Skip to main content

၂၀၁၄ ဧပြီလ ၂၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်






စစ်ပွဲများကြားမှ ဓားစာခံကလေးငယ်များ


လက်ရှိအချိန်တွင် မြန်မာနိုင်ငံ နေရာအရပ်ရပ်၌ လက်ညှိုးထိုးမလွဲ ပေါများစွာရှိနေသည့် အရာများမှာ ဒုက္ခသည်စခန်းများ ဖြစ်သည်။ အရှေ့ဘက်တွင် ယခင်အစိုးရ လက်ထက်ကတည်းက တည်ရှိနေခဲ့သော မြန်မာ-ထိုင်း နယ်စပ်ဒုက္ခသည် စခန်းများနှင့် ကေအိုင်အိုနှင့် အစိုးရတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် လာရသော ကချင်ဒုက္ခသည် စခန်းများ၊ အနောက်ဘက်တွင် ရခိုင်ပဋိပက္ခကြောင့် နေအိမ်ဆုံးရှုံးသူများ ခိုလှုံနေရသည့် ဒုက္ခသည် စခန်းများ၊ အလယ်ပိုင်းတွင်လည်း မိတ္ထီလာ ပဋိပက္ခကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူများ ခိုလှုံနေရသည့် ဒုက္ခသည်စခန်းများတို့ဖြင့် မြန်မာတစ်နိုင်ငံလုံး၏ နေရာအနှံ့အပြားပင် ဒုက္ခသည်စခန်းတို့ဖြင့် နေရာယူလျက်ရှိသည်။


စစ်ကြောင့်၊ ပဋိပက္ခများကြောင့်စသည့် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခသည်စခန်းများတွင် ပြေးဝင်ခိုလှုံ နေကြရသောသူများ မြန်မာနိုင်ငံတွင် အမြောက်အမြား ရှိလာနေပြီဖြစ်သည်။ နေရာထိုင်ခင်း ကျပ်တည်းသည့်အပြင် အလှူရှင်များအပေါ် အဓိကအားထား နေရသောကြောင့် အလှူရှင်နည်းပါးသည့် အချိန်များတွင် ဒုက္ခပင်လယ် ဝေကြရသည်။ ငြိမ်းချမ်းစွာ ဖြေရှင်းသည့်နည်းထက် အကြမ်းဖက်နည်းဖြင့် ဖြေရှင်းကြသောကြောင့် ပြည်သူပေါင်းများစွာတို့၏ သွေး၊ ချွေး၊ မျက်ရည်ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာ စတေးခဲ့ရပြီးဖြစ်သည့်အပြင် အကောင်အထည် မပေါ်သေးသော ငြိမ်းချမ်းရေးကြောင့် ဒုက္ခသည်စခန်းတွင် ရောက်ရှိနေကြသည့်သူများ မည်သည့်အချိန်မှ မိမိနေရပ်သို့ ပြန်သွားနိုင်မည်ဆိုသည့် အချက်မှာ အဖြေမဲ့နေဆဲ ဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲပင် ယခုတကျော့ပြန် အစိုးရနှင့်ကချင်လွတ်မြောက်ရေး တပ်မတော်အကြား တိုက်ပွဲများ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားသောကြောင့် စစ်ဘေးရှောင်စခန်းများတွင် ဒုက္ခသည် အသစ်အသစ်များ တိုးပွားခိုလှုံရလျက် ရှိနေပြန်ပါသည်။


စစ်ပွဲကြောင့် ထိခိုက်ခံစားရသူများတွင် သနားစရာ အကောင်းဆုံးမှာ ကလေးသူငယ်များပင် ဖြစ်သည်။ စစ်ပွဲဆိုသည့်အရာမှာ ငယ်ရွယ်နုနယ်သော ကလေးငယ်များ မဆိုထားနှင့် လူကြီးများအတွက်ပင် ရင်ဆိုင်ကြုံတွေ့ရန် မသင့်တော်သည့် အရာတစ်ခု ဖြစ်သည်။ ယခုတော့ ကိုယ့်နိုင်ငံသားများ အချင်းချင်း လက်နက်ဖြင့် ဖြေရှင်းကြသည့်ပွဲတွင် အပြစ်ကင်းသည့် ကလေးသူငယ်ပေါင်း ထောင်သောင်းချီ၍ မြေစာပင် ဖြစ်နေရသည်။ မကြာသေးမီအချိန်က ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့က သတင်းထုတ်ပြန်ရာ၌ စစ်ပွဲဒဏ်ခံဒေသများတွင် ကလေးသူငယ်များ ကြုံတွေ့နေရသည့် အန္တရာယ် အလွန်အမင်း ကြီးထွားလာလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ကျောင်းစာသင်ခန်းတွင် ရှိနေရမည့် ကလေးများသည် ကလေးစစ်သားများအဖြစ် စုဆောင်းခံရပြီး လက်နက်ကိုင် တိုက်ပွဲဝင်နေရသည်။ ကစားကွင်းများတွင် လွတ်လပ်စွာ ဆော့ကစားနေရမည့်အစား ဒုက္ခသည်စခန်းများတွင် ဆင်းရဲကျပ်တည်းစွာ နေထိုင်နေကြရသည်။ မိဘရင်ခွင်ထဲတွင် အေးချမ်းစွာ ခိုလှုံနေရမည့်အရွယ်များ ဖြစ်လင့်ကစား ခိုလှုံစရာ ရင်ခွင်ပျောက်ဆုံး နေကြရသည်။ အာဏာရှိသူတို့၏ မာနချင်းစီးချင်းထိုးပွဲတွင် အပြစ်မဲ့ ကလေးသူငယ်များ၏ သွေး၊ ချွေး၊ မျက်ရည်စက်တွေ ဆက်လက်စတေးခံရဖို့ မသင့်တော်တော့ပါ။ နုနယ်သည့် မျက်နှာလေးများ နေရာတွင် အမုန်းတရားနှင့် နာကြည်းမှုဒဏ်ရာများကြောင့် ကြမ်းတမ်းခက်ထန်မှုများ နေရာဝင်မယူလာစေ သင့်တော့ပါ။ ထို့ကြောင့် အစိုးရအပါအ၀င် လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် အပြစ်ကင်းစင်သည့် သနားစဖွယ် ကလေးငယ်များ၏ အနာဂါတ်အတွက် သားသမီးချင်း ကိုယ်ချင်းစာကာ အမုန်းတရားနှင့် အာဃာတတရားများကို ဘေးဖယ်ထားပြီး ငြိမ်းချမ်းရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းကြပါရန် The Daily Eleven သတင်းစာက အလေးအနက် တိုက်တွန်းရေးသား အပ်ပါသည်။








from Eleven Daily News http://ift.tt/1lcGxa7

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3