Skip to main content

(ဧပြီလ ၂၇ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editor's Word) ဘာ...



(ဧပြီလ ၂၇ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editor's Word)



ဘာ့ကြောင့် သင်္ကြန်မှာ လွန်ကဲကြတာလဲ



ဒီနှစ် သင်္ကြန်နဲ့ ပတ်သက်ပြီး အွန်လိုင်း လူမှုရေးကွန်ရက်ပေါ်မှာ ပြောကြ၊ ဆိုကြ၊ ဝေဖန် ဆွေးနွေးကြတာတွေ အတော်များတယ်။ သင်္ကြန်ဆိုတာ ကတော့ သိတဲ့အတိုင်း အရွယ်သုံးပါးစလုံး လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး ဆင်နွှဲကြတဲ့ပွဲကိုး။ တစ်နှစ်လုံး တကုပ်ကုပ် အလုပ်လုပ်လာခဲ့ကြတော့ သင်္ကြန်တွင်း သုံးလေးရက်ကလေးမှာ စိတ်ရှိလက်ရှိ ပျော်ကြတာ ဓမ္မတာပဲလေ။



ထုံးစံအတိုင်း ဒီဘက် အနှစ်နှစ်ဆယ်မှာ မြန်မာ့ရိုးရာ သင်္ကြန်ရဲ့ သရုပ်သကန်တွေ တဖြည်းဖြည်း ပါးလျားလာပြီး ခေတ်ဆန်လွန်း (တချို့ကတော့ သရုပ်ပျက်လို့ ပြောကြတယ်) တဲ့ ဝတ်စားဆင်ယင်မှုတွေ တင်းကြမ်း ပြည့်လာတယ်လို့ ပြောကြတာလည်း ရှိတယ်။ ပြောတဲ့အတိုင်း အလွန်အကျွံ ဝတ်စားဆင်ယင်မှု၊ လိင်ပိုင်းဆိုင်ရာ အသားပေးဖျော်ဖြေ ကပြမှု တချို့ရှိတာ မငြင်းနိုင်ဘူး။ တစ်ဖက်မှာလည်း တရားစခန်းဝင်၊ ဥပုသ်စောင့်၊ စတုဒိသာကျွေး၊ ဘေးမဲ့လွှတ်ပြီး ကောင်းမှုကုသိုလ် ယူတဲ့သူတွေလည်း အများကြီး။



သင်္ကြန်မှာတော့ သူ့အတိုင်းအတာနဲ့သူ လွတ်လပ်ပျော်ရွှင်တာ ပြဿနာ မရှိပေမယ့် အများအမြင် မတင့်တယ်လောက်အောင် စည်းလွတ်ဝါးလွတ် ဖြစ်နေတာတွေကိုတော့ သတိထားဆင်ခြင်ဖို့ လိုမယ်။ သင်္ကြန်ကို ဘီယာ၊ အရက် ပွဲတော်လို ဖြစ်အောင် သရုပ်ဖော်နေတာမျိုး၊ သင်္ကြန်မဏ္ဍပ်တွေ အနားမှာ နေရာတိုင်းနီးပါးမှာ အရက်၊ ဘီယာ ထင်သလို ဝယ်လို့ ရနေတာမျိုးက သင်္ကြန်အလှကို ဖျက်ဆီးနေတာပေါ့။ ကိုရီးယား ကားတွေထဲက ကောင်းတဲ့အချက်တွေ မယူဘဲ မကောင်းတဲ့ ဆိုဂျူသောက်တာကို အတုယူပြီး သင်္ကြန်တွင်းမှာ မူးနေတဲ့ မိန်းကလေးငယ်တွေ အတွေ့ရ များလာတာကလည်း ပြောစရာတစ်ခု ဖြစ်သွားတယ်။



တကယ်တော့ သင်္ကြန်တွင်းမှာ အတော်များများ စည်းလွတ်ဝါးလွတ် ဖြစ်တာ သိပ်အပြစ်ပြောလို့တော့ မရဘူး။ ဖိနှိပ်ကန့်သတ်မှုပေါင်း များစွာ အောက်မှာ နေလာခဲ့ကြတဲ့ မြန်မာတွေအတွက် သင်္ကြန်က တစ်ခုတည်းသော စိတ်ထွက်ပေါက်ပေးစရာ အခိုက်အတန့်ကလေး။ သိတဲ့အတိုင်း ကုန်ခဲ့တဲ့ ကာလတွေ တစ်လျှောက်လုံး အမိန့်တွေ၊ အာဏာတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ကျွန်တော်တို့ မလုပ်ချင်တာတွေချည်း လုပ်နေခဲ့ရတာတွေကို ကျိတ်မှိတ် မျိုသိပ်ပြီး နေတတ်အောင် ကြိုးစား နေလာခဲ့ကြရတဲ့အတွက် သင်္ကြန်ရောက်တိုင်း အဲဒါတွေ အားလုံးကို ထွက်ပေါက်ပေးဖြစ်ကြတယ်။ စိတ်ကို ထွက်ပေါက် ပေးတဲ့အခါ မျိုသိပ်ချက်၊ ခံစားချက်များတဲ့ သူတွေမှာတော့ ပေါက်ကွဲမှုသံစဉ် ပြင်းတတ်တာပေါ့။ တချို့ကျ ကိုယ်နားလည်သလို ထွက်ပေါက်ပေးကြတော့ မူးတာ၊ ကွဲတာ၊ ဖော်တာ၊ ချွတ်တာတွေ ဖြစ်ကုန်ရော။ ပြောရရင် ဒါလည်း အကြောင်း၊ အကျိုးသဘောပဲပေါ့။



နောင်မှာတော့ ဒါတွေက သူ့အလိုလို ထိန်းသွားလိမ့်မယ်။ ဒီမိုကရေစီနဲ့ ကျင့်သားရသွားရင်၊ တစ်ပါးသူကို မထိခိုက်စေတဲ့ လွတ်လပ်မှု လူ့တန်ဖိုးကို အလေးအနက် နားလည်လာရင်၊ ကျွန်တော်တို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကြီးပွားတိုးတက်ခွင့် ဖန်တီးပေးတဲ့ ပတ်ဝန်းကျင် တစ်နည်းအားဖြင့် ဒီမိုကရက်တစ် လက်တွေ့ကျင့်စဉ်တွေကို ထဲထဲဝင်ဝင် ယဉ်းပါးလာရင် သူ့အလိုလို ပြန်ထိန်းသွားမယ်။ အခုအချိန်မှာတော့ အနှစ်နှစ်ဆယ်လုံးလုံး ထိန်းလာတဲ့ ခံစားချက် အရှိန် မသေသေးခင် အဝေဖန် အပြစ်တင် မစောကြဖို့ မေတ္တာရပ်ခံချင်တယ်။



အယ်ဒီတာ (၂၆-၄-၂၀၁၄)





from The Voice Weekly's Facebook Wall http://ift.tt/1nwC6JS

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3