Skip to main content

ရန်ကုန်တွင် လေပြင်းတိုက်ပြီး မိုးဆက်တိုက် ရွာသွန်း၍ အဆောက်အအုံ အချို့ ပျက်စီး၊ လ...



ရန်ကုန်တွင် လေပြင်းတိုက်ပြီး မိုးဆက်တိုက် ရွာသွန်း၍ အဆောက်အအုံ အချို့ ပျက်စီး၊ လူနှစ်ဦး သေဆုံး



ရန်ကုန်၊ မေ ၉



ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့က လေပြင်း တိုက်ခတ်ကာ မိုးဆက်တိုက် ရွာသွန်းမှုတို့ကြောင့် အဆောက်အအုံ အချို့ ပျက်စီးခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။



ယင်းကဲ့သို့ လေပြင်းတိုက်ခတ်မှုကြောင့် သန်လျင်မြို့နယ်ရှိ မြို့မတောင် ရပ်ကွက်၊ ဘယက်ကျေးရွာနှင့် အလွမ်းဆွတ် ကျေးရွာတို့မှ ဓာတ်တိုင် စုစုပေါင်း ၆၉ တိုင် ပြိုလဲခဲ့ကြောင်း၊ ယင်းမြို့နယ် သဲဖြူချောင်း ကျေးရွာတွင် အသက် ၅၇ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးမှာ မိုးခြိမ်းသံများကြောင့် နှလုံးခုန်ရပ်ကာ သေဆုံးခဲ့ပြီး ရုံသပြေကျေးရွာ မင်္ဂလွန်းတောင်ကွင်းရှိ လယ်တဲတွင် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။



ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ ကုန်သွယ်ရေး ညွှန်ကြားမှူး ဦးစီးဌာနရုံး အပေါ်ထပ်တွင် မေလ ၈ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က လေပြင်း တိုက်ခတ်မှုဒဏ်ကြောင့် သွပ်အမိုးကိုင်းများ ပြိုလဲခဲ့ကြောင်း အဆိုပါရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖေသန်းဝင်းက The Voice သို့ ပြောကြားသည်။



စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံး ငါးထပ် အဆောက်အအုံ အပေါ်ထပ် အမိုးမှာ စလပ် လောင်းထားခြင်း ဖြစ်ကြောင်း၊ နှစ်ကြာမြင့်သောကြောင့် အပေါက်များ ဖြစ်ကာ ရေယိုစိမ့်သဖြင့် လွန်ခဲ့သော နှစ်နှစ်ခန့်မှ စ၍ သွပ်မိုးထားရာမှ ယင်းနေ့က လေပြင်းတိုက်ခတ်ရာမှ ပြိုလဲခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။



“ရုံးက ကမ်းနားလမ်းဘေးမှာ ဖြစ်လို့ မြစ်ဘက်က လာတဲ့လေက ပင့်တိုက်တဲ့ အရှိန်ကြောင့် အဆောက်အအုံ အပေါ်က သွပ်မိုးထားတဲ့ ဝေါပလပ် တိုင်တွေကို ဆွဲထုတ်လိုက်သလို ဖြစ်ပြီး ပြိုလဲကျသွားတာ။ တစ်ခြမ်းပဲ ပြိုလဲသွားတာကြောင့် အောက်ကို ပြုတ်မကျခဲ့လို့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး” ဟု ၎င်းက ရှင်းပြသည်။



သန်လျင်မြို့နယ်တွင် မေလ ၈ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ရုတ်တရက် လေပြင်း တိုက်ခတ်မှုများကြောင့် မြို့နယ်တရားရုံး၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ် မြေစာရင်းရုံးတို့တွင် စုစုပေါင်း သွပ်အချပ် ၅၀ ခန့် အမိုးလန် ပျက်စီးခဲ့ပြီး သန်လျင် သတ္တုသန့်စင် စက်ရုံတွင်းရှိ ပင်မစက်ရုံနှင့် ယင်းဝင်းတွင်းရှိ ဧည့်ရိပ်သာ၊ လျှပ်စစ်ရုံး၊ ၁၄ ခန်းတွဲ ဝန်ထမ်း လိုင်းခန်းနှင့် အခြားသော အဆောင်တစ်ခုတို့မှ သွပ်အချပ်ပေါင်း ၂၀၀ ခန့် အမိုးလန် ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။



“လေပြင်း စတိုက်ချိန် ကောင်းကင် တစ်ခုလုံးမှာ ဖုန်အလုံးလိုက်ကြီး ဖြစ်နေတာ။ မြို့ထဲက ကားလမ်းတွေပေါ်မှာ အမှိုက်တွေက ပလူပျံနေတာပဲ။ မဟာဗန္ဓုလလမ်း နဲ့ အနော်ရထာလမ်းက သစ်ပင်တချို့ လဲကျပေမယ့် လူထိခိုက် ဒဏ်ရာရတာမျိုးတော့ မတွေ့မိဘူး” ဟု အဆိုပါ လေပြင်းတိုက်ချိန် ရန်ကုန်မြို့တွင်း လှည့်လည်ကာ ခရီးသည် ပို့ဆောင်ပေးနေသော အသက် ၂၅ နှစ်အရွယ် အငှားယာဉ်မောင်း တစ်ဦးက ဆိုသည်။



ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလ ၈ ရက်နေ့တွင် မိုးသက်လေပြင်း ကျရောက်ချိန် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ဆယ်မိုင်နှုန်းခန့် ရှိကြောင်း ကမ္ဘာအေး မိုးလေဝသ တိုင်းတာရေးစခန်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။







from The Voice Weekly's Facebook Wall http://ift.tt/1sbZ86w

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3