NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၏ဈာပန ရေဝေးသုဿန်တွင် ကျင်းပ
ရန်ကုန်-မေ၂၄
မေ၂၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားခဲ့သော
NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၏ဈာပနကို မေရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် ရေဝေးသုဿန်တွင် ကျင်းပခဲ့သည်။
NDFပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၏ဈာပနသို့ ဒေါက်တာသန်းငြိမ်း၏ မိသားစုဝင်များ၊ ညီအကို မောင်နှမများ၊ ဆွေမျိုးသားချင်းများနှင့် NDFပါတီခေါင်းဆောင်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုအလုပ်ကော်မတီဝင်များ၊ NDFပါတီဝင်လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းနှင့်ပြည်နယ်များမှ တိုင်း စည်းရုံးရေး ကော်မတီဝင်များ၊ မြို့နယ် စည်းရုံးရေးကော်မတီဝင်များ၊ NDFပါတီဝင်များ၊ ဖက်ဒရယ်ဒီမိုကရေစီမဟာ မိတ် FDA အဖွဲ့ဝင်ပါတီများ၊ ညီနောင်သားချင်းပါတီများအဖွဲ့ NBF အဖွဲ့ဝင်ပါတီများ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဦးတင်ဦးနှင့် ပါတီဝင်များ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များမှအဖွဲ့ဝင်များ မှ တက်ရောက်ပြီးပန်းခွေ၊ပန်းခြင်း ပေးပို့ကြခြင်း၊ သံရုံးများမှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာပေးပို့ခဲ့ကြသည်။
ဈာပနအခမ်းအနားကို အခမ်းအနားမှူးအဖြစ် NDFပါတီ အလုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်မှ ဆောင်ရွက်ခဲ့ပြီး မိသားစုဝင်များမှ ဂါရ၀ပြုကန်တော့ခြင်း၊ NDF ပါတီဝင်များမှ ဂါရ၀ပြုခြင်း၊ NDFပါတီဝင်လူငယ်များမှ နောက်ဆုံးဂါရ၀ပြုကန့်တောခြင်း၊ ဒေါက်တာသန်းငြိမ်းအား လေးစားသောအားဖြင့် တမိနစ်ငြိမ်သက်အလေးပြုခြင်း၊ ဒေါက်တာသန်းငြိမ်း၏ကိုယ်ရေးအထုပ္ပတ္တိအကျဉ်းကို NDFပါတီ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်မှ ဖတ်ကြားခြင်း၊ NDFပါတီ၏ အမိန့် စာကို ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်မှ ဖတ်ကြားခြင်းတို့ကို ပြုလုပ်ခဲ့သည်။
ဓါတ်ပုံ-NDF
from Popular Myanmar News Journal's Facebook Wall http://ift.tt/1oqAHCM
Comments
Post a Comment