Skip to main content

၂၀၁၄ ဧပြီလ ၁၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်






ကူးပြောင်းခြင်း သို့မဟုတ် သင်္ကြန်


မြန်မာတို့၏ ၁၂ လရာသီ ပွဲတော်များအနက် တန်ခူးလတွင် ကျင်းပသည့် သင်္ကြန်ပွဲတော်သည် ထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်သည်။ ထို့အပြင် နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောသန့်စင် သည်ဟုလည်း ယူဆကြသည်။


သင်္ကြန်ဟူသည်မှာ သင်္ကန္တဟူသော ပါဠိဘာသာမှ ဆင်းသက်လာပြီး ကူးပြောင်းခြင်းဟု အနက်အဓိပ္ပာယ်ရသည်။ သင်္ကြန်ကာလသည် မြန်မာတို့အဖို့ နှစ်သစ်တစ်ခု ကူးပြောင်းသည့် နှစ်ကူးကာလလည်း ဖြစ်သည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် အခါသမယကို သင်္ကြန်ဟု ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်သည်။


သင်္ကြန်ပွဲတော်ကို ပုဂံခေတ်မှ စတင်ကျင်းပလေ့ရှိကြောင်း မှတ်တမ်းများအရ သိရသည်။ သပြေခက်နှင့် ရေပက်ကစားရာမှ ခေတ်ကာလယန္တရား ပြောင်းလဲလာမှုနှင့်အတူ သင်္ကြန်ကာလ၏ ပုံသဏ္ဌာန်သည်လည်း များစွာပြောင်းလဲ ခဲ့ပြီဖြစ်သည်။


ယခုနှစ်သင်္ကြန် ကာလသည် ယခင်နှစ်များနည်းတူ ရုပ်လုံးပေါ်လာပြီဖြစ်သည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် နိုင်ငံအနှံ့ ဒေသအသီးသီးတွင် သင်္ကြန်ပွဲတော်ကို ဆင်နွှဲရန် ပြင်ဆင်မှုနှင့်အတူ အသင့်ဖြစ်နေ ကြပြီဖြစ်သည်။


ယခုနှစ် ရန်ကုန်သင်္ကြန်သည် ၂၀၁၀ ပြည့်နှစ် X2O သင်္ကြန်မဏ္ဍပ်၌ ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အပြီး အစည်ကားဆုံး ပြန်ဖြစ်နိုင်သည့် သင်္ကြန်ပွဲတော်ဟု သုံးသပ်နေကြသည်။ ထို့ပြင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းများသည် သင်္ကြန်မဏ္ဍပ်အများဆုံး တည်ရှိမည်ဟု သိရသည်။ မန္တလေးမြို့တွင်လည်း အစဉ်အလာ အတိုင်းပင် ကျုံးနံဘေးသည် အစည်ကားဆုံးဖြစ်ပြီး နေပြည်တော်၌လည်း ယခင်နှစ်များအတိုင်း ဟိုတယ်ဇုန် သင်္ကြန်မဏ္ဍပ်ကြီးများနှင့်အတူ ရေကစားသူများ ပျော်ရွှင်ကြရဦးမည်ဖြစ်သည်။


ယခုနောက်ပိုင်း သင်္ကြန်ကာလများသည် ခေတ်ကာလ အခြေအနေပေါ် မူတည်၍ ပုံသဏ္ဌာန်များ ကွဲပြားခြားနား သွားသည်။ နိုင်ငံသားများ၏ စီးပွားရေး အခြေအနေများသည် သင်္ကြန်ပွဲတော်ကာလတွင် ရိုက်ခတ်မှုရှိနေသည်။ သင်္ကြန်ပျော်ရွှင်မှုအတွက် ငွေကြေးများစွာ သုံးဖြုန်းနိုင်သူများရှိသလို သင်္ကြန်ပိတ်ရက်ရှည်ကြောင့် ညည်းတွားကြသည့် လက်လုပ်လက်စားများလည်း ရှိသည်။ ရန်ကုန်သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့်ပါမစ် လက်လွှဲရောင်းဈေး ကျပ်သိန်း ၂၀၀၊ ၃၀၀ ပေါက်နေပြီး၊ မဏ္ဍပ်များတွင် သင်္ကြန်တွင်း ရေကစားမည်ဆိုပါက ပျမ်းမျှခြင်း ကျပ် ၅၀၀၀၀ မှ ၈၀၀၀၀၊ တစ်သိန်းကျော်ထိ ရှိနေသည်။ သင်္ကြန်ကာလတွင် တစ်နှစ်တာလုံး ပင်ပန်းခဲ့သမျှ အတိုးချ ပျော်ကြသူများရှိသလို သင်္ကြန်ကာလအတွင်း အပျော်ထက် ၀င်ငွေတွက်ခြေကိုက်နိုင် သည်များကို ပွဲတော်နှင့်အတူ စီးပွားရှာကြရ သူများလည်း ရှိကြသည်။


မည်သို့ပင်ဖြစ်စေ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်း သင်္ကြန်ပွဲတော်နှင့်အတူ နိုင်ငံသားတိုင်း ပျော်ရွှင်မှု အစစ်အမှန်များ ရရှိနိုင်ကြကာ သင်္ကြန်ရေနှင့်အတူ အေးချမ်းပျော်ရွှင် နိုင်ကြပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်း တောင်းအပ်ပါသည်။








from Eleven Daily News http://ift.tt/1kdRkQX

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...