ရဲ အထူးတာဝန်တပ်ဖွဲ့များ ပါဝင်ခဲ့ကြောင်း ငြိမ်းချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေး အမျိုးသားကောင်စီက ဆိုသည်။



“အဲဒီ မြေအောက် လှုပ်ရှားမှုရဲ့ နောက်ကွယ်မှာ ပါဝင်ပြီးတော့ ဒီလက်နက်တွေကိစ္စမှာ ဆက်နွယ်ပတ်သတ်နေတဲ့သူတွေ အများကြီးထဲမှာ အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သူ ဂျက်ကရာပေါ့ဘ်ပန်ကယ်လည်း ပါတဲ့အကြောင်း တွေ့ရှိခဲ့ရပါတယ်” ဟု ဘန်ကောက် ရဲတပ်ဖွဲ့၏ လက်ထောက် အကြီးအကဲ ရဲမှူးကြီး ဆွန်ပေါ်ဝပ်ထနာချိုင်းက ဆိုခဲ့သည်။



ထိုကဲ့သို့ စုံစမ်းထောက်လှမ်း ရရှိခဲ့သော အချက်အလက်များအရ ထိုင်း စစ်ခုံရုံးသည် အခွင့်အရေး နှင့် ဒီမိုကရေစီ အတွက် လွတ်လပ်သော ထိုင်းနိုင်ငံသား အဖွဲ့” ၏ အမှုဆောင် အတွင်းရေးမှူး ဂျက်ကရာပေါ့ဘ်အား ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ရဲမှူးကြီးက ဆိုသည်။ အာဏာသိမ်း ထိုင်းစစ်အစိုးရအား ဆန့်ကျင်လှုပ်ရှားမည့် ထိုအဖွဲ့ကို ပြည်ပတွင် မကြာသေးမီက ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။



တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ရန် ကြိုးပမ်းနေခြင်း နှင့် နိုင်ငံရေးပြိုင်ဘက်များအား တိုက်ခိုက်ရန် ပြင်ဆင်သည့်အနေဖြင့် လက်နက်များ တရားမဝင်

စုဆောင်းမှုများ ရှိခဲ့ခြင်းသည် မေလ ၂၂ ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့ရခြင်း၏ အဓိက အကြောင်းရင်းများမှ တစ်ခုဖြစ်ကြောင်း ငြိမ်းချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေး အမျိုးသားကောင်စီက ဆိုခဲ့သည်။



ယခုအချိန်အထိ သိမ်းဆည်းရရှိခဲ့သော လက်နက်များထဲတွင် သေနတ် ၁၉၉၆ လက်၊ ကျည် ၃၁,၈၄၀ နှင့် ဖောက်ခွဲရေး ကိရိယာ ၂၅၆ ခု ပါဝင်သည်ဟု ဆိုသည်။ ထို့ပြင် ရိုင်ဖယ်များ၊ စက်သေနတ်များ၊ ပစ္စတိုများ နှင့် လောင်ချာများလည်း ပါဝင်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1myWN1W

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...