ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အမှတ် (၇) ရပ်ကွက် အောင်သပြေ အရှေ့ (၅) လမ်းတွင် ဇွန်လ ၁၄ ရက် နံနက် အစောပိုင်းက အိမ်ခြောက်လုံး မီးလောင်ဆုံးရှုံးမှုတွင် အမျိုးသားတစ်ဦးမှာ တစ်ကိုယ်လုံး မီးလောင် ဒဏ်ရာရခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ မီးလောင်မှုတွင် အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် တင်ပို့ကုသထားပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း၊ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း ညာဘက်လက်နှင့် ပခုံးတို့ မီးလောင်ခံရကြောင်း ယင်းဌာနထံမှ သိရှိရသည်။
သာကေတ (၇) ရပ်ကွက် မီးလောင်မှု အမျိုးသားတစ်ဦး တစ်ကိုယ်လုံး မီးလောင် ဒဏ်ရာရ - သစ်ထူးလွင်...
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1hWGNLQ
Comments
Post a Comment