Skip to main content

ရခိုင်ရှိ ဘင်္ဂါလီဟုလက်ခံသူများကို ၁၉၈၂ နိုင်ငံသားဥပဒေအရ စတင်စိစစ် ဟိန်းကိုစိုး|...



ရခိုင်ရှိ ဘင်္ဂါလီဟုလက်ခံသူများကို ၁၉၈၂ နိုင်ငံသားဥပဒေအရ စတင်စိစစ်



ဟိန်းကိုစိုး| တနင်္လာနေ့၊ ဇွန်လ ၁၆ ရက်၊ ၂၀၁၄ ခုနှစ်



ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီဟု လက်ခံသူများကို ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်ရေးဥပဒေအရ စိစစ်မှုများကို စတင်ဆောင်ရွက်နေပြီဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ဇွန်လ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။



ယင်းစိစစ်မှုကို ဇွန်လ ၁၄ ရက် မြေပုံမြို့နယ်ရှိ တောင်ပေါ် ဒုက္ခသည်စခန်းမှ စတင်ဆောင်ရွက်ခြင်းဖြစ်ကာ အခြားမြို့နယ်များတွင်လည်း ဘင်္ဂါလီအဖြစ် လက်ခံသူများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ဦးမောင်မောင်သန်းက ဆိုသည်။



တောင်ပေါ်ဒုက္ခသည်စခန်းတွင် ဘင်္ဂါလီနှင့် ကမန်ဒုက်္ခသည် ၃၀၁၀ ဦးထိရှိသည်ဟု ပြည်နယ်အစိုးရ၏ ဒုက္ခသည်စခန်းဆိုင်ရာ အချက်အလက်များကဆိုသည်။



၎င်းတို့အနက် ဘင်္ဂါလီအဖြစ် ခံယူသူ ဦးရေတစ်ရာခန့် လာရောက် လျှောက်လွှာတင်ထားပြီးဖြစ်သည်ဟု ၎င်းစခန်းတွင်

ဆောင်ရွက်ပေးနေသည့် အဖွဲ့က မဇ္ဈိမကို ပြောသည်။



“ဒီဟာကို နှစ်ဖက်လုံးကတောင်းဆိုလို့ ကျွန်တော်တို့ စလုပ်တာပါ။ ဘင်္ဂါလီကိုလက်ခံတဲ့သူတွေပဲ လုပ်ပေးမှာ စိစစ်တဲ့အဖွဲ့တွေ

မှာလည်း ရခိုင်ဘက်ကော၊ ဘင်္ဂါလီဘက်က ကိုယ်စားလှယ်တွေကော ပါပါတယ်။ မြို့နယ်ကတစ်ဆင့် ပြည်နယ် အဲဒီကပြီးရင်

ဗဟိုကစစ်မယ် အဆင့်ဆင့်စိစစ်မှုတွေလုပ်ပြီး ၁၉၈၂ နိုင်ငံသားဖြစ်ရေး ဥပဒေနဲ့အညီ လုပ်သွားမှာပါ”ဟု ဦးမောင်မောင်သန်းက ဆိုသည်။



ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီဦးရေ ဆယ်သိန်းငါးသောင်းအထိ နေထိုင်ပြီး ခုနစ်သိန်းကျော်သည် ယာယီနိုင်ငံသား ကတ်ပြား (White Card)များ ကိုင်ဆောင်ထားသူများ ဖြစ်သည်။



“ကျွန်တော်တို့တွေက မထည့်လို့လည်း မရ၊ မထည့်ရင်လည်း အစိုးရအနေနဲ့က ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူးလို့ ပြောတော့ မလုပ်မနေရ လုပ်ရတာပေါ့”ဟု တောင်ပေါ်ဒုက္ခသည်စခန်းနေ အသက် ၄၀ ကျော် အမည်မဖော်လိုသူ ဒုက္ခသည် တစ်ဦးက မဇ္ဈိမကို ပြောသည်။



လက်ရှိ မြေပုံမြို့နယ်တွင် စတင်စိစစ်မှုများကို ပြုလုပ်ပေးမည်ဖြစ်ပြီး ဘင်္ဂါလီဟု လက်ခံမှုမရှိသူများကို စိစစ်မှုများကို ပြုလုပ်ပေးမည်မဟုတ်ဟု သက်ဆိုင်ရာဌာနက ဆိုသည်။ သို့သော် မောင်တော၊ ကျောက်ဖြူ၊ စစ်တွေနှင့် အခြားမြို့နယ်အတွင်းရှိ မိမိကိုယ်ကို ရိုဟင်ဂျာဟု သတ်မှတ်ထားသူများက ဘင်္ဂါလီဟု အသိအမှတ်မပြုလိုသည့်အတွက် စိစစ်မှုများကို လက်ခံမည်မဟုတ်ဟု ဆိုကြသည်။



“ကျွန်တော်တို့ကတော့ ရိုဟင်ဂျာလို့ လက်ခံမှ လုပ်မယ်။ လက်မခံရင်တော့ မလုပ်ဘူး။ ဘင်္ဂါလီဆိုတာက လုံးဝလက်မခံဘူး”ဟု စစ်တွေမြို့နေ ဦးကျော်မင်းက ပြောသည်။



ယင်းကို ဇွန်လ ၁၄ ရက် နောက်ပိုင်း စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1pzNPZl

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...