Skip to main content

ရန်ကင်း ခေါင်းဖြတ်လူသတ်မှု သက်သေများ စစ်ဆေးရန် လေးဦးကျန် ရန်ကုန်၊ မေ ၂၃ ရန်ကင်...



ရန်ကင်း ခေါင်းဖြတ်လူသတ်မှု သက်သေများ စစ်ဆေးရန် လေးဦးကျန်



ရန်ကုန်၊ မေ ၂၃



ရန်ကင်းမြို့နယ် အမှတ် ၁၂ ရပ်ကွက် မေတ္တာရိပ်သာ လမ်းဆုံအနီးတွင် လွန်ခဲ့သော နှစ်လကျော်ခန့်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ်လူသတ်မှုနှင့် ပတ်သက်၍ သက်သေ ၁၁ ဦးကို သင်္ဃန်းကျွန်းမြို့နယ်၊ အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးလျက် ရှိပြီး ဆက်လက်စစ်ဆေးရန် သက်သေ လေးဦးသာ ကျန်ရှိကြောင်း အရှေ့ပိုင်းခရိုင် တရားရုံး၊ တွဲဘက် (၄) မှ ခရိုင်တရားသူကြီး ဦးငြိမ်းမြင့်က ပြောကြားသည်။



ယင်းလူသတ်မှုနှင့် ပတ်သက်၍ ခရိုင်တရားရုံးတွင် သက်သေ ၁၅ ဦးကို ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ အပတ်စဉ် ရုံးချိန်း ခုနစ်ချိန်းအထိ ခေါ်ယူစစ်ဆေးခဲ့ရာမှ မတ်လ ၂၂ ရက်နေ့ထိ လူသတ်မှု ကျူးလွန်သည်ဟု တိုင်ကြားခံရသူ၏ ဦးလေးတော်စပ်သူ၊ အစ်ကိုဝမ်းကွဲ ဖြစ်သူနှင့် သေဆုံးသူ ကိုမင်းမင်းဦး (ခ) အကြီးကောင်၏ ယောက္ခမဖြစ်သူ ဒေါ်နီနီ အပါအဝင် သက်သေ ၁၁ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း၊ မေလ ၂၉ ရက်နေ့တွင် ရန်ကင်းမြို့နယ် တရားသူကြီး အပါအဝင် ကျန်လေးဦးကို ဆက်လက်ခေါ်ယူ စစ်ဆေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။



“တရားခံဘက်က ပိုက်ဆံမတတ်နိုင်လို့ ရှေ့နေ့မငှားနိုင်ဘူး။ နိုင်ငံတော်စရိတ်နဲ့ ရှေ့နေ ငှားရမ်းထားပါတယ်။ ပုဒ်မ ၃၀၂ အရ ရဲတင်ပြထားတဲ့ သက်သေတွေကို ရုံးတော်က စစ်ဆေးနေဆဲပါ” ဟု ခရိုင်တရားသူကြီး ဦးငြိမ်းမြင့်က ရှင်းပြသည်။



မတ်လ ၁၅ ရက်နေ့ ည ၉ နာရီခန့်က ယင်းလူသတ်မှုနှင့် ပတ်သက်၍ မေလ ၂၂ ရက်နေ့က မေတ္တာရိပ်သာလမ်း၌ နေထိုင်သော တရားလိုပြသက်သေ အမျိုးသမီးနှစ်ဦးကို ခေါ်ယူစစ်ဆေးခဲ့ရာတွင် သက်သေနှစ်ဦးက ခေါင်းဖြတ်မသတ်မီ ထိုးကြိတ် ရိုက်နှက်ခဲ့သည်ကို မြင်တွေ့ခဲ့ကြောင်း ရုံးတော်၌ ထွက်ဆိုခဲ့သည်။



ရန်ကင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော အဆိုပါ ခေါင်းဖြတ် လူသတ်မှုနှင့် ပတ်သက်၍ ရပ်ကွက်နေ ပြည်သူများက မတ်လ ၂၈ ရက်နေ့က တရားဥပဒေစိုးမိုးရေးနှင့် အဆိုပါ လူသတ်မှုကို ရှုတ်ချသည်ဟု ဆိုကာ လူဦးရေ ၇၀၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့သည်။



အဆိုပါအမှုကို အမှုမှန်ပေါ်ပေါက်ရေးအတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။



သေဆုံးခဲ့သော ကိုမင်းမင်းဦး (ခ) အကြီးကောင်မှာ ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက် လူငယ်မေတ္တာလမ်းတွင် နေထိုင်ပြီး ကျပန်းလုပ်ကိုင်သူ ဖြစ်ကြောင်း၊ မတော်တဆ ပခုံးချင်း တိုက်မိရာမှ ခေါင်းဖြတ် အသတ်ခံခဲ့ရကြောင်း၊ ယင်းလူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ ပုဒ်မ ၃၀၂ ဖြင့် တင်ထားသော စွဲချက်ကို စောင့်ကြည့်လျက် ရှိကြောင်း ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက်တွင် နေထိုင်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမျိုးမင်း (ခ) မုန်းခက်က ပြောဆိုသည်။

from The Voice Weekly's Facebook Wall http://ift.tt/1ndQogR

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...