Skip to main content

#emg_editorials ၂၀၁၄ မေလ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်...



#emg_editorials



၂၀၁၄ မေလ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်



အလှည့်ကျ ဥက္ကဋ္ဌတာဝန်နှင့် အာဆီယံထိပ်သီး အစည်းအဝေး



အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီးနောက် ၁၇ နှစ်တာ ကာလအတွင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရရှိခဲ့သည့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံထိပ်သီး အစည်းအဝေးကို နေပြည်တော်၌ ယနေ့စတင် ကျင်းပမည်ဖြစ်သည်။



ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူရန် အခွင့်အရေး ပေါ်ပေါက်ခဲ့သော်လည်း ထိုအချိန်က မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအ၀င် အမေရိကန်နှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ကန့်ကွက်ခဲ့ကြသဖြင့် အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ တာဝန်ယူခဲ့ပြီးချိန်တွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ရယူရန် ကြိုးပမ်းခဲ့ပြီးနောက် ယခုကဲ့သို့ အခွင့်အရေး ရရှိခဲ့ခြင်းဖြစ်သည်။



အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ချိန်၌ မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက်ရမည့် ကိစ္စရပ်များမှာ ၁။ အာဆီယံအသိုက်အမြုံ တည်ဆောက်ရေးကို သတ်မှတ်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရေး ၂။ အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား တစ်ကြိမ်မျှ ပြန်လည်သုံးသပ်ရခြင်း မရှိသေးသော ASPC (ASEAN Political-Security Community) ကို သုံးသပ်ခြင်း ၃။ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်သော အာဆီယံစီးပွားရေး အသိုက်အမြုံ မျှော်မှန်းချက်မှ ကျန်ရှိနေသည်များကို ဆက်လက် အကောင်အထည်ဖော်ရေး၊ ASCC (ASEAN Socio-Cultural Community) သုံးသပ်ချက်များကို ဆွေးနွေးခြင်း ၄။ ပုဂ္ဂလိကပိုင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ရေးဆွဲထားသော မူဘောင်များမှ အာဆီယံနိုင်ငံများအကြား ချိတ်ဆက်စေမှုကို မည်သို့အကူအညီ ပေးနိုင်မည် ဆိုသည်ကို ဆွေးနွေးခြင်း ၅။ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် အရှေ့တီမောနိုင်ငံ၏ လျှောက်ထားမှုကို သုံးသပ်ဆောင်ရွက်ရေး ၆။ အာဆီယံနိုင်ငံများအကြား နိုးကြားမှုရှိစေရန် ဆက်သွယ်မှု အစီအစဉ်များ ဆောင်ရွက်ရေး ၇။ အမေရိကန်၊ တရုတ်အပါအ၀င် အာဆီယံမိတ်ဖက် နိုင်ငံများအကြား မျှခြေကို ထိန်းညှိဆောင်ရွက်ပေးခြင်း ၈။ တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ်အရေး၊ အရှေ့အလယ်ပိုင်း ကိစ္စရပ်များ ၉။ နိုင်ငံတွင်း ကိစ္စရပ်ဖြစ်သော ရခိုင်အရေး ကိစ္စရပ်များကို ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။



အာဆီယံ အသိုက်အ၀န်း ထူထောင်ရေးကို အထောက်အပံ့ ဖြစ်စေရန်အတွက် ရည်ရွယ်ပြီး ၁။ ရာသီဥတု ပြောင်းလဲခြင်း ၂။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲခြင်း ၃။ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ၄။ နိုင်ငံဖြတ်ကျော် ကိစ္စရပ်များ၊ ၅။ စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါင်းစပ်ဆက်သွယ်ရေး ၆။ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ချိန်၌ မြန်မာနိုင်ငံက လုပ်ဆောင်သွားမည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားထားသည်။



ယခုတစ်ကြိမ် အစည်းအဝေးသည် ဗီယက်နမ်နှင့် တရုတ်အကြား တင်းမာမှုများ ဖြစ်ပေါ်နေသည့် တောင်တရုတ် ပင်လယ်အရေး အဓိကထား ဆွေးနွေးရန်ရှိနေကြောင်း သိရသည်။ ဗီယက်နမ်၊ ဖိလစ်ပိုင် အပါအ၀င် အာဆီယံ ဒေသတွင်းရှိ လေးနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နယ်မြေအငြင်းပွားမှု ဖြစ်ပေါ်နေခြင်းအား မည်သို့ကိုင်တွယ် ဖြေရှင်းမည်မှာ စိတ်ဝင်စားစရာ ဖြစ်နေသည်။ ထို့ပြင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်တွင် ဒေသတွင်း နိုင်ငံများထက် အဘက်ဘက်က နိမ့်ကျနေသည့် အခြေအနေမှ ကမ္ဘာ့အလယ်တွင် သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။

from Eleven Media Group's Facebook Wall http://ift.tt/RxF9UM

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3