၂၇.၆.၂၀၁၄ ရက်နေ့ ၀၈၁၅ အချိန်တွင် သာကေတမြို့နယ်၊ (၇)ဈေးလမ်းအတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ၅ခ/---- (၃၄)ယာဉ်လိုင်း၊ မီနီဘတ် ခရီးသည်တင်ယာဉ်သည် (၇)ဈေးရှေ့ အရောက်တွင် လမ်းယာဘက်အစပ်၌ ရပ်ထားသော 2F ---ဘွန်ဂိုလိုက်ထရပ် ကိုယ်ပိုင်ယာဉ်၊1H ---ပရိုဘောက်ခဲရောင်ကိုယ်ပိုင်ယာဉ်၊ ၃၇ယ/--- ဇောင်ရှန်း အမျိုးအစားဆိုင်ကယ်နှင့် တယ်လီဖုန်းတိုင်တို့ကိုတိုက်မိခဲ့ကာ လမ်းစပ်ရှိ သာကေတမြို့နယ်နေ ဦးဖေသိန်း၊(၇၅)နှစ်နှင့်မနော်ပဲပဲဖော၊ (၃၃)နှစ်တို့ကို ဆက်လက်တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင်ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်(၃)စီးနှင့်ဆိုင်ကယ်(၁)စီးတို့ပျက်စီးပြီး ဦးဖေသိန်းမှာ ပွန်ပဲ့ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး မနော်ပဲပဲဖောတွင်လည်း ပွန်းပဲ့နာကျင်ဒဏ်ရာများ ရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး၌ ပြင်ပလူနာအဖြစ်ကုသ ခဲ့ရပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်းအား သာကေတနယ်မြေရဲစခန်း ယာဉ်(ပ) ၂၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၂၇၉/ ၂၀၂ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1jvlHzw
Comments
Post a Comment