၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ကို တည်ထောင်ခဲ့သူ ဒေါက်တာသန်းငြိမ်း၏ ဈာပန အခမ်းအနားကို နိုင်ငံရေးလောကမှ ထင်ရှားသော လွှတ်တော် ကိုယ်စားလှယ်များ၊ ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သော ဒေါက်တာသန်းငြိမ်း၏ ဈာပန အခမ်းအနားကို မေလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက မြောက်ဥက္ကလာပ မြို့နယ် ရေဝေးသုသာန်တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တပ်မတော် ထောက်လှမ်းရေး အကြီးအကဲ (ဗိုလ်ချုပ်ကြီးဟောင်း) ဦးခင်ညွန့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက တစ်ဦးဖြစ်သူ ဦးတင်ဦး၊ အမျိုးသားဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၊ နိုင်ငံရေးစာပေများ ရေးသားသူ စာရေးဆရာ ကျော်ဝင်းနှင့် အခြားနိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
NDF ပါတီ တည်ထောင်သူ ဒေါက်တာသန်းငြိမ်း ဈာပန နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူများ တက်ရောက် -...
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1m4LYpW
Comments
Post a Comment