သမ္မတဦးသိန်းစိန်သည် သြစတြီးယားနိုင်ငံ ပို့ဆောင်ရေး၊ တီထွင်မှုနှင့် နည်းပညာဝန်ကြီး H.E.Ms.Doris BURES နှင့်အဖွဲ့ အား မေ ၇ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သမ္မတရုံး သတင်းထုတ်ပြန်မှုအရ သိရသည်။
အဆိုပါ သြစတြီးယားဝန်ကြီးနှင့်အတူ ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီး H.E Mr.Enno DROFENIK လည်း ပါဝင်ခဲ့ပြီး သြစတြီးယားနိုင်ငံမှ နည်းပညာ အကူအညီဖြင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ဆက်ဆံမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ သြစတြီးယားနိုင်ငံမှ လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရေးတို့အပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သြစတြီးယားဝန်ကြီးသည် ပို့ဆောင်ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးတို့နှင့်လည်း တွေ့ဆုံခဲ့ပြီး ပို့ဆောင်ရေးကဏ္ဍနှင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေးများအတွက် နားလည်မှုစာချွန်လွှာများကို နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
from Eleven Daily News http://ift.tt/1kNdma3
Comments
Post a Comment