Skip to main content

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သောကြောင့် တန်းမဆင်းရရေး အတွက် ရုန်းကန်ရဦးမည့် ဝက်စ်ဘရွန်း





ပရီးမီးယားလိဂ် ပွဲစဉ် (၃၇) အာဆင်နယ်နှင့် ဝက်စ်ဘရွန်း ပွဲစဉ်တွင် အိမ်ရှင်အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

အာဆင်နယ်တွင် ဆက်ဇနီ၊ ဆက်ဂ်ညာ၊ မာတီဆက်ကာ၊ ကိုစီရယ်နီ၊ မွန်ရီရယ်၊ ဖလာမီနီ၊ အာတီတာ၊ ကာဇိုလာ၊ အိုဇေးလ်၊ ပိုဒေါစကီး၊ ဂီးရော့ဒ်တို့ ပွဲထွက်ကစားခဲ့သည်။


ဝက်စ်ဘရွန်းတွင် ဖော်စတာ၊ ဒေါ်ဆန်၊ လူဂါနို၊ အောလ်ဆန်၊ ဘရန့်၊ အမ်မယ်ဖီတာနို၊ မူလမ်ဘူ၊ မော်ရစ်ဆန်၊ ဒေါ်ရန်၊ ဆက်ဆက်နွန်၊ ဘီရာဟီနိုတို့ ပါဝင်ကစားခဲ့သည်။


ယခုပွဲစဉ်တွင် အာဆင်နယ်သည် ချန်ပီယံလိဂ် အတွက် အမှတ်ရရန် မလိုအပ်တော့သလို အက်ဖ်အေဖလား ဗိုလ်လုပွဲလည်း ရှိသောကြောင့် သက်သောင့်သက်သာဖြင့်သာ ကစားသွားခဲ့သည်။ ၁၄ မိနစ်တွင် ကာဇိုလာ၏ ထောင့်ကန်ဘောမှ တစ်ဆင့် ဂီးရော့ဒ်က ခေါင်းတိုက်သွင်းပြီး အာဆင်နယ်အတွက် အဖွင့်ဂိုး ရယူခဲ့သည်။ ၂၄ မိနစ်တွင် ကာဇိုလာ ပေးပို့မှုမှတစ်ဆင့် ဖလာမီနီ ကန်သွင်းသော်လည်း ဖော်စတာ ကာကွယ်နိုင်ခဲ့သည်။ ၃၂ မိနစ်တွင် ဒေါ်ရန်၏ ကန်သွင်းချက်ကို ဆက်ဇနီ ပုတ်ထုတ်ရာ ဘီရာဟီနို ရရှိပြီး ကန်သွင်းသော်လည်း လူကျွံသွားခဲ့သည်။ ၃၃ မိနစ်တွင် ကာဇိုလာ၏ အားပြင်းသည့် ကန်သွင်းချက်ကို ဖော်စတာကပင် ကာကွယ်သွားခဲ့သည်။ ၇၃ မိနစ်တွင် အိုဇေးလ်က အကောင်းဆုံး အခွင့်အရေး ရရှိခဲ့ပြီး ဂီးရော့ဒ် ခေါင်းတိုက်ချပေးသည့် ဘောလုံးကို သွင်းယူရန် ကြိုးပမ်းသော်လည်း ဂိုးဘေးထွက်ခဲ့သည်။ ၇၅ မိနစ်တွင် ပိုဒေါစကီးက အံ့အားသင့်ဖွယ် အခွင့်အရေး ရခဲ့သော်လည်း ၎င်း၏ ကန်သွင်းချက်မှာ တိုင်ထိထွက်ခဲ့သည်။ ပွဲအပြီးတွင် အာဆင်နယ်က တိုက်စစ်မှူး ဂီးရော့ဒ်၏ တစ်လုံးတည်းသော ဂိုးဖြင့် ဝက်စ်ဘရွန်းကို အနိုင်ရရှိခဲ့သည်။


SOCCER MYANMAR





from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1mtjc2S

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...