Skip to main content

ဧပြီလအတွင်း လူသတ်မှုဖြစ်စဉ်များကြောင့် တစ်နိုင်ငံလုံး၌ တစ်ရက်လျှင် ပျမ်းမျှ ငါးဥ...



ဧပြီလအတွင်း လူသတ်မှုဖြစ်စဉ်များကြောင့် တစ်နိုင်ငံလုံး၌ တစ်ရက်လျှင် ပျမ်းမျှ ငါးဦးနှုန်းသေဆုံး



ဧပြီလအတွင်း လူသတ်မှုဖြစ်စဉ်များကြောင့် တစ်နိုင်ငံလုံး၌ တစ်ရက်လျှင် ပျမ်းမျှ လူငါးဦးနှုန်း သေဆုံးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။



ဧပြီလအတွင်း တစ်နိုင်ငံလုံး၌ လူသတ်မှုဖြစ်စဉ်များကြောင့် လူ ၁၄၀ ခန့်သေဆုံးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၂၂မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၉ မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၆ မှု၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၅ မှု၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁၃ မှုစီဖြင့် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သိရသည်။



ယင်းကဲ့သို့ဖြစ်ပွားခဲ့သော လူသတ်မှုဖြစ်စဉ်အများစုမှာ အရက်သေစာသောက်စားမှု၊ ဒေါသစိတ်ကြီးမှုနှင့် လူတစ်ဦးချင်းတွင် ဖြစ်ပေါ်နေသော အခက်အခဲများနှင့် ရာသီဥတုအပူရှိန်ဒဏ် စသည့်အကြောင်းအရာများမှ အဓိကဖြစ်ပွားခဲ့ကြောင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့ရှိ အဆင့်မြင့်ရဲအရာရှိများက သုံးသပ်ပြောကြားခဲ့သည်။



"ဖြစ်ပေါ်နေတဲ့လူသတ်မှုတွေကို လျော့ကျဖို့ဆိုတာက တာဝန်ရှိသူတွေအနေနဲ့ ပညာပေးမှုတွေ အဆက်မပြတ်ပြုလုပ်ရမယ်။ ထိရောက်တဲ့ပြစ်ဒဏ်တွေကို ချမှတ်ရမယ်။ လက်ရှိအခြေအနေက ပြစ်မှုကျူးလွန်တဲ့သူတွေအနေနဲ့ ထောင်ထဲကနေ ခဏခဏပြန်လွတ်လာတယ်။ သူတို့တွေအနေနဲ့ ထောင်လည်းမကြောက်၊ အချုပ်လည်းမကြောက်တဲ့ အခြေအနေတွေ ဖြစ်နေတယ်။ ဒါကြောင့် ထိထိရောက်ရောက် ဖော်ထုတ်အရေးယူတဲ့အပြင် ထိရောက်အောင်လည်း ပြစ်ဒဏ်ပေးဖို့လိုအပ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အေးက သုံးသပ်ပြောကြားသည်။



အလားတူ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲမှူးမြင့်အောင်က " လူတွေကိုယ်တိုင်ကိုက အသိစိတ်ရှိရမယ်။ ပြည်သူတွေကလည်း တရားဥပဒေစိုးမိုးမှုကို သိရမယ်။ ဖြစ်ရတဲ့အကြောင်းအရင်းတွေ အများစုက အရက်နဲ့ဒေါသစိတ်တွေ အခြေခံနေတာကို တွေ့ရတယ်။ ကျွန်တော်တို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ကံငါးပါးကို စောင့်ရှောက်ဖို့လိုပါတယ်။ လူသတ်မှုဖြစ်စဉ်တွေ လျော့ကျဖို့ဆိုရင်တော့ ရဲတပ်ဖွဲ့အနေနဲ့ အမှုကြီး ၁၀ မှုနဲ့ပတ်သက်ပြီးတော့ ကြိုတင်ကာကွယ်ဖမ်းဆီးမှုတွေကို ပိုပြီးလုပ်သင့်တယ်။ အိမ်နီးချင်းစောင့်ရှောက်မှုတွေ ပိုပြီးဖြစ်သင့်တယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့အနေနဲ့ ထိရောက်သော ဖမ်းဆီးစစ်ဆေးမှုတွေ ပိုပြီးလုပ်ဖို့လိုသလို ပြည်သူတွေအနေနဲ့လည်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သတိထားပြီးတော့ သတင်းပေးဖို့ တာဝန်ရှိပါတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။



ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧပြီ ၂၈ ရက်တွင်ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်တစ်ခုမှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ညောင်ပင်ကျေးရွာတွင် အမျိုးသားနှစ်ဦး အရက်သေစာသောက်စားကြစဉ် တစ်ဦးက အခြားတစ်ဦး၏ မိန်းမနှင့်သမီးဖြစ်သူအား ညစ်ညမ်းစွာပြောဆိုခဲ့သည့်အတွက် တုတ်ဖြင့်ရိုက်သတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။



ဧပြီလအတွင်း နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှုငါးမျိုး၊ နာကျင်(ရိုးရိုး)၊ ယာဉ်တိုက်မှုစသည့် မှုခင်းငါးမျိုးစုစုပေါင်း ၃၀၅၆ မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ စုံစမ်းသိရှိရသည်။



တရားရုံးများအနေဖြင့် လူသတ်မှုအချို့ အား ပြစ်ဒဏ်ချမှတ်ရာတွင် ပြစ်မှုထင်ရှားသော်လည်း အမြင့်ဆုံးပြစ်ဒဏ်မချမှတ်ဘဲ လျှော့ပေါ့ပြစ်ဒဏ်ချမှတ်မှုများရှိခဲ့ကြောင်း သိရသည်။



လူသတ်မှုဖြစ်စဉ်အချို့တွင် အဂတိလိုက်စားကာ ပြစ်ဒဏ်လျှော့ပေါ့ချမှတ်ခဲ့ခြင်းများရှိခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ ပြန်လည်လွှတ်ပေးခဲ့သူများထဲတွင် လူသတ်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရသူများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။



လူသတ်မှုနှင့်ပတ်သက်၍ ပြစ်မှုဆိုင်ရာဥပဒေတွင် ပုဒ်မ ၃၀၂ ၌ ပြဋ္ဌာန်းထားပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် မိတ္ထီလာပဋိပက္ခဖြစ်စဉ်တွင် လူသတ်မှုကျူးလွန်ခဲ့၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂) ဖြင့် တရားခံများကို အမိန့်ချမှတ်ခဲ့ရာ၌ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခဲ့ခြင်းမရှိဘဲ အချို့တရားခံအား ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပြီး အချို့တရားခံအား ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။



ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၂) အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း ရာဇသတ်ကြီးပြဋ္ဌာန်းချက်များအရ သိရသည်။



(ရန်ကင်းမြို့နယ်တွင် မတ်လကဖြစ်ပွားခဲ့သည့် ခေါင်းဖြတ်လူသတ်မှုမှ ကျူးလွန်ခဲ့သူအား တရားဥပဒေအရ ပြင်းထန်စွာအရေးယူပေးပါရန် ဒေသခံများက ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-ဝေလင်းအောင်))







from Eleven Media Group's Facebook Wall http://ift.tt/1o0UsD4

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...