Skip to main content

ခန္ဓာကိုယ် အပူချိန်မှ စွမ်းအင်ထုတ်လုပ်ရန် တောင်ကိုရီးယား သုတေသီများ စမ်းသပ်






ယနေ့ခေတ်တွင် ခန္ဓာကိုယ်၌ ဝတ်ဆင်ရသော လက်ပတ်နာရီ၊ လက်စွပ်နှင့် မျက်မှန်ကဲ့သို့ စမတ်ကိရိယာများ၌ အဓိက ပြဿနာ တစ်ရပ်မှာ စွမ်းအင်ထုတ်လုပ်သည့် အစိတ်အပိုင်းအတွက် တည်ဆောက်မှု ကြီးကြီးမားမား နေရာပေးရခြင်း ဖြစ်သည်။ ထိုအခြေအနေတွင် တောင်ကိုရီးယား သုတေသီများက ခန္ဓာကိုယ် အပူချိန်ကို စွမ်းအင်အဖြစ် ပြောင်းလဲထုတ်လုပ်ပေးနိုင်မည့် စမတ်နည်းပညာ တစ်ရပ်ကို စမ်းသပ်နေခြင်း ဖြစ်သည်။

ခန္ဓာကိုယ်တွင် ဝတ်ဆင်ရသည့် စမတ်အသုံးအဆောင် နည်းပညာ ထွန်းကားလာခြင်းနှင့်အတူ တောင်ကိုရီးယားမှ သုတေသီများက ခန္ဓာကိုယ်အား စွမ်းအင်ထုတ်လုပ်သည့် စက်ကိရိယာ တစ်ခုအနေဖြင့် အသုံးပြုမည့် နည်းလမ်းကိုပါ တီထွင်ဖန်တီးနေပြီ ဖြစ်သည်။ အမျှင်ဓာတ်ကို အခြေခံ တည်ဆောက်သည့် Generator တစ်မျိုးကို တောင်ကိုရီးယားနိုင်ငံမှ ပညာရှင်များက ဖန်တီးစမ်းသပ်လျှက် ရှိသည်။ ယနေ့ခေတ်တွင် ခန္ဓာကိုယ်၌ ဝတ်ဆင်ရသော လက်ပတ်နာရီ၊ လက်စွပ်နှင့် မျက်မှန်ကဲ့သို့ စမတ်ကိရိယာများ၌ အဓိက ပြဿနာ တစ်ရပ်မှာ စွမ်းအင်ထုတ်လုပ်သည့် အစိတ်အပိုင်းအတွက် တည်ဆောက်မှု ကြီးကြီးမားမား နေရာပေးရခြင်း ဖြစ်သည်။


ထိုအခြေအနေတွင် တောင်ကိုရီးယား သုတေသီများက ခန္ဓာကိုယ် အပူချိန်ကို စွမ်းအင်အဖြစ် ပြောင်းလဲထုတ်လုပ်ပေးနိုင်မည့် စမတ်နည်းပညာ တစ်ရပ်ကို စမ်းသပ်နေခြင်း ဖြစ်သည်။ ပတ်ဝန်းကျင် လေထုနှင့် ခန္ဓာကိုယ် အပူချိန်တို့ကြား ခြားနားမှုကိုလိုက်၍ ယင်းနည်းပညာက စွမ်းအင်ကို စုဆောင်း ထုတ်ယူပေးမည် ဖြစ်သည်။ အဆိုပါ နည်းပညာ အောင်မြင်သွားပါက ခန္ဓာကိုယ်တွင် ဝတ်ဆင်ရသည့် စမတ်အသုံးအဆောင် ကိရိယာများ ခေတ်မီကောင်းမွန်လာစေရေးအတွက် အဓိက အထောက်အပံ့တစ်ခု ဖြစ်လာနိုင်သည်။ ကိုရီးယား ခေတ်ရှေ့ပြေး သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် (KAIST)မှ ပညာရှင်များသည် လူ့ခန္ဓာကိုယ် အပူချိန်မှတစ်ဆင့် စွမ်းအင်ထုတ်လုပ်ပြီး စမတ်ကိရိယာများအတွက် အထောက်အပံ့ပြုမည့် နည်းပညာအား ထဲထဲဝင်ဝင် စမ်းသပ်နေခြင်း ဖြစ်သည်။


ဦးဆောင်သုတေသီ တစ်ဦးဖြစ်သည့် ပရော်ဖက်ဆာ ချိုဗြောင်ဂျင်က ကွေးညွတ်နိုင်သည့် Thermoelectric Generator တစ်မျိုးကို စမ်းသပ်တီထွင်လျှက် ရှိသည်။ ယင်းသည် ခန္ဓာကိုယ်တွင် တွယ်စပ်တပ်ဆင်နိုင်မည့် နှလုံးခုန်နှုန်း ညွှန်ပြစက်၊ စမတ်မျက်မှန်များ အပါအဝင် အခြားသော ကိရိယာငယ်များကို အားဖြည့်ထောက်ပံ့နိုင်အောင် ကူညီပေးမည် ဖြစ်သည်။ သေးငယ်သော်လည်း တိကျပြတ်သားသည့် အပူချိန် ကွာခြားမှု ပမာဏကို အရေပြားနှင့် လေထုတို့ကြားမှ ခွဲထုတ်တွက်ချက်ယူကာ Generatorက လျှပ်စစ်စွမ်းအင်အဖြစ် ကူးပြောင်း ထောက်ပံ့မည် ဖြစ်သည်။


KAIST၏ လက်ရှိ တီထွင်နေသော Generatorလေးများသည် အလွန်ပေါ့ပါးပြီး ကွေးညွှတ်နိုင်သောကြောင့် သယ်ယူရန်လည်း လွယ်ကူလှကြောင်း သိရှိရသည်။ ပရော်ဖက်ဆာချိုက ၎င်းတို့၏ Generatorလေးများသည် စမတ်ဖုန်းများကိုပါ အားသွင်းနိုင်လိမ့်မည်ဟု အတည်ပြုခဲ့သည်။ “လောလောဆယ်တော့ ကျွန်တော်တို့ရဲ့ စမ်းသပ်ဆဲ ပုံစံငယ်က ဆေးဘက်ဆိုင်ရာ အာရုံခံ ကိရိယာတွေကို စွမ်းအင်ထောက်ပံ့ဖို့ အဓိက ရည်ရွယ်ထားပါတယ်။ အဲဒီနောက်မှာတော့ ဒီGeneratorလေးတွေရဲ့ အဓိက ဦးတည်ချက်ဟာ စမတ်ဖုန်းတွေ ဖြစ်လာမှာပါ”ဟု ၎င်းက ပြောကြားသွားခဲ့သည်။


Planet Myanmar Network






from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1mtjcQh

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...