Skip to main content

လူငယ်စင်တာ အကောင်အထည်ဖော်ရေး အရပ်ဘက် လူငယ်အဖွဲ့အစည်း ၁၀၀ တွေ့ဆုံ ညှိနှိုင်းမည်...



လူငယ်စင်တာ အကောင်အထည်ဖော်ရေး အရပ်ဘက် လူငယ်အဖွဲ့အစည်း ၁၀၀ တွေ့ဆုံ ညှိနှိုင်းမည်



ရန်ကုန်၊ မေ ၂၃



မြန်မာလူငယ်များ နိုင်ငံပြုပြင်ပြောင်းလဲရေးတွင် လူငယ် အကြံပြုချက်များကို အစိုးရထံ ထိရောက်စွာ ပေးပို့နိုင်မည့် အမျိုးသားလူငယ်စင်တာ (National Youth Center) အကောင်အထည်ဖော်ရေး မူဝါဒများ ရေးဆွဲရန်အတွက် အရပ်ဘက် လူ့အဖွဲ့အစည်း ၁၀၀ ကျော် တွေ့ဆုံ ညှိနှိုင်းမည် ဖြစ်ကြောင်း Generation Wave ဥက္ကဋ္ဌ ဦးမိုဃ်းသွေးက ပြောကြားသည်။



ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနဝင်းအတွင်း ဖွင့်လှစ်မည့် အမျိုးသားလူငယ်စင်တာ လှုပ်ရှား ဆောင်ရွက်ရန် ပဋိညာဉ်များ၊ အခြေခံမူဝါဒများ၊ သင်းဖွဲ့ စည်းမျဉ်းများ၊ အဖွဲ့အစည်း ပုံစံများနှင့် ပတ်သက်ပြီး မေလ ၂၆ ရက်နေ့တွင် အရပ်ဘက် လူငယ်အဖွဲ့အစည်းများက ဆွေးနွေး ညှိနှိုင်းမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။



“ကျွန်တော်တို့က လူငယ်ဗဟိုပြု ဆိုတာနဲ့အညီ ဗဟိုကော်မတီတွေ၊ ဒါရိုက်တာ အဖွဲ့အစည်းတွေကို အားလုံး သဘောတူညီချက်နဲ့ ဖွဲ့စည်းမယ်။ အစိုးရဘက်က ဘယ်နှယောက် ပါမလဲ ညှိနှိုင်းမှာပါ” ဟု ၎င်းကဆိုသည်။



ထို့အပြင် အစိုးရ၏ ချုပ်ကိုင်မှု ကင်းလွတ်သော လွတ်လပ်သည့် လူငယ်စင်တာများ ဖွဲ့စည်းရန်အတွက် အရပ်ဘက် လူငယ်အဖွဲ့အစည်းများ အားလုံး သဘောတူညီချက်ဖြင့် မူဝါဒများ ရေးဆွဲသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။



အဆိုပါ လူငယ်စင်တာ ဖွင့်လှစ်နိုင်ရေး မူဝါဒများ ရေးဆွဲရာတွင် အစိုးရမှ ချုပ်ကိုင်မှု မရှိဘဲ လူငယ်များ ဦးဆောင်နိုင်ရန်အတွက် လမ်းဖွင့်ပေးထားကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) မှ ဦးညိုအုန်းမြင့်က ပြောကြားသည်။

“အရင်ခေတ်တွေတုန်းကလို အစိုးရက အလုံးစုံ ချုပ်ထားတာ မဟုတ်ဘဲ လူငယ်တွေအရေးကို လူငယ်တွေကပဲ လွတ်လပ်စွာ ဆောင်ရွက်နိုင်ဖို့အတွက် ဘေးကနေ ကြီးကြပ်ပေးတာပဲ ရှိတော့မှာပါ” ဟု ၎င်းကဆိုသည်။



လူငယ်များ၏ စီးပွားရေး၊ လူမှုရေးဆိုင်ရာ မူဝါဒ၊ အကြံပေးချက်များကို ရယူသွားရန်အတွက် အမျိုးသားလူငယ်စင်တာ (National Youth Center) ဖွဲ့စည်း တည်ထောင်မည် ဖြစ်ကြောင်း မတ်လ တတိယပတ်အတွင်း ပြုလုပ်သော အာဆီယံလူငယ်ဖိုရမ်သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာ ပေးပို့ထားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1m4DTS9

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...