Skip to main content

အင်နောန်ကောင် ဒေသတွင် ကေအိုင်အေနှင့် အစိုးရတပ် တိုက်ပွဲပြင်းထန် မြစ်ကြီးနား၊ မေ...



အင်နောန်ကောင် ဒေသတွင် ကေအိုင်အေနှင့် အစိုးရတပ် တိုက်ပွဲပြင်းထန်



မြစ်ကြီးနား၊ မေ ၉



ကချင်ပြည်နယ် မန်စီမြို့နယ် ကျောက်ဖြူရွာအနီးရှိ အင်နောန်ကောင် ဒေသတွင် မေလ ၈ ရက် နံနက်ပိုင်းမှ စတင်၍ ကေအိုင်အေနှင့် အစိုးရတပ်များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက် ရှိကြောင်း ကေအိုင်အေ ဌာနချုပ် လိုင်ဇာမှ အရာရှိတစ်ဦးက ပြောကြားသည်။



ယင်းနေ့ နံနက် ၈ နာရီမှ စတင်၍ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နှင့် အင်အား ၃၀၀ ခန့်ပါ အစိုးရတပ်များကြား ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ညနေ ၄ နာရီထိ ရပ်နားခြင်း မရှိသေးကြောင်းနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးစားရင်းများ မသိရှိနိုင်သေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“တိုက်ပွဲက ဧပြီလဆန်းထဲက ဖြစ်နေတာ ရက်ဆက်ပဲ။ မနေ့ကလဲ ပန်ခွန်ယန် ဒေသမှာ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။



အစိုးရတပ်နှင့် ကေအိုင်အေ တပ်ဖွဲ့များ မေ ၈ ရက်နေ့က တစ်နေကုန် တိုက်ပွဲ ဖြစ်နေခြင်းမှာ မဟုတ်ကြောင်း ယင်းနေ့ နေ့လယ်ပိုင်းက တရုတ်-မြန်မာ နယ်စပ်ရှိ ပန်ခန်းရွာအနီး ကေအိုင်အေမှ တပ်မတော် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက် ပစ်ပြေးသွားခြင်း ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ အရာရှိတစ်ဦးက ပြောကြားသည်။



ယင်းဒေသအနီး တစ်ဝိုက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၍ လဂတ်ယန် စစ်ရှောင်စခန်းမှ စစ်ပြေး ဒုက္ခသည်များမှာ တရုတ်ပြည်ခြမ်းရှိ မူဆယ်-မန်ဝိန်းကြီး စစ်ရှောင်စခန်းများသို့ မေလ ၇ ရက်မှ စတင် ပြောင်းရွှေ့လျက် ရှိကြောင်း ဗန်မော်မြို့ ဂရုဏာမြန်မာ လူမှုဖွံ့ဖြိုးရေးရုံး အစီအစဉ် ညှိနှိုင်းရေးမှူး ဦးနော်တင့်က ပြောကြားသည်။

“ဒီဒေသတစ်ဝိုက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတော့ ပြေးကြရတာပေါ့။ ဒုက္ခသည် အားလုံးဆို ၈၈ လောက် ရှိတယ်” ဟု ၎င်းကဆိုသည်။



အစိုးရနင့် ကေအိုင်အေတို့ကြား ဧပြီလဆန်းပိုင်းမှ စတင်ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ ဆွေးနွေးရန် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဖိတ်ကြားထားရာ မြစ်ကြီးနားမြို့တွင် မေလ ၁၃ ရက်နေ့၌ တွေ့ဆုံ ဆွေးနွေးရန် ရှိကြောင်း နှစ်ဖက်အဖွဲ့အစည်းများက သတင်းထုတ်ပြန်ထားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1m8wmUv

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3