ယခင်အစိုးရ လက်ထက်က အနောက်တောင်တိုင်း ဒေသကြီး စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ များမှ သိမ်းယူထားသော လယ်ယာမြေ နှင့် အခြားမြေများ နှင့် ပတ်သက်၍ မူလ ပိုင်ဆိုင်ခဲ့သော သူများမှာ ပုသိမ်မြို့နယ် တရားရုံးတွင် ပုဒ်မ (၄၄၇)ဖြင့် တရားစွဲဆိုခံနေရကြောင်း သိရသည်။
အနောက်တောင်တိုင်း ဒေသကြီး စစ်ဌာနချုပ် မှ ဒုတိယ ဗိုလ်မှူးကြီး သက်ထွန်း၊ စစ်ဦးစီး (ပထမတန်း) ထောက်ဌာနက တပ်မတော်ပိုင် အုန်းခြံ (၃၃ ဒဿမ ၉၆) ဧကပေါ်တွင် မူလပိုင်ရှင် ဒေါ်သန်းအုန်း အပါအ၀င် (၁၄) ဦးတို့က ကျူးကျော်၍ ခြံစည်းရိုးများ ၀င်ရောက် ကာရံခဲ့ သဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ပေးရန် မြေပိုင်ဆိုင်ကြောင်း အထောက်အထားများ ပြ၍ တိုင်ကြားလာသဖြင့် (ပ) ၅၉/၂၀၁၂ ပြစ်မှု ပုဒ်မ ၄၄၇ ဖြင့်ချောင်းသာ ရဲစခန်းမှ အမှုဖွင့်စစ်ဆေးကာ ၂၀၁၄ ဧပြီလ ပထမပတ် အတွင်းက စတင်၍ ပုသိမ်မြို့နယ် တရားရုံးတွင် တရားစွဲဆိုစွဲနေခြင်း ဖြစ်ကြောင်း၊ ပုသိမ်ခရိုင် တရားရုံးမှ ၀န်ထမ်းတစ်ဦးက ပြောသည်။
ချောင်းသာကမ်းခြေရှိ တပ်သိမ်း အုန်းခြံမြေ မူလပိုင်ရှင်များ တရားစွဲဆိုခံနေရ - သစ်ထူးလွ�
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1vQ6pNj
Comments
Post a Comment