Skip to main content

ပေါက်ကွဲမှုဖြင့် တရားစွဲ ခံထားရသည့် စစ်ရှောင်များ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရ မြစ...



ပေါက်ကွဲမှုဖြင့် တရားစွဲ ခံထားရသည့် စစ်ရှောင်များ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရ



မြစ်ကြီးနား၊ ဇွန် ၅



ကချင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် အတွင်းက ဖြစ်ပွားသွားခဲ့သော ပေါက်ကွဲမှုများနှင့် ပတ်သက်၍ စွပ်စွဲကာ ပေါက်ကွဲ (၃)၊ ပေါက်ကွဲ (၄) ပုဒ်မများဖြင့် တရားစွဲဆိုခြင်း ခံထားရသူ မြစ်ကြီးနား ရွေစက်ရပ်ကွက် စစ်ရှောင်စခန်းမှ စစ်ရှောင်ဒုက္ခသည် သုံးဦးကို ခရိုင်တရားရုံးက ၂၀၁၄ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ထောင်ဒဏ် နှစ်ရှည် ချမှတ်လိုက်ကြောင်း တရားခံများ၏ အကျိုးဆောင်ရှေ့နေ ဦးဂျီမာခါးက The Voice သို့ ပြောသည်။



မြစ်ကြီးနား ရွေစက်ရပ်ကွက် စစ်ရှောင်စခန်းတွင် နေထိုင်သည့် ဦးလဖိုင်ဂမ်၊ ဦးဘရန်ရုန်းနှင့် ဦးလရရိန်တို့ သုံးဦးမှာ ၂၀၁၂ ခုနှစ်အတွင်းက အခကြေးငွေဖြင့် ကျွဲ နွား အငှားမောင်း လိုက်သွားရာမှ တာလောကြီး ကျေးရွာအနီး အောင်ချမ်းသာ လယ်ကွင်းအရောက် ခ.လ.ရ (၃၇) တပ်ရင်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့သို့ လွဲပြောင်းပေးခဲ့ရာမှ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ပေါက်ကွဲ (၃)၊ ပေါက်ကွဲ (၄) စသည့် ပုဒ်မများဖြင့် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) က အမှုပေါင်း ခြောက်မှုဖြင့် တရားစွဲဆိုခဲ့ပြီး ၂ နှစ်ခန့်နီးပါး ကြာမြင့်ချိန်တွင် ခရိုင်တရားရုံးက ပြစ်မှုထင်ရှားသည်ဟု ဆိုကာ ဦးဘရန်ရုံးကို ထောင်ဒဏ် ၁၄ နှစ်၊ ဦးလဖိုင်ဂမ်ကို ထောင်ဒဏ် ၁၃ နှစ်နှင့် ဦးလဖိုင်ဂမ်ကို ထောင်ဒဏ်သုံးနှစ် အသီးသီး ကျခံစေရန် စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေ ဦးဂျီမားခါးက ရှင်းပြသည်။



ခရိုင်တရားရုံး အနေနှင့် တရားခံများကို စီရင်ချက် ချမှတ်ရာတွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့က စစ်ကြောရေး ပြုလုပ်ထားသည့် ထွက်ဆိုချက်များကိုသာ သုံးသပ်ပြီး စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သောကြောင့် ယခုစီရင်ချက်ကို လက်မခံနိုင်ကြောင်း ဦးဂျီမာခါးက ထပ်မံ ပြောကြားသည်။



“ကျွန်တော့် အမှုသည်တွေက ဘာကေအိုင်အေကလည်း မဟုတ်သလို ပေါက်ကွဲမှုတွေကို လုပ်ခဲ့တဲ့ သူတွေလည်း မဟုတ်ဘူး။ နောက်ကြောင်း ရာဇဝင်အရ ဒီလူတွေက ပြစ်မှုကျူးလွန်သူတွေ မဟုတ်ဘူး ဆိုတာလည်း ထင်ရှားနေတယ်။ ဥပဒေအရ စ.ရ.ဖ ရဲ့ ထွက်ဆိုချက် တစ်ခုတည်းကို သုံးသပ်ပြီး ထောင်ချလို့ မရဘူး။ အဲဒီထွက်ဆိုချက်က သက်သေခံ အဖြစ်တောင် တင်ပြလို့ မရဘူး။ ရှေ့နေတစ်ယောက် အနေနဲ့ တရားရုံးက ဒီလို စီရင်ချက် ချခြင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်” ဟု ၎င်းကဆိုသည်။



ဦးဘရန်ရုံး၊ ဦးလဖိုင်ဂမ်နှင့် ဦးလရရိန်တို့ သုံးဦးမှာ ၂၀၁၃ ခုနှစ် ကုန်ပိုင်းတွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့က သီးခြားစွဲဆိုထားသော ပြစ်မှုများဖြင့် မြို့နယ်တရားရုံးက ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခြင်းကိုလည်း ခံထားရပြီး ဖြစ်သောကြောင့် ယခု ခရိုင်တရားရုံးက ထပ်မံချမှတ်သော ပြစ်ဒဏ်များနှင့် ဆိုပါက တစ်ဦးလျှင် ထောင်ဒဏ်နှစ် ၂၀ ကျော်စီ ကျခံရမည် ဖြစ်ကြောင်း၊ ခရိုင်တရားရုံး၏ စီရင်ချက်ကို အထက်တရားရုံးတွင် ဆက်လက် အယူခံ ဝင်သွားမည် ဖြစ်ကြောင်း တရားခံများ၏ အကျိုးဆောင်ရှေ့နေက ဆက်လက်ပြောကြားသည်။



အဆိုပါ ထောင်ဒဏ်နှစ်ရှည် စီရင်ချက် ချမှတ်ခံရသူများမှာ ကချင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ အင်ပေါန်ကျေးရွာမှ ရွှေစက်ရပ်ကွက် နှစ်ခြင်းခရစ်ယာန် ဒုက္ခသည်စခန်းသို့ ၂၀၁၂ ခုနှစ်ဆန်းပိုင်းတွင် စစ်ရှောင်လာသူများ ဖြစ်ပြီး လက်ရှိတွင်လည်း ၎င်းတို့၏ မိသားစုဝင်များမှာ အဆိုပါ စစ်ရှောင်စခန်းတွင် နေထိုင်နေဆဲ ဖြစ်ကြောင်း ဆက်လက်သိရှိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1oz7wwl

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...