နေပြည်တော်-ရန်ကုန်ပွဲစဉ်မှ ထိုင်ခုံများရိုက်ချိုးခဲ့သော ပရိသတ်ရှစ်ဦးကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်စီ ချမှတ်
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သြဂုတ် ၄ ရက်က ၀ဏ္ဏသိဒ္ဓိကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် နေပြည်တော်-ရန်ကုန်အသင်းတို့ပွဲစဉ်တွင် ကွင်းအတွင်းသို့ ၀င်ရောက်ခဲ့သလို ထိုင်ခုံများအား ရိုက်ချိုးခဲ့သော ပရိသတ်ရှစ်ဦးကို အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။ ယင်းပွဲမှာ ပရိသတ်များ၏ အလွန်အကြူး အားပေးမှုများကြောင့် ပွဲမပြီးခင် ရပ်နားခဲ့ရသည်။
from Eleven Media Group's Facebook Wall http://ift.tt/1hsRYeQ
Comments
Post a Comment