Skip to main content

ပီနန်ဆရာတော်နှင့် တရားစွဲခံထားရသည့် သံဃာငါးပါး အန္တရာယ်ကင်းရေး ဆုတောင်းပွဲလုပ်မည်...



ပီနန်ဆရာတော်နှင့် တရားစွဲခံထားရသည့် သံဃာငါးပါး အန္တရာယ်ကင်းရေး ဆုတောင်းပွဲလုပ်မည်



နန်းမြင့်



ရန်ကုန်၊ မဇ္ဈိမ။ ။ ပီနန်ဆရာတော်နှင့် တရားရင်ဆိုင်နေရသည့် သံဃာငါးပါး အန္တရာယ်ကင်းရှင်းစေရေး ကရင်ပြည်နယ် ရှိ သေဌမာန်အောင်ဘုရားကြီးဝင်း၌ သံဃာတော်များ နှင့် ဧည့်ပရိသတ် ၁၀၀၀ခန့်ဖြင့် ဇွန်လ ၂၇ ရက် နံနက်ပိုင်းတွင် မေတ္တာပို့ဆုတောင်းပွဲ ပြုလုပ်မည်ဟု ဦးဆောင်သူ မြန်မာနိုင်ငံစာရေးဆရာအသင်း မှ

စာရေးဆရာမ ဒေါ်ဆုလာဘ်နွယ်က မဇ္ဈိမကို ပြောသည်။



ပီနန်ဆရာတော် ဦးပညာဝံသသည် ကရင်ပြည်နယ်ရှိ ဇွဲကပင်တောင် ကေဘယ်လ်ကားစီမံကိန်းကို ဦးဆောင်နေသူ ဖြစ်သည့်အတွက် ဆရာတော်ကြီး၏ ကျေးဇူးကို သတိရလွမ်းဆွတ်သည့် အနေဖြင့် ဆုတောင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။



“ဇွဲကပင်တောင် အကျိုးပြုတဲ့ ဆရာတော်ကြီးနဲ့ ဆရာတော်တွေအတွက် ဒကာ၊ ဒကာမတွေက မေတ္တာပို့သတဲ့ ဆုတောင်းပွဲဖြစ်တယ်။ အဲဒီအတွက်လည်း ခွင့်ပြုမိန့် တင်ထားပါတယ်” ဟု ပြောသည်။



အဆိုပါ မေတ္တာပို့ ဆုတောင်းပွဲပြုလုပ်ရန် ခွင့်ပြုမိန့်ကို ဇွန် ၂၀ရက်က တင်ထားခြင်းဖြစ်သည်။



ရန်ကုန်တိုင်း၊ တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးလျှက်ရှိသည့် ပီနန်ဆရာတော် ဦးပညာဝံသနှင့် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ အမှတ် ၂၀/၉၀နှင့် သာသနာညှိးနွမ်းစေမှု ပုဒ်မ-၂၉၅(က)တို့ သာသနာရေး ၀န်ကြီးဦးစီးဌာန မဟာသံဃာနာယကအဖွဲ့မှ တရားလိုပြု၍ တရားစွဲဆိုခဲ့သော အင်္ဂလန် ဆရာတော် ဦးဥတ္တရ၊ ဦးပညာစာရ၊ ဦးတေဇိန္န၊ ဦးသုန္နာသီရိ နှင့် ဦးနန္ဒိရတို့အတွက် အန္တရာယ်ကင်း မေတ္တာပို့ဆု တောင်းကြမည်ဖြစ်သည်။



ပီနန်ဆရာတော် ဦးပညာဝံသမှာ ဇွန်လ ၅ရက်မှ စတင်ကာ ဂျပန်နိုင်ငံသို့ သာသနာပြုခရီးထွက်ကြွချီခဲ့ပြီး ဇွန်လ ၁၀ရက် ည ၁၁နာရီတွင် မဟာသန္တိသုခကျောင်းတိုက်သို့ သာသနာရေးဦးစီးဌာန နှင့် အာဏာပိုင်များက ၀င်ရောက်စီးနင်းကာ ချိတ်ပိတ်ခဲ့သည်။ ဇွန်လ ၁၃ရက်က လန်ဒါန်ဆရာတော် အပါအဝင် သံဃာငါးပါးကို အတင်းလူဝတ်လဲ ဖမ်းဆီးကာ အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့သည်။



လူဝတ်လဲကာ တရားစွဲဆိုခံထားသည့် သံဃာငါးပါးကို ဇွန်လ၂၀ရက်က တာမွေမြို့နယ် တရားရုံးမှ အာမခံပေးခဲ့သဖြင့် ထိုနေ့တွင် သင်္ကန်းပြန်စီး လိုက်ပြီဖြစ်သည်။







from Mizzima - News in Burmese's Facebook Wall http://ift.tt/1swAWl1

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3