Skip to main content

ထန်းတပင်တွင် တပ်သိမ်းမြေ ဧက ၇၀၀ ကျော်ကို လယ်သမားများကို ပြန်ပေးမည် တောင်ငူ၊ ဧပြ...



ထန်းတပင်တွင် တပ်သိမ်းမြေ ဧက ၇၀၀ ကျော်ကို လယ်သမားများကို ပြန်ပေးမည်



တောင်ငူ၊ ဧပြီ ၃



ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကျေးရွာပေါင်း ခြောက်ရွာတွင် လွန်ခဲ့သော၂၅ နှစ်တာ ကာလက တပ်မတော်တပ်ရင်း တပ်ဖွဲ့များ တည်ဆောက်ရန် အကြောင်းပြချက်ဖြင့် သိမ်းယူခဲ့သည့် လယ်ဧက ၁၀၀၀ ကျော်အနက် လယ်ဧက ၇၀၀ ကျော်ကို မူလ လက်ငုတ်လက်ရင်း ဒေသခံ တောင်သူများထံ ပြန်လည်ပေးအပ်သွားရန် ယခုနှစ် မတ်လ နောက်ဆုံးပတ်မှ စ၍ စိစစ်နေပြီ ဖြစ်ကြောင်း ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြသက်မောင်က ပြောကြားသည်။



မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီနှင့် မြေယာအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီအနေနှင့် တပ်မတော်က လယ်မြေဧက ၇၀၀ ကျော်ကို ပြန်လည် စွန့်လွှတ်ကြောင်း မတ်လ နောက်ဆုံးပတ်တွင် အကြောင်းကြားခဲ့သဖြင့် မူလတောင်သူများကို အမှန်တကယ် ရသင့်ရထိုက်သည့် ပိုင်ရှင်အစစ်အမှန်ကို ပေးအပ်နိုင်ရေးအတွက် မြို့နယ်မြေစာရင်း ဦးစီးဌာနနှင့် ပူးပေါင်း၍ အမြန်ဆုံး စိစစ်ဆောင်ရွက်နေပါကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။



ထန်းတပင်မြို့နယ် ပျဉ်ဂန်း၊ ဆိပ်ကြီးကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၂၀ နီးပါးမှ ဒေသခံတောင်သူများ ဓားမဦးချ လုပ်ကိုင်စားသောက်ခဲ့သော လယ်ယာမြေများကို တပ်ရင်း၊ တပ်ဖွဲ့ တည်ဆောက်ရန် အကြောင်းပြချက်ဖြင့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ဒေသခံ ခြေလျင်တပ်ရင်း ခြောက်ခုက သိမ်းယူခဲ့ကြပြီး ယခုကဲ့သို့ ပြန်လည် ပေးအပ်မည် ဆိုခြင်းကို ကြိုဆိုသော်လည်း ဧက ၆၀ ကျော်ကို ချန်လှပ်၍ ပြန်လည် ပေးအပ်ရန် ကြံစည်နေခြင်းကို ကန့်ကွက်ကြောင်း ထန်းတပင်မြို့နယ် ဆိပ်ကြီးရွာမှ လယ်ယာမြေ ၁၅ ဧက ခန့်သိမ်းဆည်းခံခဲ့ရသူ တောင်သူ ဦးအောင်သန်းမြင့်က ဆိုသည်။



ထန်းတပင်မြို့နယ် ဆိပ်ကြီးကျေးရွာအုပ်စု ကွင်းအမှတ် ၄၆၈ (ခ) ကွင်းရှိ တပ်မတော်မှ ပြန်လည် စွန့်လွှတ်သည့် လယ်ယာမြေဧက ၇၅၁ ဒသမ ၈၄ ဧကကို ကျေးရွာခြောက်ရွာမှ ဒေသခံတောင်သူ အယောက် ၅၀ ကျော်ကို ပြန်လည်ပေးအပ်ရန် မတ်လ နောက်ဆုံးပတ်က လယ်ယာမြေ တိုင်းတာ စစ်ဆေးရန် မြို့နယ်မြေစာရင်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းလှိုင်နှင့် ဒေသခံတောင်သူများ တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ချန်လှပ်မည့် လယ်မြေဧက ၆၀ အတွက် ပြေလည်မှု မရရှိခဲ့ကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။



တပ်မတော်က ပြန်လည်စွန့်လွှတ်ကြောင်း ညွှန်ကြားသော လယ်ယာမြေ ဧက ၇၀၀ ကျော်အတွက် လယ်ယာမြေများ တိုင်းတာစစ်ဆေးရန် ဒေသခံ တောင်သူအချို့နှင့် သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး အချို့လယ်မြေများ အတွက် ဒေသခံတွေက ကန့်ကွက်ခဲ့ခြင်းကြောင့် ဆုံးဖြတ်ပေးနိုင်သော အဖွဲ့အစည်းများကို ပြန်လည်တင်ပြပေးမည် ဖြစ်ကြောင်းဟု ကတိပေးခဲ့ကြောင်း ထန်းတပင်မြို့နယ် မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းလှိုင်က ပြောကြားသည်။



တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဆိပ်ကြီးကျေးရွာအုပ်စု ဇီးဖြူကုန်း၊ ပျဉ်ဂန်းကျေးရွာ အပါအဝင် ကျေးရွာပေါင်း ခြောက်ရွာခန့်မှ ကရင်တိုင်းရင်းသားများ ပိုင်ဆိုင်သည့် လယ်ယာမြေ ဧကပေါင်း ၁၀၀၀ ကျော်ကို ၁၉၈၉ ခုနှစ်ခန့်တွင် ခ-လ-ရ (၃၉)၊ ခ-လ-ရ (၇၃)၊ ခ-လ-ရ (၄၈)၊ ခ-လ-ရ (၁၂၄)နှင့် ခ-လ-ရ (၂၆) တို့က တပ်ရင်း၊ တပ်ဖွဲ့ တည်ဆောက်ရေးနှင့် တပ်ရင်း စိုက်ပျိုးမွေးမြူရေး ပြုလုပ်ရန် အကြောင်းပြချက်ဖြင့် သိမ်းဆည်းခဲ့ခြင်း ဖြစ်ကာ ပိုလျှံသော လယ်ယာမြေများကို တပ်အာဏာပိုင်များနှင့် နီးစပ်သူများကို သီးစားချထား လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း ထန်းတပင်မြို့နယ် ပျဉ်းဂန်းကျေးရွာဒေသခံ တောင်သူများက ဆိုသည်။



၂၀၁၀ ပြည့်နှစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရတက်လာပြီး နောက်ပိုင်း ၂၀၁၃ ခုနှစ် ကုန်ခါနီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်ရင်းတပ်ဖွဲ့များက အကြောင်းအမျိုးမျိုးဖြင့် သိမ်းခဲ့သည့် လယ်ယာမြေများကို စီမံကိန်းနယ်မြေနှင့် လွတ်ကင်းပါက ပြန်လည် စွန့်လွှတ်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

from The Voice Weekly's Facebook Wall http://ift.tt/1haK9JK

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3