Skip to main content

ရေကစားပွဲတော် (ဆောင်းပါးရှင် - ဇော်နိုင်ဝင်း) နိုင်ငံတကာက Water Festival ဟုခေါ်...



ရေကစားပွဲတော်



(ဆောင်းပါးရှင် - ဇော်နိုင်ဝင်း)



နိုင်ငံတကာက Water Festival ဟုခေါ်သည့် ရေကစားပွဲတော်များ ပြုလုပ်ကျင်းပသော နိုင်ငံများမှာ အရှေ့တောင်အာရှ တိုင်းပြည်များဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းတို့ဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်လည်း ရေကစားပွဲတော်ဓလေ့ကို တွေ့ရနိုင်သည်။ ကမ္ဘောဒီးယားတွင် နိုင်ငံတကာက Water Festival ဟုခေါ်သော ရေကစားပွဲတော်မှာ လာအို၊ မြန်မာနှင့် ထိုင်းတို့မှ ရေကစားပွဲတော်များနှင့် မတူခြားနားသည်။ လာအို၊ မြန်မာနှင့် ထိုင်းတို့မှ ရေကစားပွဲတော် (Water Festival) များသည် ရိုးရာနှစ်သစ်ကူး အခါသမယ၌ လူအများ တစ်ဦးကိုတစ်ဦး ရေဖြင့်ပက်ကစားသော ယဉ်ကျေးမှု အစဉ်အလာ ပွဲတော်များဖြစ်ပြီး ကမ္ဘောဒီးယားတွင်မူ Bon Om Thook ဟု အမည်ရသည့် ခမာရိုးရာလှေပြိုင်ပွဲကို ရေကစားပွဲတော်အဖြစ် ရည်ညွှန်းခြင်းဖြစ်သည်။



လာအို၊ မြန်မာနှင့် ထိုင်းတို့၌ ရိုးရာပြက္ခဒိန် နှစ်ကူးအချိန်အခါဖြစ်သည့် ဧပြီလတွင် ရေကစားပွဲတော်များ ဆင်နွှဲခြင်း ဖြစ်သော်လည်း နိုင်ငံတကာက ရေကစားပွဲတော်ဟု ခေါ်ဆိုသော ကမ္ဘောဒီးယား၏ ရိုးရာလှေပြိုင်ပွဲ Bon Om Thook ကို နှစ်စဉ်နိုဝင်ဘာလတွင် ပြုလုပ်ကျင်းပခြင်း ဖြစ်သည်။ ကမ္ဘောဒီးယား နှစ်သစ်ကူး၏ ခမာအမည်က Chaul Chnam Thmey ဟုဖြစ်ပြီး ကမ္ဘောဒီးယားနှစ်သစ်သည် လာအို၊ မြန်မာနှင့် ထိုင်းနှစ်သစ်များနည်းတူ ဧပြီတွင် ကျရောက်သည်။ သို့သော် ခမာတိုင်းပြည်၌ လာအို၊ မြန်မာ၊ ထိုင်းမှာကဲ့သို့ တစ်ဦးကိုတစ်ဦး ရေဖြင့်ပက်ကစားသည့် နှစ်ကူးဓလေ့ မထွန်းကားပါ။ သူ့နည်းတူ ထေရ၀ါဒ ဗုဒ္ဓဘာသာ တိုင်းပြည်များဖြစ်သော ယင်းနိုင်ငံတို့မှ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခြားဓလေ့ ထုံးတမ်းများ တူညီခြင်းသာ တွေ့ရသည်။



လာအိုတွင် ရိုးရာပြက္ခဒိန် နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ပြုလုပ်သော လူအများ တစ်ယောက်ကိုတစ်ယောက် ရေဖြင့်ပက်ကစားသည့် ပွဲတော်ကို ဆောင်ခရန် (Song-kran) ဟုခေါ်သည်။ ဆောင်ခရန်သည် လာအိုနှစ်သစ်ကူး ရိုးရာပွဲတော်ဖြစ်ပြီး ပွဲတော်ကို ဧပြီ ၁၃ မှ ဧပြီ ၁၅ ထိ ဆင်နွှဲသည်။ ဆောင်ခရန်သည် လာအိုနှစ်သစ်ကူး ပွဲတော်အတွက် တရားဝင်အမည်ဖြစ်ကာ ရိုးရာရေကစားပွဲတော်အား ဆောင်ခရန်အပြင် ပီးမိုင် (Pii Mai) ဟုလည်းခေါ်ကြသည်။ လာအိုနှစ်သစ်ကူး ရေကစားပွဲတော် ပီးမိုင်သည် မြန်မာနိုင်ငံမှ သင်္ကြန်ပွဲတော်၊ ထိုင်းနိုင်ငံမှ ဆောင်ခရန်ပွဲတော်တို့နှင့် လုံးဝဆင်တူသည်။ လာအိုပြက္ခဒိန်၌ နှစ်သစ်ကူးချိန်သည် ကမ္ဘောဒီးယား၊ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းတို့၏ နှစ်သစ်ကူးချိန်များနှင့် တိုက်ဆိုင်သည်။



လာအိုများနှင့် ပင်မလူမျိုးအုပ်စုအတူ တူဖြစ်သော ထိုင်းလူမျိုးတို့ ထိုင်းနိုင်ငံတွင်လည်း နှစ်သစ်ကူး ရေကစားပွဲတော်အမည်က ဆောင်ခရန်ဖြစ်သည်။ ထိုင်းတွင် ဆောင်ခရန်ကို ရိုးရာနှစ်သစ်ကူး ပွဲတော်အဖြစ် ဧပြီ ၁၃ မှ ၁၅ ထိ ကျင်းပဆင်နွှဲသည်။ ထိုင်းဆောင်ခရန်သည် ကမ္ဘာတွင် လူသိအများဆုံး ရေကစားပွဲတော်ဖြစ်ပြီး ခရီးသွားနိုင်ငံ တစ်ခုအဖြစ် ရပ်တည်နေသော ထိုင်းအတွက် ခရီးသည်ဆွဲဆောင်ရာ အဓိကဖြစ်ရပ်တစ်ခု ဖြစ်သည်။ ဆောင်ခရန်သည် ထိုင်းနိုင်ငံသားများ၏ ရိုးရာနှစ်သစ်ကူး ရေကစားပွဲတော်အတွက် တရားဝင်အမည်ဖြစ်ပြီး လက်ရှိ၌ ဆောင်ခရန်ပွဲတော်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆင်နွှဲသည်။ သို့သော် နိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှ ဆောင်ခရန်ပွဲတော် ဆင်နွှဲကျင်းပပုံများက အကျော်ကြားဆုံးဖြစ်ပြီး ချင်းမိုင်တွင် ထိုင်းအခြားနေရာများမှာထက် ဆောင်ခရန်ပွဲတော်ရက် ပိုရှည်လျားကြောင်း သိရသည်။ ထိုင်းတို့၏ နှစ်သစ်သည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် သီရိလင်္ကာနိုင်ငံများ၏ နှစ်သစ်များနှင့် အချိန်တိုက်ဆိုင်သည်။



မြန်မာတွင် ရိုးရာနှစ်သစ်ကူး ရေကစားပွဲတော်ကို သင်္ကြန်ဟုခေါ်သည်။ သင်္ကြန်ကို မြန်မာပြက္ခဒိန်ရှိ ဆယ့်နှစ်လရာသီထဲမှ တန်ခူးလတွင် ဆင်နွှဲသည်။ ရှေးယခင်က သင်္ကြန်ပွဲတော်ရက်များအား ရိုးရာမြန်မာ နေလပြက္ခဒိန်အရ တွက်ချက်သတ်မှတ် ခဲ့သော်လည်း ယခုမူ တစ်ကမ္ဘာလုံး အတိုင်းအတာ လက်ခံအသုံးပြုနေသော ဂရီဂေါ်ရီယန် ပြက္ခဒိန်ဖြင့် ဧပြီ ၁၃ မှ ၁၆ အထိကို ပွဲတော်ရက်အဖြစ် ပုံသေသတ်မှတ်ထားသည်။ မြန်မာနှစ်သစ်ကူးသည် ခမာ၊ လာအို၊ ထိုင်း၊ ဆင်ဟာလိ (သီရိလင်္ကာ)နှစ်သစ်ကူးများနှင့် တိုက်ဆိုင်သည်။



ဆယ့်နှစ်လရာသီပတ်လုံး မြန်မာနိုင်ငံတွင် ဆင်နွှဲသည့် ရိုးရာနှင့် ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များစွာ ရှိသည့်အနက် သင်္ကြန်ပွဲတော်သည် အထင်ရှားဆုံးနှင့် အကျယ်ပြန့်ဆုံးဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အတွင်ကျယ်ဆုံး ဆင်နွှဲသောပွဲတော် ဖြစ်သည်။ သင်္ကြန်သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး အများပြည်သူ အားလပ်ရက်ဖြစ်သည်။ လူမျိုးဘာသာမရွေး ပါဝင်ဆင်နွှဲသည့် ရိုးရာပွဲဖြစ်သည်။ သင်္ကြန်ပွဲတော်ကို အခြေပြု၍ မြန်မာနိုင်ငံ၌ သင်္ကြန်သီချင်းဟုခေါ်သော သီချင်းပုံစံတစ်ရပ် ဖြစ်ပေါ်သည်။ သင်္ကြန်သီချင်းများ၏ ဂီတပုံစံများမှာ ရိုးရာသံစဉ်၊ ပေါ့ပ်၊ ဟစ်ဟော့ပ်၊ ရော့ခ်၊ အကနှင့် အီလက်ထရို စသည်ဖြင့် အမျိုးမျိုးရှိသည်။



ထေရ၀ါဒ ဗုဒ္ဓဘာသာ တိုင်းပြည်များဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းတို့၏ ရိုးရာပြက္ခဒိန် နှစ်သစ်ကူး အခါသမယများ တိုက်ဆိုင်မှုရှိပြီး ယင်းအနက် လာအို၊ မြန်မာနှင့် ထိုင်းတို့၌ နှစ်သစ်ကူးပွဲတော်အဖြစ် ရေကစားပွဲတော်များ ပြုလုပ်ကျင်းပကြသည်။ တရုတ်၊ ယူနန်ပြည်နယ်တွင်လည်း ရေကစားပွဲတော်ဓလေ့ ရှိသည်။ ခမာအခေါ် Chaul Chnam Thmey ဖြစ်သည့် ကမ္ဘောဒီးယားနှစ်သစ်တွင် တစ်ယောက်ကိုတစ်ယောက် ရေပက်ကစားသော ယဉ်ကျေးမှုဓလေ့ မထွန်းကားဘဲ နိုဝင်ဘာ၌ ပြုလုပ်ကျင်းပသည့် ခမာတို့၏ ရိုးလှေပြိုင်ပွဲ Bon Om Thook ကို အပြင်လူများက ရေကစားပွဲတော်အဖြစ် သတ်မှတ်ခေါ်ဆိုခြင်း ဖြစ်သည်။ လာအို၊ မြန်မာနှင့် ထိုင်းတို့၌ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပဆင်နွှဲသော ရေကစားသည့် ယဉ်ကျေးမှု၏ ရင်းမြစ်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ အများစု လေ့လာချက်များနှင့် အရေးအသားများအရ ယင်းနိုင်ငံများ၏ ရေကစားပွဲ အလေ့အထသည် ဟိန္ဒူပွဲတော် ဟိုလီ (Holi) ကို အခြေပြုကြောင်း ယူဆနိုင်သည်ဟု သိရသည်။ ယနေ့ခေတ် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းတို့မှ အရပ်ရပ် လူမျိုးစုအများအပြား (ဥပမာ မြန်မာ၊ မွန်၊ ခမာ၊ ထိုင်း၊ ရခိုင်၊ ရှမ်း၊ လာအို)တို့အပေါ် အင်ဒို-အာရိယန်ယဉ်ကျေးမှု လွှမ်းမိုးခြင်းမှ အစိတ်အပိုင်း တစ်ခုအဖြစ် ရေကစားပွဲတော်ဓလေ့ကို မြင်ကြည့်နိုင်ပါသည်။



လူမျိုးနှင့် ဘာသာစကားဆိုင်ရာ လေ့လာချက်များအရ မျက်မှောက်ခေတ် အဆိုပါနိုင်ငံများမှ မြန်မာ၊ ထိုင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ လာအို၊ ခမာစသော လူမျိုးများမှာ အာရှကုန်းတွင်းပိုင်း၊ တိဗက်ကုန်းပြင်မြင့်နှင့် တရုတ်နိုင်ငံတို့မှ ခွဲထွက်ဆင်းသက် လာခဲ့သည်ဟု သိရသော်လည်း ၎င်းတို့သည် ရှေးရှေးသမိုင်းစာမျက်နှာ၌ အများအားဖြင့် အနောက်ဘက်မှ အင်ဒို-အာရိယန်ယဉ်ကျေးမှု လွှမ်းမိုးခြင်းခံခဲ့ရရာ ပီးမိုင်၊ သင်္ကြန်၊ ဆောင်ခရန်ဟူသည့် ရေကစားပွဲတော်များ ဟိန္ဒူပွဲတော်ဟိုလီကို အခြေပြုကြောင်း ပြောဆိုချက်သည် အမှန်တရားနှင့် အလွန်နီးစပ်ဖွယ်ရှိသည်ဟု ယူဆရန်ရှိသည်။ ရေကစားပွဲတော် ယဉ်ကျေးမှုသည် မွန်၊ မြန်မာစသော မြန်မာနိုင်ငံမှ လူမျိုးစုများမှတစ်ဆင့် လာအို၊ ထိုင်းနှင့် တရုတ် ယူနန်နယ်များသို့ ပျံ့နှံ့ရောက်ရှိခဲ့သည်ဟု ဇာစ်မြစ်ဖွေရှာ လေ့လာချက်များကဆိုသည်လည်း ရှိပါသည်။



တစ်ဆက်တည်း သတိပြုသင့်သည်က ပီးမိုင်၊ သင်္ကြန်နှင့် ဆောင်ခရန် ရေကစားပွဲတော်များသည် ဗုဒ္ဓဘာသာဆိုင်ရာ ပွဲတော်များ မဟုတ်ဟူသည့်အချက်ကို ဖြစ်သည်။ မြန်မာတွေ မြင်သာအောင်ပြောပါက သင်္ကြန်သည် ကဆုန်ညောင်ရေသွန်းပွဲ၊ သီတင်းကျွတ်မီးထွန်းပွဲနှင့် တန်ဆောင်တိုင် ကထိန်ပွဲတို့ကဲ့သို့ ဘာသာရေးနောက်ခံမှလာသော ပွဲတော်မဟုတ်ဘဲ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်တစ်ရပ်သာဖြစ်သည်။ ယဉ်ကျေးမှု အခြင်းရာများ မနီးယိုးစွဲဖြစ်သော လာအို၊ မြန်မာနှင့် ထိုင်းတို့က ၎င်းတို့၏ နှစ်သစ်ကူး လုပ်လေ့လုပ်ထများကို ရေကစားပွဲတော် အခါသမယအတွင်း ဆောင်ရွက်ကြပုံခြင်းလည်း တူညီသည်။ ယင်းအပြင် ထိုသုံးနိုင်ငံမှ ဗုဒ္ဓဘာသာဝင် အရပ်ရပ် လူမျိုးများနှင့် ကမ္ဘောဒီးယားမှ ခမာများ၊ သီရိလင်္ကာမှ ဆင်ဟာလိများ၏ နှစ်သစ်ကူးအချိန်အခါ ဘာသာရေးအခြေပြု ယဉ်ကျေးမှုပြုဖွယ် ကိစ္စများ နီးစပ်တူညီသည်ကို တွေ့ရပါသည်။



မှီငြမ်း-wikipedia.org

http://ift.tt/1gkK5p8



(ယမန်နှစ် မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် ဖျော်ဖြေသူများနှင့် လာရောက်ကြည့်ရှုသူများအား တွေ့ရစဉ်)





from Eleven Media Group's Facebook Wall http://ift.tt/1qMbO3o

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3