Skip to main content

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အသစ်က လျှပ်စစ်မီတာခ ဆယ်ယူနစ်ထပ်မံလျော့ချပေးမည်ဟုဆို ကေ...



ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အသစ်က လျှပ်စစ်မီတာခ ဆယ်ယူနစ်ထပ်မံလျော့ချပေးမည်ဟုဆို



ကေဇူး



ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် စတင် တာဝန်ထမ်းဆောင်သည့် အနေဖြင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီတာခများ ယခင်က ဆယ်ယူနစ်သာ သုံးပါက

တစ်ယူနစ် ၃၅ ကျပ်ဈေးဖြင့် ကောက်ခံရာမှ ယခု ယူနစ်၂၀ အထိ ၃၅ကျပ် နှုန်းဖြင့်သာ ကောက်မည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ် ဗိုလ်ချုပ်မောင်မောင်အုန်းက မဇ္ဈိမကို

ဇွန်လ ၃၀ရက်က ပြောကြားလိုက်သည်။



ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဇွန် ၃၀ ရက်က ရခိုင်ပြည်နယ် လွှတ်တော်တွင် အတည်ပြုလိုက်သည်။



“ယနေ့ ကျွန်တော် ၀န်ကြီးချုပ်စတင်ဖြစ်တဲ့အချိန်မှာပဲ ပြည်နယ် အစိုးရနဲ့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ ပေါင်းစပ်ပြီးတော့မှ ယူနစ် ၂၀ လုံးလုံး တစ်ယူနစ်ကို ၃၅ ကျပ်နဲ့ ပေးမယ်ဆိုရင် တစ်လကို

ယူနစ် ၂၀ သုံးမယ်ဆိုရင် ငွေ ၇၀၀ ပဲကုန်မှာပေါ့။ ဒါဖြစ်အောင်လို့ ကျွန်တော် ညှိနှိုင်းဆောင်ရွက်ထားပါတယ်”ဟု မဇ္ဈိမကိုပြောသည်။



ရခိုင်ပြည်နယ်တွင် လျှပ်စစ်သုံးစွဲမှု ဆယ်ယူနစ်အထိသာ ၃၅ ကျပ်ဖြစ်ရရှိပြီး ၁၀ ယူနစ်ကျော်ပါက တစ်ယူနစ်လျင် ၄၅ကျပ်နှုန်း ပေးဆောင်ရသည်။ လက်ရှိတွင် ၁၀ ယူနစ်ထပ်မံတိုးမြှင့်

လိုက်ခြင်းကြောင့် ယူနစ် နှစ်ဆယ် အထိ တစ်ယူနစ်လျင် ၃၅ ကျပ်သာ ကျခံရမည်ဖြစ်သည်။



ယူနစ်၂၀ ထက်ပို၍ သုံးစွဲပါက ပိုသောယူနစ် တစ်ယူနစ်စီအတွက် ၄၅ကျပ်ဖြင့် ပေးသွင်းရမည်ဖြစ်သည်။



“တကယ်စေတနာရှိရင် ဘယ်လောက်သုံးသုံးလျော့ပေးပေါ့ဗျာ။ ဆယ်ယူနစ်ဆိုတာ ဘာမှတော့မထိရောက်ပါဘူး”ဟု ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ အင်တာနက်ဆိုင်ပိုင်ရှင် ကိုမျိုးကျော်က

မဇ္ဈိမကိုပြောသည်။



ရခိုင်ပြည်နယ် မြို့နယ် အချို့တွင် ရေအားလျှပ်စစ်စီမံကိန်းများကို စစ်အစိုးရလက်ထက်ကတည်းက အကောင်အထည်ဖော်ခဲ့သော်လည်း ယနေ့အချိန်ထိ လျှပ်စစ်ဓာတ်အား ရရှိခြင်း မရှိသေးပေ။

မြို့နယ် လျှပ်စစ်ဖြန့်ဖြူးရေးအဖွဲ့ ထံမှ တင်ဒါယူ၍ စီးပွားရေးလုပ်ငန်းရှင်များက ဒေသတွင်းပြန်လည်ဖြန့်ဝေခြင်းဖြစ်သည်။



မြန်မာ-တရုတ် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအကောင်အထည်ဖော်လျှက်ရှိသော ကျောက်ဖြူမြို့တစ်မြို့တည်းသာ လျှပ်စစ်မီတာဈေးနှုန်းများ သက်သာလျှက်ရှိပြီး အခြားမြို့များတွင် ဈေးနှုန်းမှာ

တစ်ယူနစ်လျှင်၄၀၀ကျော်အထိမြင့်တက်လျှက်ရှိသည်။



ဖေဖော်ဝါရီ လအတွင်းက ရခိုင်ပြည်နယ်သို့ရောက်ရှိခဲ့သော သမ္မတ ဦးသိန်းစိန်က ရခိုင်တစ်ပြည်နယ် လုံး ဈေးနှုန်းသက်သာစွာဖြင့် လျှပ်စစ်မီးရရှိ စေရမည်ဟု ဂတိပေးခဲ့သေးသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1qqysTv

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3