Skip to main content

အိမ်နီးချင်း နိုင်ငံများတွင် ကိုရိုနာ ကူးစက်မြန် ရောဂါပိုး စစ်ဆေးမှု စတင်၊ မြန်မာနိုင်ငံတွင် သီးသန့် စစ်ဆေးရန် မရှိဟုဆို



ရန်ကုန်၊ ဧပြီ ၂၀မလေးရှား နိုင်ငံသားတစ်ဦး သေဆုံးပြီးနောက် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများရှိ လေဆိပ်အချို့တွင် ဧပြီလ ၁၆ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ ရောဂါပိုး စစ်ဆေးမှုများ တင်းကျပ်စွာ ဆောင်ရွက်နေပြီ ဖြစ်သော ကူးစက်မြန် ကိုရိုနာ ဗိုင်းရပ်စ်ပိုး စစ်ဆေးမှုကို မြန်မာနိုင်ငံတွင် သီးသန့်စစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်ရန် မရှိကြောင်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နှင်းရေး) ဒေါက်တာစိုးလွင်ငြိမ်းက The Voice သို့ ပြောကြားသည်။


မြန်မာနိုင်ငံတွင် လေထုထဲက တစ်ဆင့် ကူးစက်နိုင်သော ကိုရိုနာ ဗိုင်းရပ်စ်ပိုး အပါအဝင် ကမ္ဘာ့လူတုပ်ကွေး ဗိုင်းရပ်စ်ပိုးများကို ပုံမှန်စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသောကြောင့် သီးသန့် ထပ်မံစစ်ဆေးရန် မလိုအပ်ကြောင်း၊ ယင်းအပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများကို ယခုအချိန်ထိ မတွေ့ရှိသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။



သို့သော် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့တွင်မူ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများက မသင်္ကာသူများကို ဓာတ်ခွဲ စစ်ဆေးမှုများ စတင် လုပ်ကိုင်လျက်ကြောင်း အဆိုပါနိုင်ငံ မီဒီယာများတွင် ဖော်ပြထားသည်။



ယင်းအပြင် သေဆုံးသွားသော မလေးရှား နိုင်ငံသားသည် ဆော်ဒီအာရေဗျနိုင်ငံ၊ ဟာဂ်ျဘုရားဖူး ခရီးစဉ်မှ အပြန်တွင် ယင်းဗိုင်းရပ်ပိုး ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း မလေးရှား ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။



မြန်မာနိုင်ငံမှ ဟာ့ဂ်ျဘုရားဖူး ခရီးစဉ်သို့ နှစ်စဉ် ခရီးသွား ၅၂၀၀ နီးပါး သွားရောက်ကြပြီး နှစ်သစ်ကူးသင်္ကြန် ကာလအတွင်း ခရီးသွား ၂၀၀ ဝန်းကျင် အထိ ရှိခဲ့ကြောင်း Yangon-Makkah Travel and Tours ကုမ္ပဏီထံမှ သိရသည်။



“ဧပြီ ၂၁ ရက်ကနေ ၂၅ ရက်နေ့လောက်ထိ အဖွဲ့လိုက် ပြန်လာကြမယ်။ ကျွန်တော်တို့ အဖွဲ့တွေအနေနဲ့ ဒီကူးစက်ရောဂါ ခံစားရတယ် ဆိုတာတော့ မကြားမိသေးဘူး” ဟု အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။



မြန်မာနိုင်ငံတွင် ပြင်းထန်သော တုပ်ကွေးရောဂါ ဖြစ်ပွားသည့် နိုင်ငံများမှ ပြန်လာသူတိုင်းကို လူဝင်မှုကြီးကြပ်ရေး ဂိတ်များ၌ ကျန်းမာရေး ထောက်လှမ်းမှုများ ပြုလုပ်လျက် ရှိပြီး ဧပြီလ ၂၁ ရက်နေ့ ပြန်လာသူများ ကိုလည်း ပုံမှန် စစ်ဆေးမှုအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါက်တာစိုးလွင်ငြိမ်းက ပြောကြားသည်။

“သံသယရှိပြီ ဆိုရင်တော့ နောက်တစ်လှမ်းတိုး ဆောင်ရွက်ဖို့ လုပ်ရမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။



ကိုရိုနာ ဗိုင်းရပ်စ်ပိုးသည် တုပ်ကွေးရောဂါ အမျိုးအစား ဖြစ်ပြီး ကိုယ်အပူချိန် မြင့်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်း လက္ခဏာများ ဖြစ်တတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာထားသည်။



ယင်းဗိုင်းရပ်စ်ပိုးမှာ အရှေ့အလယ်ပိုင်း ဒေသတွင် တွေ့ရသော ဗိုင်းရပ်ပိုး ဖြစ်ပြီး WHO က ယင်းနိုင်ငံများကို ခရီးသွားလာခွင့် ပိတ်ပင်ခြင်းနှင့် နိုင်ငံတကာ လူဝင်မှုကြီးကြပ် ဂိတ်များတွင် ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို သီးသန့် စစ်ဆေးရန်တို့ကို ညွှန်ကြားခြင်း မရှိသေးပေ။



သို့သော် ပြည်သူ့ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ စတင်ပြီး တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း အပါအဝင် အစားအသောက်နှင့် တစ်ကိုယ်ရေ ကျန်းမာရေး သတိပြုရန်ကိုမူ WHO က တိုက်တွန်းထားသည်။



ကိုရိုနာ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခြင်း မရှိသေးသော်လည်း လေထုထဲက ကူးစက်နိုင်သော ဗိုင်းရပ်စ်ပိုး ဖြစ်သောကြောင့် ကူးစက်မြန် တုပ်ကွေးများနည်းတူ ကမ္ဘာ့ကျန်းမာရေး အသိုင်းအဝိုင်းက သတိထားနေကြသည်။



ကမ္ဘာ့နိုင်ငံ ၁၀ နိုင်ငံတွင် ကိုရိုရာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၃၈ ဦး တွေ့ရှိထားပြီး ၉၂ ဦး သေဆုံးသွားကြောင်း ဧပြီလ ၁၆ ရက်နေ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထုတ်ပြန်ချက်အရ သိရသည်။


{fcomment}





from Voice http://ift.tt/1i7MeAI

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...