Skip to main content

MH370 ခရီးသည်များ၏ မိသားစုဝင်များ နေအိမ်သို့ပြန်ကြရန် လေကြောင်းလိုင်း ပန်ကြား





ပျောက်ဆုံးနေသည့် MH370 လေယာဉ်ပေါ် လိုက်ပါသွားသူများ၏ ဆွေမျိုးသားချင်းများအား နေအိမ်သို့ ပြန်ကြပါရန် မလေးရှား လေကြောင်းလိုင်းက ပန်ကြားလိုက်ပြီ ဖြစ်သည်။ တရုတ်နိုင်ငံသား အများစု လိုက်ပါသွားသည့် MH370 လေယာဉ်သည် လူပေါင်း(၂၃၉)ဦးနှင့်အတူ မတ်လ(၈)ရက်နေ့ ကတည်းက ထူးခြားဆန်းကျယ်စွာ ပျောက်ဆုံးနေခြင်း ဖြစ်သည်။ လေယာဉ်နှင့် ပတ်သက်ပြီး အိန္ဒိယ သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာများအတွင်း ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း တိကျသည့် အဖြေတစ်ခု ရှာမတွေ့ခဲ့ချေ။ ယခုအခါ မလေးရှား လေကြောင်းလိုင်းက လေယာဉ်ပျောက်ဆုံးခဲ့စဉ် ကတည်းက ခေါ်ယူထားခဲ့သည့် ဆွေမျိုးသားချင်းများအား ဟိုတယ်များမှ ထွက်ခွာကာ နေရပ်သို့ ပြန်ကြရန် အကြံပြု တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

လေကြောင်းလိုင်း တာဝန်ရှိသူများက လေယာဉ်ရှာဖွေရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး တိုးတက်သိရှိလာသမျှ အခြေအနေတိုင်းကို သက်ဆိုင်ရာ မိသားစုများထံ အကြောင်းကြားသွားမည်ဟုလည်း ကတိပြုခဲ့သည်။ ထိုအတောအတွင်း မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန အနေဖြင့် လေယာဉ်ပျောက်ဆုံးပြီးနောက် ရှာဖွေရေး လုပ်ငန်းများ စတင်ရန် (၄)နာရီထိ နှောင့်နှေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် အဆိုပါ သတင်းဖော်ပြချက်၌ လေကြောင်းထိန်းသိမ်းရေး မျှော်စင်မှ ဝန်ထမ်းများသည် လေယာဉ် ပျောက်ကွယ်သွားသည်ကို (၁၇)မိနစ် ကြာမြင့်သည်အထိ မသိရှိခဲ့ဟုလည်း စွပ်စွဲရေးသားထားခဲ့သည်။


မလေးရှား လေကြောင်းလိုင်းက ပူဆွေးနေသူများအတွက် စာနာကြောင်းနှင့် မိမိတို့သည် ရှာဖွေရေး ကဏ္ဍကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆိုသည်။ သို့သော်လည်း လေယာဉ်ပျက်ကို ရှာတွေ့နိုင်ရေး ဆိုသည်မှာ အလွန်အချိန်ကြာမြင့်နိုင်ကြောင်းလည်း သတိပေးထားသည်။ မလေးရှား လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက “ဟိုတယ်တွေမှာ နေမယ့်အစား ကိုယ့်အိမ်မှာကိုယ် သက်တောင့်သက်သာ နေထိုင်ရင်း သတင်းအချက်အလက် အသစ်တွေကို စောင့်မျှော်နေဖို့ တိုက်တွန်းပါတယ်”ဟု ပြောကြားခဲ့သည်။ မလေးရှား လေကြောင်းလိုင်းက ဖွင့်လှစ်ထားသည့် မိသားစု ထောက်ပံ့ရေး စင်တာအားလုံးကို မေလ(၇)ရက်နေ့တွင် ပိတ်သိမ်းသွားမည်ဟုလည်း သိရှိရသည်။


Planet Myanmar Network.











MH370 ခရီးသည်များ၏ မိသားစုဝင်များ နေအိမ်သို့ပြန်ကြရန် လေကြောင်းလိုင်း ပန်ကြား တရုတ်နိုင်ငံ သား အများစု လိုက်ပါသွားသည့် MH370 လေယာဉ်သည် လူပေါင်း(၂၃၉)ဦးနှင့်အတူ မတ်လ(၈)ရက်နေ့ ကတည်းက ထူးခြားဆန်းကျယ်စွာ ပျောက်ဆုံးနေခြင်း ဖြစ်သည်။




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1nRtCgC

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...