လမ်းပေါ်ချော်လဲရာက ဓာတ်ကြိုးနဲ့ ထိမိပြီး သေဆုံး
ရွှေပြည်သာမှာ ဇွန်လ ၂၃ ရက်နေ့က အမျိုးသားတစ်ဦး ချော်လဲရာက မြေကြီးနဲ့ ကပ်နေတဲ့ ဓာတ်ကြိုးပေါ် လဲကျပြီး သေဆုံးခဲ့ပါတယ်။
“ကောင်လေးက လက်ဖက်ရည်ဆိုင် သွားရင်း လမ်းကမိုးရေနဲ့ ချောနေတော့ ချော်လဲပြီး ဓာတ်ကြိုးပေါ် လက်ထောက်ပြီး ကျတာ။ ဓာတ်ကြိုးကလည်း ပေါက်နေတော့ ဓာတ်လိုက်ပြီး လဲသွားတယ်၊ သူ့ သူငယ်ချင်းရယ် ဓာတ်လိုက်တဲ့ ကောင်လေးရဲ့ အဖေတို့က ဆေးရုံပို့ပေမယ့် လမ်းမှာဆုံးသွားတယ်” လို့ ဏ/၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး က ပြောပါတယ်။
ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းကလည်း လှည်းတန်းဈေး (၇) လမ်းထိပ်မှာ ဗို့အား ၄၀၀ နီးပါးရှိတဲ့ လျှပ်စစ်ကေဘယ်လ်ကြိုး ပြတ်ကျရာက ဈေးသည်လေးဦး ဓာတ်လိုက်ခံရပြီး နှစ်ဦးသေဆုံးခဲ့ရပါတယ်။
သတင်းအပြည့်အစုံ > http://goo.gl/q4bsvC
from The Voice Weekly's Facebook Wall http://ift.tt/1o27xtP
Comments
Post a Comment