Skip to main content

လေးစား အတုယူဖွယ်ရာ ကမ္ဘာကျော် မင်းသမီးချော ဂျိုလီ





ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင် John Voight နှင့် ပြင်သစ်မင်းသမီးချော Marcheline Bertrand တို့၏ သမီး၊ သရုပ်ဆောင် James Haven ၏ ညီမ၊ သီချင်းရေးဆရာ Chip Taylor ၏ တူမ၊ ဝါရင့်သရုပ်ဆောင် Jacqueline Bisset နှင့် Maximilian Schell တို့၏ မွေးစားသမီးဖြစ်သူ ရုပ်ရှင်မင်းသမီး ချော Angelina Jolie Voight သည်

အနုပညာ မျိုးရိုးမှ ဆင်းသက်လာသူတစ်ဦး ဖြစ်ပြီး အသက်ခြောက်နှစ် အရွယ်မှစတင်၍ ဖခင်နှင့်အတူ ရုပ်ရှင်များတွင် သရုပ်ဆောင်ခဲ့သည်။ ၁၉၇၅ ခုနှစ် ဇွန် ၄ ရက်တွင် လော့စ် အိန်ဂျလိစ်၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဂျာမန်၊ စလိုဗတ်၊ ပြင်သစ်၊ ကနေဒီယန်၊ ဒတ်ခ်ျ သွေးနှောသူလည်း ဖြစ်သည်။ Jolie ဟူသည့် အမည်မှာ ပြင်သစ်ဘာသာဖြင့် ''လှပသော'' ဟု အဓိပ္ပာယ် ရသည်ဟုဆိုသည်။


သူအသက် နှစ်နှစ်မပြည့်မီ ကပင် မိဘများမှာ အိမ်ထောင်ရေး ပြိုကွဲခဲ့ပြီး မိခင်နှင့်အတူ နေထိုင်ခဲ့သော Jolie သည် ငယ်စဉ်ကတည်းကပင် အနုပညာကို ဝါသနာပါခဲ့သူ ဖြစ်သည်။ ငယ်စဉ်က Beverly Hills High School ၌ ပညာ သင်ယူခဲ့သော်လည်း ပျော်ရွှင်မှု မရရှိခဲ့ပေ။ အကြောင်းမှာ မျက်မှန်တပ်ပြီး အလွန်ပိန် လှီသော ခန္ဓာကိုယ်တွင် ဘောင်းဘီ သိုင်းကြိုးတပ်ဝတ်ဆင်တတ်သည့် Jolie မှာ အထက်တန်းလွှာ မိသားစုဝင် ကျောင်းသားများ ကြားတွင် စနောက်စရာ ကလေးငယ် အဖြစ် ကြီးပြင်းခဲ့ရပြီး မိခင်ဖြစ်သူ မှာလည်း တစ်ဦးတည်း ကြိုးစားရုန်းကန်ခဲ့ရသော အချိန်ဖြစ်သောကြောင့်ပင်။ ဆယ်ကျော်သက် အရွယ်တွင် Jolie သည် စိတ်ကျဝေဒနာကို ခံစားခဲ့ရပြီး အထီးကျန်စွာ ဖြတ်သန်းခဲ့ရသည်။ အသက် ၁၁ နှစ်တွင် သရုပ်ဆောင် အတတ်ပညာကို Lee Strasberg Theatre Institute တွင် လေ့လာဆည်းပူးခဲ့ပြီး အသက် ၁၄ နှစ်တွင် ကျောင်းမှ ထွက်ခဲ့သည်။ နောက်ပိုင်းတွင် NewYork University တွင် ဆက်လက်သင်ယူခဲ့သည်။ အသက် ၁၆ နှစ်တွင် အသက်မွေးဝမ်းကျောင်း အဖြစ် ဖက်ရှင်မော်ဒယ်လ် စတင် လုပ်ကိုင်ခဲ့သည်။


မည်သို့ပင် ခက်ခဲကြမ်းတမ်းသော ဘဝကို ရင်ဆိုင်ခဲ့ရသော်လည်း မိမိ ဖြစ်ချင်သည့် ဆန္ဒအတိုင်း တိကျသော ရည်မှန်းချက် ထားရှိပြီး တစိုက်မတ်မတ် ကြိုးစားခဲ့ခြင်းကြောင့် လူသိများပြီး အောင်မြင်သော သရုပ်ဆောင် တစ်ဦး ဖြစ်လာသည်။ Jolie သည် ရွှေကမ္ဘာလုံးဆု သုံးကြိမ်နှင့် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် ဆုများ အကြိမ်ကြိမ် ရရှိခဲ့သည့် အပြင် ၂ဝဝ၉ ခုနှစ်၊ ၂ဝ၁၁ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်များတွင် ဟောလီးဝုဒ်၌ သရုပ်ဆောင်ကြေး အမြင့်ဆုံး ရရှိသူ အဖြစ် Forbes မဂ္ဂဇင်းက မှတ်တမ်းတင် ဂုဏ်ပြုခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။


၂ဝဝ၁ ခုနှစ်တွင် ရိုက်ကူးခဲ့သော Tomb Raider ရုပ်ရှင်ကားဖြင့် ကမ္ဘာကျော်ဖြစ်လာခဲ့သော Jolie သည် ထိုရုပ်ရှင်ဖြင့် အမေရိကန်ဒေါ်လာ ၂၇၅ သန်း အထိပင် ဝင်ငွေ ရရှိခဲ့သည်။ အမေရိကန် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ စာရေးဆရာ ၊ ဇာတ်ညွှန်းရေးဆရာအဖြစ် ထင်ရှားကျော်ကြားသော Jolie သည် ၂ဝ၁၃ ခုနှစ် မေလတွင် ရင်သားကင်ဆာရောဂါကို ကာကွယ်နိုင်ရန် သားမြတ် ဖြတ်ထုတ်ပစ်ခဲ့ရသည်။ ''ကျွန်မကို ဆရာဝန်က ရင်သားကင်ဆာဖြစ်ဖို့ ၈၇ ရာခိုင်နှုန်းနဲ့ သားအိမ်ကင်ဆာဖြစ်ဖို့ ၅ဝ ရာခိုင်နှုန်း ရှိတယ်လို့ ခန့်မှန်း ပြပါတယ်။ ကျွန်မ စစသိချင်းမှာပဲ ဒါဟာ အမှန်တရား တစ်ခုဖြစ်လို့ လက်ခံရမယ်။ ဘယ်လို ကာကွယ်ရမလဲ၊ ဆိုးဆိုးရွားရွား အန္တရာယ်မဖြစ်အောင် ဘယ်လိုတားဆီးရမလဲ ဆိုတာကို သိအောင်ကြိုးစားပြီး နေထိုင်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်'' ဟု ဆိုသည်။


တိကျခိုင်မာသော ရည်ရွယ်ချက်ဖြင့် ဆက်လက် လျှောက်လှမ်းနေသော Jolie သည် လက်ရှိတွင် မင်းသားချော Brad Pitt နှင့်အတူ နေထိုင်လျက်ရှိကာ ကလေးခြောက်ဦးကို မွေးစားထားပြီး ပျော်ရွှင်ဖွယ် ရာမိသားစု ဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။


အောင်မြင် ကျော်ကြားမှုများနှင့် တင်းတိမ်ရောင့်ရဲ မနေဘဲ လူမှုရေး လုပ်ငန်းများကိုလည်း အားကြိုး မာန်တက် လုပ်ဆောင်လျက်ရှိပေရာ ၂ဝဝ၁ ခုနှစ်တွင် UNHCR ၌ သံတမန်အဖြစ် ဆောင်ရွက်ခဲ့ပြီး ပရဟိတ လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ''ကျွန်မ သန်းပေါင်းများစွာသော ဒုက္ခရောက်နေတဲ့ လူတွေကို လျစ်လျူ ရှုပြီး မနေနိုင်ပါဘူး။ ကျွန်မ ရိုးသားစွာ ကူညီချင်ပါတယ်။ တရားမျှတမှုနဲ့ တန်းတူအခွင့်အရေး ရရှိမှုကို တခြားလူတွေလိုပဲ ကျွန်မလည်း တန်ဖိုးထားပါတယ်။ ဘဝကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်း စေချင်ပါတယ်။ ကျွန်မတို့ ဒုက္ခရောက်နေခဲ့ရင်လည်း ကျွန်မတို့ကို ကူညီမယ့်သူတွေ ပေါ်လာလိမ့်မယ်လို့ ကျွန်မ ယုံကြည် ပါတယ်'' ဟု ဆိုသည်။ ။


ရိုးပြေပြစ်အောင်


မြ၀တီ





from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/SfEWX2

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...