Skip to main content

နိုင်ငံတစ်ဝန်း တီဘီရောဂါရှာဖွေရေး စီမံချက်မြို့နယ် ခြောက်ခု ထပ်တိုးမည် ရန်ကုန်၊...



နိုင်ငံတစ်ဝန်း တီဘီရောဂါရှာဖွေရေး စီမံချက်မြို့နယ် ခြောက်ခု ထပ်တိုးမည်



ရန်ကုန်၊ ဇွန် ၆



ပြင်သစ်အခြေစိုက် The Union ကျန်းမာရေး လူမှုအဖွဲ့အစည်းက မြန်မာနိုင်ငံတွင် ရောဂါစမ်းသပ် စစ်ဆေးမှု မခံယူရသေးသော တီဘီရောဂါ ဝေဒနာရှင်များကို လိုက်လံရှာဖွေ ကုသရန် စီမံချက်မြို့နယ် ခြောက်ခုကို ယခုနှစ် ဇွန်လတွင် ထပ်မံတိုးချဲ့မည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ ရေစကြိုမြို့နယ် တာဝန်ခံ ဦးရဲဝင့်အောင်က The Voice သို့ ပြောကြားသည်။



အဆိုပါ စီမံချက်မြို့နယ်များတွင် ၂၀၁၆ ခုနှစ်အထိ တီဘီရောဂါ စမ်းသပ်ရှာဖွေ ကုသရေး အစီအစဉ်များ ဆောင်ရွက်ရန် လျာထားကြောင်း၊ မြန်မာနိုင်ငံတွင် The Union က တီဘီရောဂါနှင့် ပတ်သက်၍ ထောက်ပံ့နေသော မြို့နယ်သည် ၂၀၁၄ ခုနှစ်တွင် ၁၃ မြို့နယ်အထိ ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။



The Union ၏ တီဘီရောဂါ စမ်းသပ်ရှာဖွေရေး လုပ်ငန်းစဉ်အတွက် ကျန်းမာရေး ဝန်ကြီးဌာန၊ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်နှင့် ပူးတွဲစီစဉ်ခြင်း ဖြစ်သည်။



“လူတော်တော်များများက ဖျားနာ၊ ချောင်းဆိုး ပြင်းထန်မှ ဆေးရုံ၊ ဆေးခန်း လာကြတာ။ ဒီလူတွေသာ တီဘီလူနာ ဖြစ်မယ်ဆိုရင် ဆေးရုံ မလာမချင်း ဘေးပတ်ဝန်းကျင်မှာ အလွယ်တကူ ကူးစက်နေမှာ” ဟု ဦးရဲဝင့်အောင်က ပြောဆိုသည်။



တီဘီရောဂါရှိသူ တစ်ဦးသည် အကာအကွယ်မပြု၊ မကုသဘဲ နေထိုင်မည် ဆိုပါက တစ်နှစ်အတွင်း လူ ၁၀ ဦးမှ ၁၅ ဦးအထိ ပြန့်ပွားစေနိုင်ကြောင်း ၎င်းက သတိပေး ပြောကြားသည်။



ထပ်မံ တိုးမြှင့်ထားသော မြို့နယ်များတွင် ရေစကြို၊ မြိုင်၊ လားရှိုး၊ တောင်ကြီး၊ မုံရွာနှင့် စစ်ကိုင်းတို့ ပါဝင်ပြီး ယခင်က မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့ခုနစ်ခုတွင်သာ စီမံချက်ချ ဆောင်ရွက်ခဲ့ကြောင်း The Union က သိရသည်။



ကျန်းမာရေး ဝန်ကြီးဌာနက ဆောင်ရွက်နေသော တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက် မြို့နယ်များနှင့် ပတ်သက်၍ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းသို့ မေးမြန်းခဲ့သော်လည်း အသေးစိတ် ပြန်လည် ဖြေကြားခြင်း မရှိခဲ့ချေ။



မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် တီဘီရောဂါဖြစ်ပွားနှုန်း အမြင့်ဆုံး နိုင်ငံဖြစ်ပြီး နှစ်စဉ် လူဦးရေ ၁၈၀,၀၀၀ နီးပါး အသစ်ထပ်မံ ကူးစက်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။



(နေဇာကျော်)

from The Voice Weekly's Facebook Wall http://ift.tt/1k3AKPY

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...