Skip to main content

၂၀၁၄ ဧပြီလ ၁၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်






ကမ္ဘာကြီးကို ခြိမ်းခြောက်နေသည့် ရာသီဥတုပြောင်းလဲခြင်း


ကျွန်ုပ်တို့၏ ရေ၊ ကျွန်ုပ်တို့၏ အသက်ရှင်ရပ်တည်မှုနှင့် ကျွန်ုပ်တို့၏ဘ၀ အရည်အသွေးများကို ရာသီဥတု ပူနွေးလာခြင်းထက်ပို၍ ခြိမ်းခြောက်နိုင်သည့်အရာ မရှိဟု နယူးမက္ကဆီကို အုပ်ချုပ်ရေးမှူးက ၂၀၀၆ ခုနှစ်က ပြောခဲ့ဖူးသည်။ ယခုကဲ့သို့ ဆယ်နှစ်ခန့် ကြာလာသည့်တိုင် ယင်းအဆိုက မှန်ကန်နေဆဲဖြစ်သည်။ သို့သော် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အန္တရာယ်များနှင့် ဖြေရှင်းရန် နည်းလမ်းများနှင့် ပတ်သက်သော အချက်အလက်များကို ပိုမိုရရှိခဲ့သည်။


ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အစိုးရအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေး ဘုတ်အဖွဲ့ (IPCC) က ရာသီဥတုနှင့် ပတ်သက်သော ထင်ရှားသည့် ပညာရှင်ပေါင်း ၈၀၀ ကျော်ထံမှ စုဆောင်းရရှိသော အချက်အလက်များအရ ရာသီဥတု ပြောင်းလဲခြင်း၏ ရိုက်ခတ်ချက်များသည် ဖြစ်ပေါ်နေနှင့်ပြီဖြစ်ပြီး လူ့အဖွဲ့အစည်းအပေါ် သိသာထင်ရှားသည့် ရိုက်ခတ်ချက်များရှိကြောင်း သိရသည်။ ရာသီဥတုပြောင်းလဲခြင်းကို လူသားတို့၏ ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုနေခြင်းက တွန်းအားပေးနေပြီး ပို၍ပို၍ ဆိုးရွားလာမည်ဟု မျှော်လင့်ရသည်။ ယင်းကိုပြောင်းလဲ နိုင်ရန်အတွက် ကျွန်ုပ်တို့၏ စွမ်းအင်သုံးစွဲပုံကို ပြန်လည်သုံးသပ် ရန်မှတစ်ပါး အခြားမရှိပေ။


IPCC က ကျွန်ုပ်တို့၏ စွမ်းအင်ရွေးချယ်မှုကြောင့် ရာသီဥတု ပျက်စီးခြင်းကို ပေးဆပ်ခဲ့ရပုံအား သုတေသနများ ပြုလုပ်ခဲ့သည်။ ဆေးလိပ်သောက်ခြင်းသည် ကင်ဆာရောဂါ ဖြစ်စေကြောင်း ကျွန်ုပ်တို့ သိရှိကြသကဲ့သို့ ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များကြောင့် ရာသီဥတု ပြောင်းလဲခြင်း ဖြစ်ရကြောင်း သဘောပေါက် ကြရမည်ဖြစ်သည်။


IPCC ၏ နောက်ဆုံး အစီရင်ခံစာအရ ရာသီဥတု ပြောင်းလဲခြင်း၏ ရိုက်ခတ်ချက်များသည် ကျယ်ပြန့်စွာ ဖြစ်ပေါ်နေပြီး အကျိုးဆက်များကို ဆင့်ကဲဖြစ်ပေါ်စေကြောင်းနှင့် ယင်းကို ကမ္ဘာ့တိုက်ကြီးတိုင်းနှင့် သမုဒ္ဒရာတိုင်း ခံစားနေရကြောင်း သိရသည်။ လွန်ခဲ့သည့်နှစ်က ကမ္ဘာကြီးသည် ရာသီဥတုနှင့် ပတ်သက်သော ဘေးဒုက္ခပေါင်း ၄၁ ခုနှင့် ရင်ဆိုင်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံထက်မနည်း ရှိကြောင်း သိရသည်။ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ပြင်းထန်သော မိုးခေါင်ရေရှားမှုကို ကြုံတွေ့ရခြင်း ထက်ပိုသော အန္တရာယ်များ ရှိသည်ဟုဆိုသည်။


အရေးတယူ လုပ်ဆောင်မှုများ မရှိပါက ပို၍ပို၍ ဆိုးရွားလာမှုတို့ကို ကြုံတွေ့ရမည် ဖြစ်သည်။ ရာသီဥတု ပြောင်းလဲခြင်း၏ ရိုက်ခတ်ချက် ပိုမိုမြင့်တက်လာသည်နှင့်အညီ ကျွန်ုပ်တို့၏ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းတို့တွင် ပို၍ပို၍ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာလိမ့်မည်။ အပူချိန် ၁ ဒီဂရီစင်တီဂရိတ် မြင့်တက်ရုံဖြင့် ဂျုံ၊ စပါး၊ ပြောင်းဖူးကဲ့သို့သော အခြေခံစားကုန်များ ထွက်နှုန်းကျဆင်းပြီး ဈေးနှုန်းများ မြင့်တက်လာနိုင်သည်။ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေသော ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို မထိန်းချုပ်နိုင်ပါက လူများစွာ သေကျေပျက်စီးစေသော ရေလွှမ်းမိုးမှုများလည်း ကြုံတွေ့ရမည်ဖြစ်သည်။


ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် စွမ်းအင်သုံးစွဲပုံကို ပြန်လည်သုံးသပ်လျက် စွမ်းအင်ချွေတာရေးနှင့် ရုပ်ကြွင်းလောင်စာ မဟုတ်သော အခြားစွမ်းအင် ရင်းမြစ်များကို အစားထိုးနိုင်မည့် နည်းလမ်းရှာဖွေရေးတို့ လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။








from Eleven Daily News http://ift.tt/1eIrGUF

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3