မြောက်အိုင်ယာလန် က ထင်ရှား ကျော်ကြားတဲ့ ရှင်ဖိန်းပါတီ ခေါင်းဆောင် ဂျယ်ရီ အယ်ဒမ်းစ် ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က ရဲ ကနေ၊ ၁၉၇၂ ခုနှစ် က လူသတ်မှု နဲ့ပတ်သက် ပြီး ဖမ်းဆီးလိုက် မှု ဟာ နိုင်ငံရေး လောက မှာ ဟိုးဟိုးကျော် သွားခဲ့ပါတယ်။ မနေ့ ကတော့ သူ့ ကို ရဲ က စစ်ဆေးမှု စတင်ပါပြီ။
ဒီလို ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်တဉီး ကို ဖမ်းဆီးခြင်း ဟာ နိုင်ငံရေး ပယောဂ မကင်းဘူး လို့ ဂျယ်ရီအယ်ဒမ်းစ် ရဲ့ နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက်၊ မြောက်အိုင်ယာလန် ဝန်ကြီး မာတင် မက်ဂင်းနစ်က ပြောပါတယ်။ အထူးသဖြင့် မြောက်အိုင်ယာလန် ရဲတပ်ဖွဲ့ထဲ က အရာရှိတချို့နဲ့ အိုင်ယာလန် ငြိမ်းချမ်းရေး ကို ဆန့်ကျင်ကြတဲ့ လူတွေ ကို စွပ်စွဲ လိုက်တာပါ။
ရှင်ဖိန်းပါတီခေါင်းဆောင် ဂျယ်ရီအယ်ဒမ်းစ်အမှု - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1iPwE21
Comments
Post a Comment