Skip to main content

#emg_editorials ၂၀၁၄ မေလ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်...



#emg_editorials



၂၀၁၄ မေလ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်



ဒီမိုကရေစီကျင့်စဉ်နှင့် တာဝန်ယူမှု



မကြာသေးကာလများအတွင်း မြန်မာနိုင်ငံပါဝင်သည့် အာရှ-ပစိဖိတ်ဒေသတွင် အလွန်ကြေကွဲဖွယ် ကောင်းသော ဖြစ်ရပ်နှစ်ခု ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့သည်။ တစ်ခုမှာ ကွာလာလမ်ပူမှ ပေကျင်းသို့ ထွက်ခွာလာသည့် လူပေါင်း ၂၃၉ ဦးလိုက်ပါသွားသော မလေးရှားလေကြောင်းလိုင်း ခရီးစဉ်အမှတ် MH 370 လေယာဉ် အစအန ရှာမတွေ့အောင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ အခြားဖြစ်ရပ်တစ်ခုမှာ အထက်တန်း ကျောင်းသူကျောင်းသား အများစုပါဝင်သော လူပေါင်း ၄၇၆ ဦး လိုက်ပါလာသည့် ဂျေဂျူးကျွန်းသို့ ထွက်ခွာလာသော တောင်ကိုရီးယား ကူးတို့သင်္ဘော နစ်မြုပ်မှုဖြစ်သည်။ ယင်းသင်္ဘော နစ်မြုပ်မှုတွင်လည်း လူပေါင်း ၁၀၀ ခန့်ကိုသာ ကယ်ဆယ်ရရှိခဲ့ပြီး ၃၀၀ ကျော် ပျောက်ဆုံး သို့မဟုတ် သေဆုံးခဲ့သည်။



တောင်ကိုရီးယား ကူးတို့သင်္ဘောနစ်မြုပ်မှု၏ နောက်ဆက်တွဲ ဂယက်အဖြစ် တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟောင်ဝမ်သည် ဧပြီ ၂၇ ရက်တွင် နုတ်ထွက်သွားခဲ့သည်။ တောင်ကိုရီးယား သင်္ဘောသည် တစ်ဖက်စောင်းလျက် ဖြည်းဖြည်းချင်း နစ်မြုပ်ခြင်း ဖြစ်သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့သောကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရသည်ဟု လူထုက ဒေါသထွက်ခဲ့သည်။ အဆိုးရွားဆုံးမှာ သင်္ဘောကပ္ပတိန်နှင့် သင်္ဘောအမှုထမ်း အများစုသည် တာဝန်ယူမှုမရှိဘဲ ခရီးသည်များကို ပစ်ထားခဲ့ကာ သင်္ဘောကို ပထမဆုံးစွန့်ခွာသူများ ဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။



အဆိုပါ သင်္ဘောကပ္ပတိန်က တာဝန်ယူမှု မရှိသော်လည်း ယင်းကိစ္စအတွက် တောင်ကိုရီးယား ၀န်ကြီးချုပ်က တာဝန်ခံခဲ့ခြင်းဖြစ်သည်။ ၀န်ကြီးချုပ်က ကူးတို့သင်္ဘော နစ်မြုပ်ပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းများကို ကြီးကြပ်ပေးနိုင်ခဲ့ခြင်း မရှိကြောင်း ၀န်ခံသွားခဲ့သည်။ ချောင်သည် ၀န်ကြီးချုပ်တစ်ဦးအနေနှင့် ယင်းတို့ကို တာဝန်ယူကာ နုတ်ထွက်မည်ဟု ပြောကြားခဲ့သည်။ တောင်ကိုရီးယား သင်္ဘောသည် ၀န်ပိုတင်ထားခြင်း၊ လိုက်ပါလာသော ခရီးသည်အရေအတွက် မတိကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်အပြင် သင်္ဘောနစ်မြုပ်ရသည့် အကြောင်းရင်း ဖြစ်ဖွယ်ရှိသည့် လုံခြုံရေးအဆင့်အတန်း နိမ့်ကျခြင်းနှင့် ခြစားမှုများ ပါဝင်ပတ်သက်နေခြင်းတို့ ရှိသည်ဟုဆိုသည်။



သို့သော် အကြောင်းရင်းပင် မသိရဘဲ အစအန ပျောက်သွားသော မလေးရှားလေယာဉ်အတွက် မည်သည့်သက်ဆိုင်ရာ တာဝန်ရှိသူတို့က တာဝန်ယူခဲ့ပါသနည်း။ လေယာဉ်ကို အစအနကလေးပင် ရှာမတွေ့နိုင်ခဲ့သည့်အပြင် လေယာဉ်နှင့် လိုက်ပါသွားသူတို့၏ မိသားစုများအတွက် ကျေနပ်လောက်သည့် အဖြေပင်မရခဲ့။ လေယာဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များက တစ်ယောက်တစ်ပေါက် ပြောခဲ့ကြပြီး ပွင့်လင်းမြင်သာမှု မရှိခဲ့သည့်အတွက် သက်ဆိုင်ရာ မိသားစုများက ဒေါသထွက်ခဲ့ကြသည်။ သို့သော် ယင်းနှင့်ပတ်သက်၍ မည်သည့်အာဏာပိုင်က နုတ်ထွက်သွားသည်ဟူသည့် သတင်းမျိုး မဖတ်ရသေးပါ။ မြန်မာနိုင်ငံပါဝင်သော အရှေ့တောင်အာရှ ဒေသတွင်းမှပင်ဖြစ်သည့် မလေးရှားနိုင်ငံတွင် နာဂျစ်ရာဇက်၏ ပါတီကသာ သမိုင်းတစ်လျှောက်လုံး အာဏာကို ဆုပ်ကိုင်ထားပြီး အတိုက်အခံများကို ကြီးထွားခွင့် မပြုခဲ့ပေ။



ပြည်သူ့ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်မှုသည် မိမိကိုယ်တိုင်၏ ရွေးချယ်မှုဖြစ်သည်။ ယင်းရွေးချယ်မှုနှင့်အတူ တာဝန်ယူမှုက ကပ်လျက်သား ပါရှိသည်။ ထို့ကြောင့် ဒီမိုကရေစီကျင့်စဉ်တွင် ကောင်းကျိုးဆိုးကျိုး မှန်သမျှအတွက် သက်ဆိုင်ရာ အာဏာပိုင်များက တာဝန်ယူရမည်ဖြစ်ပြီး ဒီမိုကရေစီ စစ်မှန်မှု ရှိမရှိဆိုသည်ကို တစ်စိတ်တစ်ပိုင်း တာဝန်ယူမှုဖြင့် တိုင်းတာရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

from Eleven Media Group's Facebook Wall http://ift.tt/1o0UtXA

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...