Skip to main content

တရုတ်သတ္တုတွင်း သူဌေးကြီးတစ်ဦးကို သေဒဏ်ချမှတ် ဘေဂျင်း၊ မေ ၂၃ လာဘ်စားမှုဖြင့် ဖမ...



တရုတ်သတ္တုတွင်း သူဌေးကြီးတစ်ဦးကို သေဒဏ်ချမှတ်



ဘေဂျင်း၊ မေ ၂၃



လာဘ်စားမှုဖြင့် ဖမ်းဆီးခံထားရသော တရုတ်ပေါလစ်ဗျူရို အမြဲတမ်း ကော်မတီဝင်ဟောင်းလည်းဖြစ်၊ လုံခြုံရေးဆိုင်ရာ အကြီးအကဲဟောင်းလည်း ဖြစ်သော ကျိုးယန်ကန်နှင့် ဆက်စပ်နေသော တရုတ်သူဌေးကြီး တစ်ဦးဖြစ်သူ လျူဟန်ကို သေဒဏ် ချမှတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။



တရုတ်သတ္တုတွင်း လုပ်ငန်းပိုင်ရှင် သူဌေးကြီးတစ်ဦး ဖြစ်သော လျူဟန်နှင့် ၎င်း၏ ညီအစ်ကိုတော်သူ လျူဝေကို မာဖီးယားပုံစံ အုပ်စုလိုက် ပြစ်မှုကျူးလွန်ခြင်း၊ လူသတ်ခြင်းများနှင့် ဆက်စပ်နေသည်ကို ဟူးပေတရားရုံးက တွေ့ရှိရကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။



တရုတ်သူဌေးကြီး လျူဟန်ကို ယခုကဲ့သို့ သေဒဏ်ပြစ်ဒဏ် ချမှတ်လိုက်ခြင်းသည် တရုတ်လုံခြုံရေး အကြီးအကဲဟောင်း ကျိုးယန်ကန် အပေါ် လာဘ်စားမှုဖြင့် ဖြိုခွင်းခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။



ဟူးပေတရားရုံးက အမိန့်ချမှတ်ရာတွင် တရုတ်သူဌေးကြီး လျူဟန်နှင့် ၎င်းတို့အဖွဲ့သည် အုပ်စုဖွဲ့ပုံစံဖြင့် တရားမဝင် နည်းလမ်းများ သုံး၍ ငွေကြေး ရယူမှုများ ရှိကြောင်း ပြောကြားခဲ့သည်။



ယခု သေဒဏ် ချမှတ်ခံလိုက်ရသော လျူဟန်သည် Sichuan Hanlong Group သတ္တုတွင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၂ ခုနှစ်က Forbes မဂ္ဂဇင်းက သတ်မှတ်သော တရုတ်အချမ်းသာဆုံး လူများစာရင်းတွင် အဆင့် ၁၄၈ တွင် ဖော်ပြခံခဲ့ရသူ ဖြစ်သည်။



တရုတ်အစိုးရ သတင်းမီဒီယာတွင် ယခင်က ဖော်ပြချက်အရ စီချွမ်အခြေစိုက် ရာဇဝတ်ဂိုဏ်းသည် ယခု သေဒဏ် ချမှတ်ခံလိုက်ရသော သူဌေးကြီး လျူဟန်ကို စီချွမ်ပြည်နယ် နိုင်ငံရေးအကြံပေး အဖွဲ့ဝင်ဖြစ်စေရန် အရေးပါသော အခန်းကဏ္ဍက ပါဝင်ကြောင်း ဖော်ပြထားသည်။



တရုတ်အစိုးရသစ် လက်ထက်တွင် လာဘ်စားမှု တိုက်ဖျက်ရေး ကြွေးကြော်သံဖြင့် တရုတ်ပေါလစ်ဗျူရို အမြဲတမ်း ကော်မတီဝင်ဟောင်းဖြစ်သူ ကျိုးယန်ကန်ကို လာဘ်စားမှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ၎င်းနှင့် ပတ်သက်နေသူများကိုလည်း ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ စုံစမ်း စစ်ဆေးခြင်းများ ပြုလုပ်လျက် ရှိသည်။



တရုတ်တွင် သြဇာကြီးသော ပေါလစ်ဗျူရို အမြဲတမ်း ကော်မတီဝင်လည်းဖြစ်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဟောင်းလည်း ဖြစ်သူ ကျိုးယန်ကန်သည် ယခင်က စီချွမ်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးဟောင်းလည်း ဖြစ်သည်။



ယခုနှစ် ဧပြီလက စီချွမ်ပြည်နယ် ဒု-အုပ်ချုပ်ရေးမှူးဟောင်း ကျိုယန်ရှန်းကို လည်ကောင်း၊ စီချွမ်ပြည်နယ်ပါတီ ဒု-ဥက္ကဋ္ဌဟောင်းကို လည်းကောင်း လာဘ်စားမှုဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။







from The Voice Weekly's Facebook Wall http://ift.tt/1m4DS0y

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...