Skip to main content

#emg_opinions တူနဲ့ပေ (Written by: ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)) စာရေးသူတို့...



#emg_opinions



တူနဲ့ပေ

(Written by: ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်))



စာရေးသူတို့ မြန်မာစကားမှာ တူဖြစ်လျှင်နှံ၊ ပေဖြစ်လျှင်ခံဆိုတာ ရှိတယ်။ အတုံ့အလှည့်သဘောကို ညွှန်းဆိုတာ ထင်တယ်။ လူ့ဘ၀က အတက်အကျဆိုတာ ရှိတတ်ကြတယ်။ ဒါကိုရည်ညွှန်းပြီး မိမိက အပေါ်နေရာမှာရောက်ရင် တူလို့သဘောထားပြီး အောက်မှာရောက်နေတဲ့ပေကို နာနာထုတတ်ကြတဲ့ သဘောဖြစ်တယ်။ စာရေးသူတို့နိုင်ငံမှာ ပြည်သူလူထုက အမြဲလို ပေဖြစ်နေခဲ့ကြရတယ်။ နှစ်ပေါင်း ၅၀ ကျော် ခါးစည်းပြီး အထက်နေရာ အသီးသီးမှာ ရောက်နေသူတွေရဲ့ အထုအထောင်း အရိုက်အနှက်တွေ ခံကြရတယ်။



ဟိုယခင်က ဌာနတစ်ခုရဲ့ ၀န်ကြီးဖြစ်ခဲ့သူရဲ့ စကားကို ပြန်ပြောချင်တယ်။ သူက မင်းတို့ပေဖြစ်ရင် ခံထားကြပေါ့ကွာ၊ တူဖြစ်ရင်တော့ ဖြည်းဖြည်းထုပေါ့တဲ့။ ထိုသူက ဘယ်လိုအဓိပ္ပာယ် သဘောတရားနဲ့ ပြောခဲ့တယ်ဆိုတာ အခုမှ သဘောပေါက်တယ်။ ဟိုယခင်က သူတို့က တူတွေ၊ အခုတော့ သူတို့က တူနေရာကနေ ပေနေရာ ရောက်သွားပြီမို့ ငါတို့ကိုထုရင် ဖြေးဖြေးထုနော်လို့ဆိုတဲ့ သဘောဖြစ်တယ်။



အမှန်တကယ်တမ်းက တူဖြစ်ရင်လည်း ပေကိုနာအောင် ထုစရာမလို။ ပေဖြစ်ရင်လည်း တူရဲ့အထုအထောင်းကို အထုခံစေဖို့ မလိုဘဲ အပေါ်နဲ့အောက်၊ တစ်ဖက်နဲ့တစ်ဖက်၊ အစိုးရနဲ့ပြည်သူ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် လေးစားသမှုနဲ့ ပွင့်လင်းမြင်သာ ဆက်ဆံနိုင် ဆက်ဆံတတ်ကြရင် ဘယ်လိုအခက်အခဲ ဘယ်လိုပြဿနာပေါင်းစုံနဲ့မျှ မကြုံတွေ့နိုင်ဘဲ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ကြကာ အများမျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးလည်း ထာဝရရရှိလာနိုင်စေမှာ ဖြစ်တယ်။



ဘေးလူတွေ ဘေးနိုင်ငံတွေရဲ့ မြှောက်ပင့်သွေးထိုးမှု၊ မိမိဘက်ကသာ အသာစီးယူလိုတဲ့စိတ်နဲ့ ပေါင်းသင်းဆက်ဆံတတ်သူတွေကို သတိပြုကြရမှာ ဖြစ်တယ်။ အရာရာတိုင်းမှာ မှန်ကန်တဲ့အမြင် မှန်ကန်တဲ့အသိနဲ့ ဆက်ဆံတတ်ကြရမှာ ဖြစ်တယ်။ မိမိကလည်း တူမဖြစ်စေဖို့နဲ့ အခြားသူကိုလည်း ပေမဖြစ်စေဘဲ သာတူညီမျှစိတ်ဓာတ်နဲ့ ဆက်ဆံတတ်ကြရမှာ ဖြစ်တယ်။ Jim Collin ရဲ့ Win-Win Approach ကို နားလည်သဘောပေါက်ပြီး ပေါင်းစည်းလုပ်ဆောင်ကြရမှာ ဖြစ်တယ်။



နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ရာမှာဖြစ်စေ အဖွဲ့အစည်းတစ်ခုကို စီမံခန့်ခွဲရာမှာဖြစ်စေ လုပ်ဆောင်ကြရမည့် လုပ်ငန်းတာဝန်တွေကို ခွဲဝေပေးတာက မှန်ကန်တဲ့ လုပ်ဆောင်ချက် ဖြစ်တယ်။ ဖက်ဒရယ်စနစ်ဆိုတာ ဒီသဘောတရား ဖြစ်တယ်။ အရာရာကို မိမိကသာ ချုပ်ကိုင်လိုစိတ်က တစ်ကိုယ်ကောင်းဆန်စိတ်ဓာတ် အာဏာရှင်စိတ်ဓာတ် ဖြစ်တယ်။ ဒီမိုကရေစီခေတ်မှာ တစ်ဦးချင်းစီက တာဝန်ကိုယ်စီ ယူကြရပြီး မိမိလုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာတွေအတွက် တစ်ဦးချင်းစီကပဲ တာဝန်ယူကြရတာ ဖြစ်တယ်။ ငါ့ကြောင့်မဟုတ်ဘူး။ သူ့ကြောင့်ဆိုပြီး အပြစ်တင်စိတ်နဲ့ တစ်ဖက်ကို လွှဲချတတ်တာက ဒီမိုကရေစီစိတ်ဓာတ် မဟုတ်ပါ။



နိုင်ငံတော်သမ္မတကြီးရဲ့ ကချင်ပြည်နယ် ခရီးစဉ်မှာ တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြတဲ့ သူတွေဆိုတဲ့ စကားကို အသုံးပြုသွားတယ်။ ဟိုယခင်နှစ်ပေါင်း ၅၀ က ဒီအတွေး ဒီအမြင်တွေ မရှိခဲ့ကြလို့ နိုင်ငံအတွင်းမှာ ပြည်တွင်းစစ်တွေ နှစ်ပေါင်းများစွာ ဖြစ်ခဲ့တယ်။ တစ်ခါ စစ်ဘေးဒဏ်ကြောင့် မိမိနေအိမ်တွေကို စွန့်ခွာထွက်ပြေးကြသူတွေရဲ့ မြေတွေကို သိမ်းပိုက်တာတွေ ရှိခဲ့ပြန်တယ်။ မလုပ်သင့်တာတွေ လုပ်ခဲ့ကြတာ ဖြစ်တယ်။ ညီရင်းအစ်ကို၊ မောင်ရင်းနှမ စိတ်ဓာတ်နဲ့သာ အသိစိတ်ဓာတ်တွေ ရှိခဲ့ကြရင် ငြိမ်းချမ်းရေးဆိုတာ လွန်ခဲ့သော နှစ် ၅၀ ကတည်းက ရရှိခဲ့ကြမှာဖြစ်တယ်။



စာရေးသူရဲ့ စတော့အခြေခံသင်တန်းမှာ လာရောက်တက်သွားတဲ့ မော်လမြိုင်က ဆရာဝန်တစ်ယောက်က သူနဲ့တစ်ရပ်တည်းနေသူ ရပ်ဆွေရပ်မျိုးဖြစ်နေတဲ့ ၀န်ကြီးတစ်ပါးက သူ့ကို နေပြည်တော်နေရာအနှံ့လိုက်ပြီး မော်တော်ကားနဲ့ပြတယ်။ လမ်းတွေက ကောင်းလည်းကောင်း၊ ကျယ်လည်းကျယ်တယ်။ ညဘက်မှာ လျှပ်စစ်မီးတွေကလည်း ထိန်ထိန်လင်းနေတယ်။ လူနေအိမ်ခြေမရှိတဲ့ နေရာတွေအတော်များများမှာ ထိန်လင်းနေတယ်။ ကားနဲ့ မောင်းသွားရင်းနဲ့ စာရေးသူရဲ့ သင်တန်းသားကို အဲဒီပုဂ္ဂိုလ်က လူမရှိတဲ့ နေရာတွေမှာ မီးတွေလင်းထိန်တယ်။ ဒီလျှပ်စစ်မီးတွေသာ ရန်ကုန်မှာ ထိန်ထိန်လင်းပေးနိုင်ရင် ဘယ်လောက်ကောင်းမလဲလို့ ပြောတယ်။ အခုလိုပြောတာကို စာရေးသူရဲ့ သင်တန်းသားက “၀န်ကြီး ကျွန်တော့်ကိုပဲ ပြောရဲတာ မဟုတ်လား။ အထက်ကို မတင်ပြ၊ မပြောရဲဘူး မဟုတ်လား” လို့ ပြောလိုက်တော့ အဲဒီပုဂ္ဂိုလ်က “အေးဟုတ်တယ်” လို့ ၀န်ခံပြောကြားသွားတယ်လို့ ဆိုတယ်။ ကြောက်စိတ်က သူတို့ကို ဖုံးလွှမ်းနေဆဲဆိုတာ ထင်ရှားနေတယ်။ သည်းခံစိတ်နဲ့ မိမိကိုယ်မိမိ နှိမ်ချတတ်တဲ့စိတ်က လူတစ်ဦးချင်းစီမှာ ရှိနေကြရမယ့် ကောင်းမွန်တဲ့စိတ်ဓာတ် ဖြစ်တယ်။ သို့ပေမဲ့ အချို့သူတွေကလည်း သည်းခံစိတ်ရှိသူတွေကို အပေါ်စီးနဲ့ ဖိနှိပ်ဆက်ဆံတတ်ကြတာ ရှိနေတတ်တယ်။ အကောင်းဆုံးက တူလိုငါက အပေါ်စီးနဲ့ရခိုက် ထုချလိုက်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မထားသင့်သလို ပေအဖြစ် ရှိနေသူတွေကို ကိုယ်ချင်းစာနာစိတ်ထားပြီး စောင့်ရှောက်တတ်ကြရမှာ ဖြစ်တယ်။ မိဘတွေက မိမိတို့ သားသမီးတွေကို စောင့်ရှောက်ပေးသလို နိုင်ငံအစိုးရတွေကလည်း မိမိတို့ နိုင်ငံသားတွေကို စောင့်ရှောက်ပေးကြရမှာ ဖြစ်တယ်။ တူဖြစ်ရင် နှံလိုက်မယ်ဆိုတဲ့ ယုတ်ညံ့တဲ့စိတ်ဓာတ်တွေ မမွေးကြဘဲ အစဉ်အမြဲ စောင့်ရှောက်ပေးတတ်မှုကနေ ကောင်းမွန်တဲ့ အုပ်ချုပ်စီမံခန့်ခွဲမှု (Good Governance) နဲ့ ကောင်းမွန်သောအစိုးရ (Good Government) ကောင်းမွန်တဲ့ အစိုးရကနေ အကျင့်ပျက် ခြစားမှုကင်းတဲ့ သန့်ရှင်းသောအစိုးရ (Clean Government) ဖြစ်အောင် ကြိုးပမ်းကြရမှာ ဖြစ်တယ်။ ပညာရှင်တွေကို ပညာရှင်တွေလို့ မှန်ကန်တဲ့ စိတ်ဓာတ်အရင်းခံနဲ့ ချဉ်းကပ်ပြီး ပညာရှင်တွေပေးတဲ့ ကောင်းမွန်တဲ့ အကြံဉာဏ်တွေကို နိုင်ငံအတွက် အကျိုးရှိအောင် လုပ်ဆောင်နိုင်ကြရင် ပေလည်းဖြစ်စရာမလို၊ တူလည်းဖြစ်စရာ မလိုတော့ဘဲ တူနဲ့ပေ တစ်သားတည်း ဖြစ်သွားရင် မိမိနိုင်ငံ ကမ္ဘာ့အလယ်မှာ အဆင်းရဲဆုံးနိုင်ငံ အဖြစ်ကနေ ကျွတ်လွတ်ပြီး ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်နိုင်စေမှာ ဖြစ်တယ်။



မာန်မာနတွေ၊ အာဃာတတွေ မထားကြဘဲ အတိတ်ကို ခ၀ါချပြီး အနာဂတ်ကောင်းအောင် လုပ်ဆောင်ကြရမှာက မျက်မှောက်ပကတိမှာ ရှိနေသူ မြန်မာနိုင်ငံသားတွေ တစ်ဦးချင်းမှာ တာဝန်ရှိနေတယ်။ ဂျပန်နိုင်ငံ တိုးတက်မှုက လူတစ်ဦးချင်းစီမှာ ကောင်းမွန်မှန်ကန်တဲ့စိတ်ဓာတ် အမြင်ကောင်းတွေ ရှိကြလို့ ဖြစ်တယ်။ ကတုံးပေါ်ထိပ်ကွက်လိုစိတ်၊ မျက်ခုံးမွေးပေါ် စင်္ကြံလျှောက်လိုစိတ် မိမိကသာ အသာစီးယူလိုစိတ်၊ အကောင်းမြင်စိတ် မရှိမှုတွေကို ဖယ်ခွာပစ်ကြပြီး မှန်ကန်တူညီတဲ့ အမြင်ကောင်းတွေနဲ့ အနာဂတ်ကို ပုံဖော်ကြရစေဖို့ပါ။



ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါတယ်။ တစ်နိုင်ငံလုံးမှာ ရှိကြတဲ့ သန်း ၆၀ သော နိုင်ငံသားတွေရဲ့အားနဲ့ မိမိနိုင်ငံ တိုးတက်အောင် လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်းပါ။

from Eleven Media Group's Facebook Wall http://ift.tt/1hqJTAq

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...