Skip to main content

လသာမှတ်တိုင်တွင် ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်ပြီး ယာဉ်သုံးစီးကို ဆင့်တိုက်၊ ကားစောင...



လသာမှတ်တိုင်တွင် ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်ပြီး ယာဉ်သုံးစီးကို ဆင့်တိုက်၊ ကားစောင့်နေသူ အမျိုးသမီး သေဆုံး



ရန်ကုန်၊ မေ ၎



လသာမြို့နယ်၊ အနော်ရထာလမ်းနှင့် ၂၄ လမ်းထိပ်ရှိ လသာမှတ်တိုင်တွင် မေလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဆူးလေဘက်မှ လမ်းမတော်ဘက်သို့ မောင်းနှင်လာသော မထသ ၆၂ ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ယာဉ်သုံးစီးကို ဆင့်တိုက်မိပြီး လမ်းဘေးတွင် ကားစောင့်နေသူ အသက် ၅၁ နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့ကြောင်း လသာမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။



ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၂) ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ အရွယ် ဦးစိုးထိုက်ဦး (ခ) မောင်ဝင်း မောင်းနှင်လာသော ဖူဆိုအမျိုးအစား မထသ (၆၂) ခရီးသည်တင် ယာဉ်မှာ လသာမှတ်တိုင် အနီးတွင် ဘရိတ်ပေါက်ကာ ယာဉ်ရှေ့၌ ခရီးသည် အတင်အချ ပြုနေသော (၁၅၇) ခရီးသည်တင်ယာဉ်နှင့် လမ်းဘေးတွင် ရပ်ထားသည့် ပရိုဘောက် ယာဉ်နှစ်စီးကို ဝင်တိုက်မိခဲ့ကြောင်း၊ ယင်းနောက် ကြည့်မြင်တိုင် မြို့နယ်သို့ ပြန်ရန် ဘတ်စ်ကား စောင့်နေသူ ဒေါ်ခင်သန်းကို ယာဉ်၏ ရှေ့ဘီးဖြင့် ကြိတ်မိခဲ့ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။



“မှတ်တိုင်ကို အရှိန်နဲ့ ဝင်လာချိန် ဘရိတ်ပေါက်ပြီး ရှေ့က ကားသုံးစီးကို ပွတ်တိုက်မိလို့ စီတီယာရင်တိုင်ကို လမ်းဘေးဆွဲချတာ ကားစောင့်နေတဲ့ အမျိုးသမီးကို ရှေ့ဘက်မှန်နဲ့ ဖြတ်တိုက်မိသွားတယ်။ အမျိုးသမီး လဲကျသွားချိန် ခြေထောက်ကို ဘီးနဲ့ ကြိတ်မိသွားတာကြောင့် ဆေးရုံ အမြန်ပို့ပေမယ့် အသက်မမီလိုက်ဘူး” ဟု ယာဉ်တိုက်မှုကို သွားရောက် စစ်ဆေးခဲ့သော လသာမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ အရာရှိတစ်ဦးက ရှင်းပြသည်။



အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်လေးစီး ပျက်စီးခဲ့ပြီး ကြည့်မြည်တိုင်မြို့နယ်၊ ဦးငမြဇင်ရပ်ကွက်၊ မြကလျာလမ်းတွင်နေသူ ဒေါ်ခင်သန်းမှာ သေဆုံးခဲ့သောကြောင့် မထသ ၆၂ ခရီးသည်တင် ယာဉ်မောင်း ဦးစိုးထိုက်ဦး (ခ) မောင်ဝင်းကို လသာမြို့မ ရဲစခန်းမှ ယာဉ် (ပ) ၆/ ၁၄၊ ပုဒ်မ ၂၇၉/ ၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။



အလားတူ ယင်းနေ့ ညနေ ၆ နာရီခန့်က လမ်းမတော်မြို့နယ်၊ ယာဉ်လိုင်း အမှတ် ၃၁ ကားဂိတ်အနီးတွင် ၁၃၅ ခရီးသည်တင်ယာဉ်မှာ အငှားယာဉ် တစ်စီး၏ ယာဉ်နောက်ပိုင်းကို ဝင်တိုက်မိခဲ့ပြီး ယင်းအတိုက်ခံရသည့် ယာဉ်မှ ဘီအမ် ကြို့/ပို့ယာဉ် နောက်ပိုင်းကို ဆက်လက် တိုက်မိခဲ့ရာ အငှားယာဉ်ပေါ် ပါသူနှစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အဆိုပါ ယာဉ်တိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်သူ ၁၃၅ ခရီးသည်တင် ယာဉ်မောင်းကို လမ်းမတော်မြို့မ ရဲစခန်းမှ ယာဉ် (ပ) ၂၄/ ၁၄၊ ပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈/ ၂၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1mtjGpL

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...