Skip to main content

တရုတ်တွင် တံတားတစ်စင်း ကျိုးကျ၊ လူ ၁၁ ဦး သေဆုံး ကွမ်ကျိုး၊ မေ ၅ တရုတ်နိုင်ငံ...



တရုတ်တွင် တံတားတစ်စင်း ကျိုးကျ၊ လူ ၁၁ ဦး သေဆုံး



ကွမ်ကျိုး၊ မေ ၅



တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုးမြို့ရှိ ကျေးရွာတစ်ရွာတွင် စနေနေ့က တံတားတစ်စင်း ကျိုးကျခဲ့ရာ လူ ၁၁ ဦး သေဆုံးသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။



ယခု ကျိုးကျသွားသော တံတားသည် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော တံတားဖြစ်ပြီး တရားမဝင် တည်ဆောက်ထားသော တံတားလည်း ဖြစ်သည်။



အဆိုပါ တံတားသည် တရုတ်နိုင်ငံ တောင်ပိုင်းရှိ ကွမ်ဒေါင်းပြည်နယ် ကွမ်ကျိုး မြို့တော်၏ လိုင်ကန်ကု ကျေးရွာ တစ်ရွာတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။



ယင်းတံတား ကျိုးကျသွားခြင်းကြောင့် လူငါးဦးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး၊ ခြောက်ဦးမှာ ဆေးရုံတွင် သေဆုံးသွားခြင်းလည်း ဖြစ်သည်။



ယခုဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်အစိုးရက စုံစမ်းစစ်ဆေးလျက် ရှိပြီး၊ တံတားတည်ဆောက်သူ ကန်ထရိုက်ကိုလည်း ဖမ်းဆီးထားကြောင်း တရုတ်အစိုးရ မီဒီယာများတွင် ဖော်ပြထားသည်။



တံတားကျိုးကျ သွားပြီးနောက် လူ ၂၆ ယောက်မှာ တံတားအောက်ရှိ အပျက်အစီးများကြားတွင် ပိတ်မိနေပြီး၊ ကယ်ထုတ်နိုင်သူများကို ဆေးရုံသို့ တင်ပို့ ကုသလျက် ရှိသည်။



“အရင်ကထက်စာရင် အများကြီး ပြန်ကောင်းလာပါပြီ။ ဆေးရုံကို စရောက်တုန်းကဆို မျက်စိတောင် မဖွင့်နိုင်ဘူး” ဟု အသက်ရှင် ကျန်ရစ်သူ ကျင်ကျီချုဆိုသူက ပြောကြားသည်။



အဆိုပါ တံတား တည်ဆောက်ခြင်းကို တရုတ်အစိုးရ တာဝန်ရှိသူများက အကြိမ်ကြိမ် တားမြစ် ပိတ်ပင်ခဲ့သော်လည်း ကျေးရွာနေ လူများက ပြီးခဲ့သည့် မေလ ၁ ရက် အလုပ်သမားနေ့မှ စ၍ တိတ်တဆိတ် ပြန်လည် ဆောက်လုပ်ခဲ့ပြီး ယခုကဲ့သို့ ကျိုးကျ ပျက်စီးသွားခြင်း ဖြစ်ကြောင်း တရုတ်အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။







from The Voice Weekly's Facebook Wall http://ift.tt/1usQsg8

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...