Skip to main content

ဥပဒေထက် ရင်သားများကပိုအရေးကြီးဟု ပြစ်ဒဏ်ချမှတ်ခံရသူ မော်ဒယ်တစ်ဦးဆို သည် ဟာဖင်တ...



ဥပဒေထက် ရင်သားများကပိုအရေးကြီးဟု ပြစ်ဒဏ်ချမှတ်ခံရသူ မော်ဒယ်တစ်ဦးဆို



သည် ဟာဖင်တန်ပို့စ်



မန်ချက်စတာ၊ ဇွန် ၁၉



ရင်သားကြီးထွားစေရန် ခွဲစိတ်ကုသမှုအတွက် ပြုပြင်ဆဲကာလတွင် တာဝန်ကျအရာရှိနှင့် တွေ့ဆုံရမည့် ရက်ချိန်းကို ပယ်ဖျက်ခဲ့မှုအတွက် ဗြိတိသျှမော်ဒယ်တစ်ဦးသည် ရုံးတော်တွင် ရှင်းလင်းချက်ထုတ်ရမည်ဖြစ်သည်။



“ကျွန်မရဲ့ ရင်သားတွေနဲ့ ရုပ်ရည်သွင်ပြင်က ဥပဒေထက် ပိုအရေးကြီးပါတယ်။ ကျွန်မရဲ့ အသက်မွေးအလုပ်က ဒီအပေါ်မှာ မူတည်နေတာပါ”ဟု ဆိုဖီဒဲဇယ်က The Sun သတင်းစာကို ပြောကြားခဲ့သည်။



ဖြစ်စဉ်မှာ သူမသည် ရုံးတော်က ချမှတ်ခဲ့သော အလုပ်တာဝန်များကိုလည်း ကောင်းမွန်စွာ လိုက်နာသူ မဟုတ်ဘဲ ရဲအရာရှိတစ်ဦးအား တိုက်ခိုက်မှုဖြင့် ရရှိသောပြစ်ဒဏ်ဖြစ်သည့် လူမှုရေးအလုပ်ဖြစ်သော အမှိုက်ကောက်သည့်အလုပ်ကိုလည်း ပြီးဆုံးအောင်မလုပ်ခဲ့ပေ။



“ကျွန်မလုပ်နေကျ အလုပ်တွေ ထက်စာရင် ဒီအမှိုက်ကောက်တဲ့ အလုပ်က အချိန်လည်း အရမ်းကြာတယ်။ အရမ်းလည်းပင်ပန်းတယ်လေ”ဟု သူမက ဆိုသည်။



အသက်(၂၀)အရွယ်ရှိသောသူမသည် ၂၀၁၃ ခုနှစ်တွင် စီရင်ချက်ချမှတ်ခံခဲ့ရပြီး လူမှုရေးအလုပ် နာရီ (၄၀၀)လုပ်ရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။



သူမသည် ထိုတာဝန်ကိုလည်း ဆက်မလုပ်ခဲ့သည်မှာ ခုနစ်လကြာမြင့်ပြီဖြစ်ပြီး နာရီ ၁၄၀ သာ ပြီးဆုံးအောင်လုပ်ဆောင်နိုင်ခဲ့သည်။



စာနယ်ဇင်းများက အသက်(၁၈)နှစ်အောက် မကြည့်ရသော ရုပ်ရှင်များကို ရိုက်ကူးသူ အပျော့စား ညစ်ညမ်းရုပ်ရှင်မင်းသမီး ဟုခေါ်ဆိုကြသော ဒဲဇယ်သည် ဇန်န၀ါရီလက ရင်သားခွဲစိတ်မှု ပြုလုပ်နေသောကြောင့် ရက်ချိန်းတစ်ခုကို ပျက်ကွက်မှုအတွက် ရုံးတော်သို့ သွားရောက်ရှင်းလင်းရမည် ဖြစ်သည်။



သူမကထိုအချိန်တွင် သူမသည် ဘရပ်ဆဲမြို့သို့ သွားရောက်ကာ ရင်သားကြီးထွားစေရန် ခွဲစိတ်ခံနေသည်ဟု လျှောက်လဲသော အခါတွင် ရုံးတော်က ခွင့်လွှတ်ခဲ့သည်။



New York Daily News သတင်းစာကမူ သူမအား ရင်သားအကြောင်းပြပြီး ပြစ်ဒဏ်မှ ကင်းလွတ်အောင် လုပ်သူဟု ပြောဆိုခဲ့သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1lONgU2

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...