Skip to main content

အမေရိကန်အစိုးရနှင့် ဆက်နွှယ်မှုရှိသော IRI စစ်တမ်းသည် ပြည်သူလူထု၏ ဆန္ဒအမှန်နှင့် ကင...



အမေရိကန်အစိုးရနှင့် ဆက်နွှယ်မှုရှိသော IRI စစ်တမ်းသည် ပြည်သူလူထု၏ ဆန္ဒအမှန်နှင့် ကင်းကွာနေသဖြင့် တန်ပြန်စစ်တမ်းတစ်ခု ကောက်ယူရန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဆွေးနွေးမည်



အမေရိကန်အစိုးရနှင့် ဆက်နွှယ်မှုရှိaသာ International Republican Institute (IRI) က ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် မှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ ကောက်ခံရရှိသည့် စစ်တမ်းအား ဧပြီ ၃ ရက်တွင် ထုတ်ပြန်ခဲ့ရာ စစ်တမ်းတွင် ပါဝင်သည့် အချို့အချက်များသည် ပြည်သူလူထု၏ ဆန္ဒအမှန်နှင့် ကင်းကွာနေသည်ဟု ယုံကြည်သဖြင့် တန်ပြန်စစ်တမ်းတစ်ခု ပြုလုပ်နိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့အတွင်း စတင်ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။



IRI က ကောက်ယူခဲ့သော လူထုစစ်တမ်းတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေအနေများကို မေးမြန်းပြီး ရလဒ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ စစ်တမ်းရလဒ်ကို ဖော်ပြရာ၌ ကဏ္ဍလေးခုကို သီးခြားဖော်ပြခဲ့ပြီး ပထမပိုင်းတွင် လက်ရှိဖွံ့ဖြိုးတိုးတက်မှု အခြေအနေအပေါ် ထင်မြင်ချက် ရလဒ်များကို ဖော်ပြခဲ့သည်။ ဒုတိယပိုင်းတွင် အသေးစိတ်ရလဒ်များကို ဖော်ပြပြီး တတိယပိုင်းတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍနှင့် စတုတ္ထပိုင်းတွင် မီဒီယာပိုင်းဆိုင်ရာကိစ္စများကို ဖော်ပြခဲ့သည်။



နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးတင်မောင်ဦးက “ ဒီစစ်တမ်းက အချက်အလက်အချို့က မှားယွင်းနေတယ်။ ဒါကို ချေဖျက်နိုင်ဖို့ဆိုရင် ကျွန်တော်တို့ စစ်တမ်းပြန်လည် ကောက်ခံရမှာ ဖြစ်တယ်။ ဒီလို ကောက်ခံနိုင်ဖို့ ကျွန်တော်တို့ အဖွဲ့အတွင်းမှာ အရင်ဆုံး အကျေအလည် ဆွေးနွေးမှာပါ။ အဖွဲ့အတွင်း ဆွေးနွေးပြီးသွားရင်တော့ အခြားအဖွဲ့တွေနဲ့ ဆက်ဆွေးနွေးဖို့ လိုမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက ကျယ်ပြန့်သလို အရေးလည်း ကြီးပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေက ကမ္ဘာကထင်နေသလို အခြေအနေကောင်းနေတာ မဟုတ်ဘူး။ တရားမျှတမှု မရှိသလို၊ စစ်တပ်ရဲ့ လက်ဝါးကြီးအုပ်၊ အုပ်ချုပ်နေတာကိုလည်း ခံနေရတယ်။ ဒီနိုင်ငံအတွင်းမှာ တချို့ NGO တွေ INGO က အစိုးရ စိတ်ကျေနပ်အောင် လုပ်နေတာမျိုးတွေ ရှိတယ်။ ဒါမျိုးတွေကို ကျွန်တော်တို့ လက်သင့်မခံနိုင်ပါဘူး။ စစ်တမ်းကောက်ယူတဲ့အပေါ်မှာလည်း မှန်မှန်ကန်ကန်ပဲ အဖြေထွက်စေချင်တယ်” ဟု The Daily Eleven ၏မေးမြန်းချက်ကို ဖြေကြားသည်။



ထိုစစ်တမ်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံသားများအကြား ဝေဖန်မှုများလည်း ရှိနေကြောင်းကို AAPP ၏တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးဘိုကြည်က ပြင်ပတွင်လည်းကောင်း၊ အင်တာနက် လူမှုကွန်ရက်များတွင်းလည်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများရှိနေသည်ဟုလည်း ပြောကြားသည်။



စစ်တမ်းတွင် မြန်မာနိုင်ငံသည် လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိနေသည်ကို စစ်တမ်းဖြေဆိုသူ ၈၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ပြီးခြောက်ရာခိုင်နှုန်းခန့်သာ မှားယွင်းနေသည်ဟု ထောက်ပြခဲ့သည်။



လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဟု ထောက်ခံသူ ၈၈ ရာခိုင်နှုန်းအား ပြန်လည်ဆန်းစစ်ရာ၌ ၃၅ ရာခိုင်နှုန်းခန့် လမ်းတံတားတည်ဆောက်ပေးခြင်းများကြောင့် ထောက်ခံသည်ဟု ပြောဆိုခဲ့သည်။ ၂၇ ရာ ခိုင်နှုန်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသဖြင့်ဟု ဖြေဆိုပြီး ၁၀ ရာခိုင်နှုန်းက တရားဥပဒေစိုးမိုးမှု တိုးတက်လာသဖြင့်ဟု ဆိုပါသည်။ ခြောက်ရာခိုင်နှုန်းမှာ နိုင်ငံရေးဆိုင်ရာများကို လွတ်လပ်စွာ ပြောဆိုခွင့်ရလာသဖြင့်ဟု ဖြေဆိုခဲ့ပြီး သုံးရာခိုင်နှုန်းမှာ ပညာရေးဆိုင်ရာထောက်ပံ့မှု တိုးမြင့်လာသောကြောင့်ဟု ဆိုသည်။ ကျန်သုံးရာခိုင်နှုန်းမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်လာသောကြောင့် လမ်းကြောင်းမှန်ပေါ်ရောက်နေခြင်းကို ထောက်ခံသည်ဟုဆိုသည်။



စစ်တမ်းဖြေဆိုသူများအနက် ၈၉ ရာခိုင်နှုန်းက အစိုးရ၏ လုပ်ဆောင်ချက်များ ကောင်းမွန်သည်ဟု ဖြေဆိုခဲ့သည်။ ထို့အပြင် သမ္မတ ဦးသိန်းစိန်၏ ကိုင်တွယ်လုပ်ဆောင်ပုံ နည်းလမ်း မှန်ကန်သည်ဟု ဖြေဆိုသူ ၉၁ ရာခိုင်နှုန်းက ထောက်ခံခဲ့ပြီး လွှတ်တော်မှ ကောင်းမွန်စွာ ဆောင်ရွက်နိုင်သည်ဆိုခြင်းကို ၆၉ ရာခိုင်နှုန်းသာ ထောက်ခံခဲ့သည်။



အစိုးရကို လုပ်ဆောင်ချက်များ အနက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးခြင်းကို နှစ်သက်သူ ၈၇ ရာ ခိုင်နှုန်းရှိခဲ့ပြီး ၇၄ ရာခိုင်နှုန်းက ငြိမ်းချမ်းရေးဆောင်ရွက်မှုကို နှစ်သက်ခဲ့သည်။ အလုပ်အကိုင် ဖန်တီးပေးမှုကြောင့် နှစ်သက်သူ ၅၁ ရာခိုင်နှုန်း ရှိခဲ့သည်။



နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သူ ဦးလှရွှေက “ အစိုးရတစ်ရပ်က သုံးနှစ်ဆိုတဲ့ အချိန်အတွင်း တချို့ကိစ္စတွေကို ပြောင်းလဲအောင် လုပ်လို့ရတယ်။ ဒါပေမဲ့ ဒီ အစိုးရအနေနဲ့ ဘာတွေများအကောင်းဘက်ကို ရောက်အောင်လုပ်နိုင်လို့လဲ၊ အခြေခံပြည်သူတွေ ဆင်းရဲနေသမျှ၊ အခြေခံပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသမျှ ပြု ပြင်ပြောင်းလဲရေးဖြစ်ပြီလို့ မပြောနိုင်ပါဘူး” ဟု ပြောကြားသည်။

from Eleven Media Group's Facebook Wall http://ift.tt/1tnhJAe

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...