Skip to main content

ထိုးစစ်များ ရပ်တန့်ရန် သမ္မတဦးသိန်းစိန်ထံ UNFC ဥက္ကဋ္ဌ စာပို့ ရန်ကုန်၊ မေ ၁ တစ်န...



ထိုးစစ်များ ရပ်တန့်ရန် သမ္မတဦးသိန်းစိန်ထံ UNFC ဥက္ကဋ္ဌ စာပို့



ရန်ကုန်၊ မေ ၁



တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ ညှိနှိုင်းနေစဉ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတို့၌ တပ်မတော်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေမှုများ ချက်ချင်း ရပ်တန့်ပေးရန် UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ) က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ စာပို့ တောင်းဆိုလိုက်သည်။



ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC) ဥက္ကဋ္ဌထံသို့ တွေ့ဆုံ ဆွေးနွေးပွဲများနှင့် ပတ်သက်သည့် သဘောထားကို UNFC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လ လက်မှတ်ရေးထိုး၍ ဧပြီလ ၃၀ ရက် နေ့စွဲဖြင့် ပေးပို့ခြင်းဖြစ်သည်။



အချက် ခြောက်ချက် ပါရှိသည့် အဆိုပါ သဘောထား ပေးပို့ချက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေး ပါတီနှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ဒေသတို့တွင် တပ်မတော်က စစ်အင်အား အလွန်အကျွံ အသုံးပြု၍ ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကို ရပ်စဲရန် တောင်းဆိုကြောင်း၊ စစ်ဆင်ရေးများ မလျှော့ချပါက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများကို ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။



သို့သော် ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူ တစ်ဦးကမူ ဌာနချုပ် နယ်မြေအတွင်း စစ်အင်အား တိုးချဲ့မှု လုံးဝမရှိဘဲ ဧပြီလဆန်းက ဖြစ်ပွားသည့် ပဋိပက္ခများမှာလည်း ဧပြီလ ၁၇ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ပြီး ဖြစ်ကြောင်း The Voice သို့ ပြောကြားသည်။



ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် တပ်မတော်တို့ တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေကြောင်း TNLA နှင့် ကချင်လူမှုအဖွဲ့အစည်း အချို့က ထုတ်ပြန် ပြောဆိုနေသော်လည်း အစိုးရနှင့် တပ်မတော်ကမူ တိုက်ပွဲများ ဖြစ်ပွားမှု မရှိကြောင်း အခိုင်အမာ ဖြေကြားထားသည်။



UNFC က ပေးပို့သော စာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ရေးဆွဲရာ၌ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အစိုးရဘက်က လက်မခံသေးကြောင်း၊ ယင်းအပြင် ၂၀၀၈ အခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများအောက်သို့ တိုင်းရင်းသား လက်နက်ကိုင်များကို ဆွဲသွင်းနေခြင်းကို လက်မခံကြောင်း ရေးသားထားသည်။



ဧပြီလဆန်း တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအပေါ် စိုးရိမ်မှုများ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိ အနေအထားကို မပျက်ယွင်းစေလိုကြောင်း တိုင်းရင်းသားများ ကိုယ်စားပြု အပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောဆိုထားပြီး မေလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ အစိုးရနှင့် ထပ်မံတွေ့ဆုံရန် သဘောတူထားသည်။



တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ ပါဝင် ဖွဲ့စည်းထားသော UNFC ၏ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးနိုင်သေးသော ကေအိုင်အေ အဖွဲ့၏ စစ်ဦးစီးချုပ် ဖြစ်သည်။

from The Voice Weekly's Facebook Wall http://ift.tt/1hiZfbs

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...