Skip to main content

သန်လျင်မြို့နယ်တွင် လေပြင်းတိုက်မှုကြောင့် အခြေခံပညာကျောင်းများ အပါအ၀င် အိမ်ခြေ ၂...



သန်လျင်မြို့နယ်တွင် လေပြင်းတိုက်မှုကြောင့် အခြေခံပညာကျောင်းများ အပါအ၀င် အိမ်ခြေ ၂၀၀ ခန့်ပျက်စီး



ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် တွင် မေ ၈ ရက်က လေပြင်းတိုက်မှုကြောင့် အခြေခံပညာကျောင်းနှင့် လူနေအိမ်ခြေ ၂၀၀ ခန့် ပျက်စီးသွားကြောင်း သန်လျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။



သန်လျင်မြို့နယ်တွင် မေ ၈ ရက်က မွန်းလွဲ ၃ နာရီ မိနစ် ၃၀ မှ မွန်းလွဲ ၄ နာရီ ထိတိုက်ခတ်ခဲ့သော လေပြင်းကြောင့် ဗိုလ်ချုပ်ကျေးရွာတွင် အိမ်ခြေ ၂၅ လုံး၊ အလွမ်းဆွတ် ကျေးရွာတွင် အိမ်ခြေ ၅ လုံး၊ ညောင်သုံးပင် ကျေးရွာတွင် အိမ်ခြေအလုံး ၄၀၊ ဘုရားကုန်း ကျေးရွာတွင် အိမ်ခြေအလုံး ၃၀၊ အေးသာယာ ကွက်သစ်တွင် အိမ်ခြေအလုံး ၄၀၊ အောင်ချမ်းသာ ရပ်ကွက်တွင် အိမ်ခြေ ၃၃ လုံး စုစုပေါင်း ၁၇၈ လုံး ပျက်စီးခဲ့ပြီး အခြေခံပညာ စာသင်းကျောင်း (၅)ကျောင်းနှင့် အစိုးရ အဆောက်အအုံ လေးလုံးတို့ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သန်လျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က မေ ၉ ရက်တွင် ပြောကြားသည်။



"လေပြင်းတိုက်မှုတွေကြောင့် ကျောင်းတွေ၊ အိမ်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် လူအသေအပျောက်တော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ လေပြင်းတိုက်နေတုန်း မိုးကြိုးပစ်မှုကြောင့် သန်လျင်ရုံးသပြေ ကျေးရွာမှာတော့ လူတစ်ယောက် သေဆုံးသွားပါတယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ အိမ်ခြေတွေက ပြည်သူတွေကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး နေရေးထိုင်ရေး အဆင်ပြေအောင် စီစဉ်နေပါတယ်" ၎င်းဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။



သန်လျင်မြို့ပေါ်ရှိ လျှပ်စစ်ဓာတ်အားပေးတိုင် ၇၀ ခန့် ပျက်စီးခဲ့ပြီး ကျေးရွာ၊ ရပ်ကွက်များရှိ လူနေအိမ်ခြေများမှာ လေပြင်းကြောင့် အမိုးလန်သွားခြင်း၊ သစ်ပင်လှဲ၍ အိမ်ပိခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး စာသင်ကျောင်းများနှင့် အစိုးရ အဆောက်အအုံတို့တွင် အမိုးလန်ခြင်း၊ ခြံစည်းရိုးပြိုလဲခြင်းတို့ ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။



သန်လျင်မြို့နယ် မြို့သစ်အရှေ့ရပ်ကွက် ရှိ အ-ထ-က(၂)ကျောင်းတွင် ကျောင်းဆောင် (၂)ဆောင် အမိုးလန်ခြင်း၊ အောင်ချမ်းသာ ရပ်ကွက် အ-လ-က (ခွဲ) တွင် ကျောင်း ဆောင်(၂) ဆောင် အမိုးလန်၍ ကျောင်းခြံစည်းရိုး ပေ ၂၀၀ ခန့်ပြိုလဲခြင်း၊ ညောင်သုံးပင် ကျေးရွာ အ-လ-က (ခွဲ) တွင် ကျောင်းဆောင် အမိုးလန်ခြင်း၊ အောင်မင်္ဂလာရပ်ကွက် အ-မ-က ကျောင်းတွင် ကျောင်းဆောင်သစ်ပင်ပိပြီး ခြံစည်းရိုးအုတ်တံတိုင်း ပြိုလဲခြင်း၊ အလွမ်းဆွတ်ကျေးရွာ အ-မ-ကကျောင်းတွင် ခြံစည်းရိုး ပေ ၁၀၀ ခန့် ပြိုလဲခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။



ထို့ပြင် သန်လျင်မြို့နယ်ရှိ အစိုးရအဆောက်အအုံများဖြစ်သော တရားရုံး၊ ဥပဒေရုံး၊ မြေစာရင်းရုံး၊ ခဲမဖြူသတ္တု သန့်စင်စက်ရုံတို့တွင် ခေါင်မိုးအမိုးလန်ခြင်းတို့ ဖြစ်ပွားခဲ့သည်။



"ရုတ်တရက်ထတိုက်တော့ ဘယ်ပြေးလို့ ပြေးရမှန်းမသိခင် အိမ်ဘေးနားက ယူကလစ်ပင်ကလဲပြီး အိမ်နောက်ဖေးကို ပိသွားတယ်။ အိမ်ခေါင်းမိုး ပျက်စီးသွားပေမယ့် အိမ်ကလူတွေ ဘာမှမဖြစ်တာ တော်သေးတယ်။ မနက်ကတော့ သက်ဆိုင်ရာက လာကြည့်သွားပြီး စာရင်းမှတ်သွားတာတော့ တွေ့လိုက်တယ်။ ပြီးတော့ကိုယ့်ဘာသာပဲ အပျက်အစီးတွေ ဖယ်လိုက်ပါတယ်" ဟု သန်လျင်မြို့နယ်၊ ဆောက်လုပ်ရေးဝင်း အနီးရှိ သစ်ပင်ပိသွားသော အိမ်ရှင်တစ်ဦးက ပြောကြားခဲ့သည်။



(လေပြင်းတိုက်မှုကြောင့် သန်လျင်မြို့နယ်ရှိ တရားရုံး အဆောက်အအုံတစ်ခု ပျက်စီးနေသည်ကို မေ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်))







from Eleven Media Group's Facebook Wall http://ift.tt/RxF97j

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3