Skip to main content

နေပြည်တော်၌ ယနေ့စတင်မည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်နှင့် ပတ်သက...



နေပြည်တော်၌ ယနေ့စတင်မည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ အာဆီယံနိုင်ငံ အချို့နှင့် တရုတ်နိုင်ငံအကြား တင်းမာမှုကို အဓိကဆွေးနွေးရန်ရှိ



မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရရှိခဲ့ပြီးနောက် ပထမဆုံးပြုလုပ်မည့် အာဆီယံထိပ်သီး အစည်းအဝေးကို နေပြည်တော်ရှိMyanmar International Convention Center (MICC) ၌ မေ ၁၀ ရက် (ယနေ့) တွင် စတင်ပြုလုပ်မည်ဖြစ်သည်။



(၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို အပိုင်းသုံးပိုင်းခွဲ ပြုလုပ်မည်ဖြစ်ကာ ဖွင့်ပွဲအစီအစဉ်၊ မျက်နှာစုံညီ အစည်းအဝေးနှင့် Retreat ဆွေးနွေးမှု အစရှိသည်တို့ ဖြစ်ကြသည်။



ယနေ့ပြုလုပ်မည့် အစည်းအဝေးများတွင် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးက အဓိကကျသော ဆွေးနွေးမှုတစ်ရပ် ဖြစ်လာနိုင်ပြီး အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးများအပြင် ညနေပိုင်းတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။



မြန်မာနိုင်ငံက ပထမဆုံး လက်ခံပြုလုပ်သော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးဖွင့်ပွဲကို မေ ၁၁ ရက်၌ ပြုလုပ်မည်ဖြစ်ကာ ထိုနေ့မှာပင် အာဆီယံထိပ်သီး ခေါင်းဆောင်များ၏ အစည်းအဝေးများကို ပြုလုပ်ရန်ရှိသည်။ မေ ၁၁ ရက်ညနေပိုင်းတွင် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲကို ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ပိတ်ပွဲအပြီး၌ သမ္မတဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲကို မိနစ် ၃၀ ခန့် ပြုလုပ်မည်ဖြစ်သည်။



(၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့်အတူ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင် နိုင်ငံတို့၏ ထိပ်သီးအစည်းအဝေး၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့၏ ထိပ်သီးအစည်းအဝေးပွဲ များကိုလည်း ပြုလုပ်ရန် ပြင်ဆင်ထားကြောင်း သိရသည်။



နှစ်ရက်ကြာ ပြုလုပ်မည့် အစည်းအဝေး အစီအစဉ်များအရ ဖွင့်ပွဲအခမ်းအနားတွင် သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောမည်ဖြစ်သည်။ အာဆီယံခေါင်းဆောင်များ၏ မျက်နှာစုံညီ အစည်းအဝေးတွင် တစ်နှစ်တာအတွင်း ရရှိထားသော အစီရင်ခံစာ အချက်အလက်များကို အာဆီယံ အတွင်းရေးမှူးချုပ်က အာဆီယံခေါင်းဆောင်များထံ တင်ပြဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။ Retreat အပိုင်းတွင် ဒေသတွင်းနှင့် နိုင်ငံတကာအကြား ဖြစ်ပွားနေသောဖြစ်ရပ်များ၊ လက်ရှိ အခင်းအကျင်းများကို ဆွေးနွေးကြမည်ဖြစ်သည်။



"အစည်းအဝေးမှာ ဘာတွေဖြစ်လာနိုင်မလဲ ဆိုတာကို အခုချိန်ထိတော့ မသိရသေးပါဘူး။ ဒါပေမဲ့ hot topic ဖြစ်လာနိုင်တာကတော့ ဗီယက်နမ်နဲ့ တရုတ်အကြား မကြာသေးခင်ကမှဖြစ်ခဲ့တဲ့ တောင်တရုတ်ပင်လယ်ကိစ္စ ဖြစ်နိုင်ပါတယ်" ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထူးက မေ ၉ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။



လက်ရှိအချိန်တွင် ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား တောင်တရုတ်ပင်လယ်ကိစ္စနှင့် ဆက်စပ်ပြီး တင်းမာလျက် ရှိနေသည်။ အထူးသဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက Paracels ကျွန်းစုအနီးတွင် ရေနံတူးဖော်ရန် ရပ်နားထားသော တရုတ်ရေယာဉ်များသည် တောင်တရုတ်ပင်လယ် အတွင်း၌ ဗီယက်နမ်တို့က ၎င်းတို့ပိုင်ဟု ယူဆထားသည့် ရေမိုင် ၂၀၀ အကျယ် အထူးစီးပွားရေးဇုန်အတွင်း ရှိနေခဲ့သည်။ ထို့ကြောင့် ဗီယက်နမ်ဘက်မှ ရေကြောင်းကင်းလှည့် ရေယာဉ်များကို ထိုနေရာသို့ ပြန်လည်စေလွှတ်ခဲ့ရာမှ နှစ်နိုင်ငံအကြား တင်းမာမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ ဖိလစ်ပိုင်နိုင်ငံပိုင် Second Thomas Shoal ဒေသတွင် လက်နက်တပ်ဆင်ထားသည့် တရုတ်ရေယာဉ်များ တည်ရှိနေခြင်းနှင့် ဖိလစ်ပိုင် ပိုင်နက်အတွင်းသို့ ဆက်လက်ဝင်ရောက် နေခြင်းကလည်း တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား တင်းမာမှုကို ဆက်လက်ဖြစ်ပေါ်စေခဲ့သည်။



တောင်တရုတ်ပင်လယ်အတွင်း နယ်မြေအငြင်းပွားမှုများအတွက် တရုတ်သည် အာဆီယံကို နှစ်ဖက်သွား မဟာဗျူဟာ ကျင့်သုံးနေပြီး တစ်ဖက်၌ စေ့စပ်ညှိနှိုင်းလိုကြောင်း ပြောကြားနေသကဲ့သို့ တရုတ်ကို ဖိအားအလွန်အကျွံ မကျရောက်စေရန် အာဆီယံ အဖွဲ့အတွင်း ကွဲလွဲမှုများကိုလည်း အားကိုးအားထား ပြုနေသည်။ အာဆီယံတွင် တရုတ်နှင့် နယ်မြေအငြင်းပွား နေသည်မှာ လေးနိုင်ငံရှိပြီး ၎င်းတို့အနက် ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နှင့် အဓိက အငြင်းပွားနေသည်။



(၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှု ကိစ္စများအပြင် ဖိလစ်ပိုင်နိုင်ငံတွင်း ငြိမ်းချမ်းရေးအခြေအနေ၊ ယူကရိန်းအရေးနှင့် ကိုရီးယားကျွန်းစွယ်အရေး တို့ကိုလည်း ဆွေးနွေးရန်ရှိသည်။



မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လူမျိုးရေး အသွင်ဆောင် ဘာသာရေးပဋိပက္ခများ၊ ရိုဟင်ဂျာကိစ္စများနှင့် ထိုင်းနိုင်ငံတွင်း ဖြစ်ပွားခဲ့သော နိုင်ငံရေး မတည်မငြိမ်မှုများ အကြောင်းကို ယခုပြုလုပ်မည့် အာဆီယံထိပ်သီး အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးဖွယ် မရှိကြောင်း သိရသည်။



"ဆွေးနွေးမယ်ဆိုရင်တော့ ဆွေးနွေးစရာ အကြောင်းတွေက အများကြီးပဲ။ ဒါပေမဲ့ အာဆီယံရဲ့ အခြေခံမူဝါဒက တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ၀င်ရောက်စွက်ဖက်ခြင်း မရှိတာကြောင့် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးလေ့မရှိပါဘူး" ဟု ဦးအောင်ထူးက ဆိုသည်။



(၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံမှလွဲ၍ ကျန်ရှိသော အဖွဲ့ဝင်နိုင်ငံတိုင်း၏ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သည်။



"ထိုင်းက ဒုတိယ၀န်ကြီးချုပ် တက်မယ်လို့ သိထားပါတယ်" ဟု ဦးအောင်ထူးက ပြောကြားသည်။



အာဆီယံခေါင်းဆောင်များ အနေဖြင့် လူထုအခြေပြု လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဆီယံလူငယ်ရေးရာ ကိုယ်စားလှယ်များ၊ အာဆီယံပါလီမန် အမတ်များနှင့်လည်း တွေ့ဆုံရန်ရှိကြောင်း သိရသည်။



ယခုအစည်းအဝေး၌ နိုဝင်ဘာ ၁၅ နှင့် ၁၆ ရက်တွင် သြစတြေးလျနိုင်ငံ၌ ပြုလုပ်မည့် G-20 ထိပ်သီးအစည်းအဝေးသို့ သမ္မတဦးသိန်းစိန်အား စေလွှတ်ရေး ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေး မည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်သည် G-20 ထိပ်သီးအစည်းအဝေးသို့ အာဆီယံဥက္ကဋ္ဌအနေဖြင့် တက်ရောက်ခွင့် ရမည်ဖြစ်သည်။



မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူထားသည်မှာ အချိန်လေးလတာ ကာလအတွင်း ရောက်ရှိနေပြီ ဖြစ်သည်။ ဥက္ကဋ္ဌတာဝန် ရယူထားချိန်၌ အာဆီယံအသိုက်အမြုံ (ASEAN Community) ထူထောင်နိုင်ရန် ကျန်ရှိနေသော လုပ်ငန်းလိုအပ်ချက် ၁၈ ရာခိုင်နှုန်းကို ဦးဆောင်လုပ်ကိုင် ရမည်ဖြစ်သည်။



အာဆီယံ၏ မျှော်မှန်းချက်မှာ နိုင်ငံရေးအရ စည်းလုံးခြင်း၊ စီးပွားရေးအရ ပူးပေါင်းခြင်းနှင့် လူမှုရေးအရ တာဝန်ယူတတ်ခြင်းတို့ ပါဝင်သော အသိုက်အမြုံတစ်ခု ထူထောင်ရန်သာမက လူထုကို အခြေပြု၍ စည်းကမ်းလိုက်နာသည့် အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်သွားရန် ဖြစ်သည်။



(၂၃) ကြိမ်မြောက် ဘရူနိုင်းအာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံအား အာဆီယံဥက္ကဋ္ဌရာထူး လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ကာလအတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းစေရန်၊ ရာသီဥတု ပြောင်းလဲလာမှု၊ စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေးများအပြင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများကို လုပ်ဆောင်သွားမည်ဟု သမ္မတဦးသိန်းစိန်က ကတိပြုခဲ့သည်။



မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူချိန်တွင် အာဆီယံအဖွဲ့က ပြဋ္ဌာန်းခဲ့သော ဆောင်ပုဒ်မှာ "ရှေ့သို့ တူညီ တက်လှမ်းချီ ငြိမ်းချမ်းဝေစည် အသိုက်အ၀န်းဆီ" ဖြစ်သည်။



မေ ၁၀ ရက်နှင့် ၁၁ ရက်တွင် ပြုလုပ်မည့် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ



မေ ၁၀



1 - ASEAN Foreign Minister's Meeting



2 - 11th ASEAN Political and Security Community Council Meeting



3 - Preparatory Meeting of ASEAN Economic Ministers (Prep-AEM)



4 - 14th ASEAN Coordinating Council Meeting



5 - 11th ASEAN Economic Community Council Meeting



6 - Welcome Dinner



မေ ၁၁



1 - Opening Ceremony of the 24th ASEAN Summit



2 - 24th ASEAN Summit (Plenary)



3 - 24th ASEAN Summit (Retreat)



4 - ASEAN Leader's meeting with Representatives of ASEAN Inter-Parliamentary Assembly



5 - ASEAN Leader's meeting with Representatives of Civil Society Organization



6 - ASEAN Leader's meeting with Representatives of ASEAN Youth



7 - Closing Session of the 24th ASEAN Summit



8 - 10th Brunei-Indonesia-Malaysia-Philippines East ASEAN Growth Area (BIMP-EAGA) Summit



9 - 8th Indonesia-Malaysia-Thailand Growth Triangle (IMY-GT) Summit



(အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပမည့် နေပြည်တော်ရှိ Myanmar International Convention Center ကို မေ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်))







from Eleven Media Group's Facebook Wall http://ift.tt/1iA4H9u

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3