ဖူလ်ဟမ်နှင့် ကာဒစ်ဖ်တို့ တန်းဆင်းသွားခဲ့ပြီး စပါး၏ရှုံးပွဲကို မန်ယူ အခွင့်အရေးမယူနိုင်ခဲ့
ပရီးမီးယားလိဂ်ပွဲစဉ်(၃၇) စနေည ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြရာ အစောဆုံးပွဲစဉ်တွင် စပါးက ၀က်စ်ဟမ်းအသင်းကို အဝေးကွင်းတွင် ရှုံးနိမ့်ခဲ့ သည်။ သို့သော် စပါးအသင်း၏ ယူရိုပါလိဂ်ဝင်ခွင့်ပြိုင်ဘက် မန်ယူအသင်းမှာ လည်း တန်းဆင်းဇုန်မှ ဆန်းဒါးလန်းကို အိမ်ကွင်းတွင်ရှုံးနိမ့်ခဲ့သဖြင့် စပါးအသင်း၏အမှားကို အခွင့်အရေးယူနိုင်ခြင်းမရှိခဲ့ချေ။ အခြားပွဲစဉ်များတွင် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့သည့် ကာဒစ်ဖ်နှင့် စတုတ်စီးတီးကို ရှုံးနိမ့်ခဲ့သည့် ဖူလ်ဟမ်အသင်းတို့မှာ ပရီးမီးယားလိဂ်ရာသီကုန်ရန် တစ်ပွဲအလိုမှာပင် တန်း ဆင်းသွားခဲ့ရပြီဖြစ်သည်။
ပွဲရလဒ်များ
ဝက်စ်ဟမ်း ၂-၀ စပါး
အက်စတွန်ဗီလာ ၃-၁ ဟားလ်စီးတီး
မန်ယူ ၀-၁ ဆန်းဒါးလန်း
နယူးကာဆယ် ၃-၀ ကာဒစ်ဖ်
စတုတ်စီးတီး ၄-၁ ဖူလ်ဟမ်
ဆွမ်ဆီး ၀-၁ ဆောက်သမ်တန်
အဲဗာတန် နှင့် မန်စီးတီး (မြန်မာစံတော်ချိန် ည ၁၁ နာရီတွင် ကစားမည်)
from Eleven Media Group's Facebook Wall http://ift.tt/1iP6My9
Comments
Post a Comment