Skip to main content

သတင်းစာကျင့်ဝတ် (Code of Conduct) ကို မေ ၃ ရက်တွင် စာနယ်ဇင်းကောင်စီက ထုတ်ပြန်မည်...



သတင်းစာကျင့်ဝတ် (Code of Conduct) ကို မေ ၃ ရက်တွင် စာနယ်ဇင်းကောင်စီက ထုတ်ပြန်မည်



အေးမြင့်စန်း



ရန်ကုန်၊ မဇ္ဈိမ။ ။ စာနယ်ဇင်း ကောင်စီက ရေးဆွဲထားသော ပြည်တွင်း စာနယ်ဇင်းသမားများ လေးစားလိုက်နာသင့်သည့် သတင်းစာကျင့်ဝတ် (Code of Conduct)ကို လာမည့် မေ ၃ ရက်တွင် ထုတ်ပြန်သွားမည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ အထွေထွေအတွင်းရေးမှုး ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။



အဆိုပါ သတင်းစာကျင့်ဝတ် ရေးဆွဲပြဌာန်းနိုင်ရန် IMS (International Media Support) က ကူညီပံ့ပိုးပေးထားပြီး ယင်းကျင့်ဝတ်ပါ အချက်အလက်များကို

ရန်ကုန်တွင် မေ ၃ ရက်၌ ဆွေးနွေးပွဲ ပြုလုပ်ကာ ထုတ်ပြန်မည်ဖြစ်ပြီး ရန်ကုန်အပါအ၀င် အနယ်နယ်အရပ်ရပ်ရှိ သတင်းထောက်များ၊ အယ်ဒီတာများ၊ ထုတ်ဝေသူများ တက်ရောက်နိုင်မည်ဖြစ်သည်။



ဦးကျော်မင်းဆွေက “ အသေးစိတ်ကျင့်ဝတ်ထွက်အောင် စာနယ်ဇင်းကောင်စီက စီစဉ်မှာ၊ အားလုံး လေးစားလိုက်နာနိုင်တဲ့ ကျင့်ဝတ်ထုတ်ပြန်နိုင်အောင် စာနယ်ဇင်းကောင်စီအဖွဲ့ဝင်တွေ သုံးဖွဲ့ခွဲပြီး လုပ်နေတာ သုံးလလောက်ရှိပါပြီ၊ ရန်ကုန်နဲ့နယ်တွေမှာ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ထားတဲ့ အချက်တွေကို

ထည့်သွင်းမှာပါ" ဟုပြောသည်။



ဆွေးနွေးပွဲ ကျင်းပသည့် နေ့တွင် စာနယ်ဇင်းကောင်စီက အသိအမှတ်ပြုထားသည့် သတင်းသမားများ လိုက်နာရမည့် သတင်းစာကျင့်ဝတ် အချက်အလက်များပါသည့် စာအုပ်များကို သတင်းစာ၊ ဂျာနယ် တိုက်များ၊သတင်းထောက်များနှင့် အယ်ဒီတာများထံ ဝေပေးသွားမည်ဖြစ်သည်။



ယင်းအပြင် ဆွေးနွေးပွဲတွင် ရန်ကုန်နှင့်နယ်သတင်းသမားများ၏ သတင်းကျင့်ဝတ်အပေါ်အမြင်များ၊ သတင်းလိုက် ရာတွင်ကြုံတွေ့ရသည့် အခြေအနေများ၊ သတင်းကျင့်ဝတ် အပေါ်ထည့်သွင်းလိုသည့် အကြံပြုချက်များကိုလည်း ရယူသွားမည်ဖြစ်သည်။



သတင်းစာ ကျင့်ဝတ်များ ထုတ်ပြန်ကြေညာနိုင်ရန် စာနယ်ဇင်း ကောင်စီအနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ တည်းက ကစတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်နှင့်နယ်မြို့များတွင် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲများမှ ရရှိထားသည့် အချက်များထဲမှ လိုက်နာသင့်သည့် ကျင့်ဝတ်ဆိုင်ရာ အချက်များကို စုစည်းထားခဲ့ခြင်းဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1rAblDV

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...