Skip to main content

၂၀၁၄ မေလ ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်






ကလေးသူငယ် အခွင့်အရေး



အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် “၂၀၁၅ ခုနှစ် အကုန်တွင် အတင်းအဓမ္မစေခိုင်းမှု လုံးဝပပျောက်ရေး ပူးတွဲမဟာဗျူဟာ” ကို လက်မှတ်ရေးထိုးထားကြောင်း သိရသည်။ ထိုလုပ်ငန်းစီမံချက်တွင် အရွယ်မရောက်သူ ကလေးသူငယ်များ တပ်မတော်မှနုတ်ထွက်ခွင့်ရရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။



နိုင်ငံအနာဂတ်အတွက် အရေးပါသော ရင်သွေးများဟု အမြဲသုံးနှုန်းလေ့ရှိသလို အဆိုပါရင်သွေးများ၏ အနာဂတ်လှပဖို့ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အားလုံးတွင် တာဝန်ရှိမည်ဖြစ်သည်။



မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၇၀ ခန့်သည် တစ်ပတ်လျှင် လေးရက်ထက်မနည်း သတ်မှတ်ထားသည့် အလုပ်ချိန် ရှစ်နာရီထက် ကျော်လွန် အလုပ် လုပ်ကိုင်နေရကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ကျောင်းနေအရွယ်ရောက်သော်လည်း အေးချမ်းစွာပညာသင်ကြားနိုင်ခြင်းမရှိသော ကလေးသူငယ်များစွာ ရှိနေသည်။ အရွယ်မတိုင်မီ လုပ်ငန်းခွင်ဝင်နေရသော ကလေးလုပ်သားများစွာ ရှိနေသည်။ လူမှုအ၀န်းအ၀ိုင်းတွင် အခွင့်အလမ်းနည်းပါးသော ကလေးငယ်များစွာ ရှိနေသည်။ အသက်မပြည့်မီ တပ်မတော်တွင် စုဆောင်းခံခဲ့ရသူများလည်း ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေးမည်မျှ ပညာသင်ကြားနိုင်ပြီဖြစ်ကြောင်း ကိန်းဂဏန်းများ၊ ရာခိုင်နှုန်းများဖြင့် ထုတ်ပြန်နိုင်လေ့ရှိသော်လည်း ကလေးမည်မျှသည် ပညာသင်ခွင့်မရ၊ ကလေးအခွင့်အရေးဆုံးရှုံး၍ အဓမ္မခိုင်းစေခံနေရမှု မည်မျှအထိရှိနေသည်ကိုမူ တိတိကျကျထုတ်ပြန် ဆန်းစစ်နိုင်မှုတွင်မူ လိုအပ်ချက်များရှိနေဆဲ ဖြစ်သည်။

ထို့ပြင် အခြေခံအခွင့်အရေး ဆုံးရှုံးထားသော ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုအတွက် အချိန်ယူလုပ်ဆောင်စရာ များစွာရှိနေကြောင်း နာဂစ်မုန်တိုင်းအလွန် အဆိုပါဒေသများရှိ ကလေးသူငယ်များ၏ အခြေအနေနှင့်ပတ်သက်၍ ဆန်းစစ်ချက်များအရ သိရသည်။ ကလေးသူငယ်အရွယ်တွင် ခါးသီးစွာ ခံစားခဲ့ရသော စိတ်ဒဏ်ရာသည် အဆိုပါကလေးသူငယ်၏ အနာဂတ်နှင့် သူကျင်လည်ကြီးပြင်းမည့် အ၀န်းအ၀ိုင်းအား အနည်းနှင့်အများ သက်ရောက်လာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ကလေးသူငယ်အရေးနှင့်ပတ်သက်လျှင် မိုးများရာ မိုးရွာသကဲ့သို့ အခြေအနေမျိုးထက် လိုအပ်သည့်နေရာများတွင် မှန်မှန်ကန်ကန်ဖြည့်ဆည်းပေးနိုင်ရန် လုပ်ဆောင်သင့်ပါသည်။ မြန်မာနိုင်ငံဒေသအနှံ့တွင် အကြောင်းအမျိုးမျိုးကြောင့် အခြေခံအခွင့်အရေးများ ဆုံးရှုံးနေသော ကလေးငယ်များအား အမေ့လျော့ခံများအဖြစ်သို့ မရောက်ရန် အစိုးရအပါ အ၀င် လူမှုကူညီရေးအဖွဲ့အစည်းများအားလုံး ၀ိုင်းဝန်းလုပ်ဆောင်သင့်ပါသည်။



ထို့ကြောင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) နှင့် ပူးပေါင်းကာ ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းများ၊ ၂၀၁၅ မတိုင်မီ လျော့နည်းပပျောက်အောင် ဆောင်ရွက်သကဲ့သို့ ကလေးသူငယ်များ၏ အခွင့်အရေး အပြည့်အ၀ရကာ အမေ့လျော့ခံအဖြစ်မှ ကင်းလွတ်ရန် အားလုံးတွင် တာဝန်ရှိမည်ဖြစ်ကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။








from Eleven Daily News http://ift.tt/1fGwXwo

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...