ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra နဲ့ အစိုးရအဖွဲ့ဝင် တော်တော် များများကို ရာထူးက ဆင်းပေးဖို့ အခြေခံ ဥပဒေ တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး Niwatthamrong Boonsongphaisan ကို ယာယီ ၀န်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
ဘန်ကောက်မြို့မှာရှိတဲ့ တရားရုံးကတော့ ၂၀၁၁ ခုနှစ်မှာတုန်းက အမျိုးသား လုံခြုံရေးဌာန အကြီးအကဲကို ရာထူးပြောင်းရွှေ့ရာမှာ ၀န်ကြီးချုပ်ဟာ နည်းမှန်လမ်းမှန် မလုပ်ခဲ့တဲ့အတွက် ရာထူးက ဆင်းပေးဖို့ ဒီကနေ့ပဲ တခဲနက် ဆုံးဖြတ်လိုက်တာပါ။
ထိုင်းဝန်ကြီးချုပ် ရာထူးက ဖယ်ရှားခံရ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1fUsUgt
Comments
Post a Comment