Skip to main content

အခွန်အများဆုံး ထမ်းဆောင်သူ ၁၀၀ ကို အခမ်းအနားဖြင့် ဂုဏ်ပြုလက်မှတ် ပေးမည်



ရန်ကုန်၊ ဧပြီ ၃၂၀၁၂-၂၀၁၃ အခွန်စည်းကြပ်နှစ်အတွင်း ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူ ၅၀ နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သူ ၅၀ ဦးကို ဧပြီလ ၇ ရက်နေ့တွင် အခမ်းအနားဖြင့် ဂုဏ်ပြုလက်မှတ် ပေးအပ်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


နှစ်စဉ် အခွန်အများဆုံး ထမ်းဆောင်သူများကို ဂုဏ်ပြုလက်မှတ် ပေးအပ်လေ့ ရှိပြီး ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်အတွက် အခွန်အများဆုံး ထမ်းဆောင်သူ ၂၀ ဦးစီကို အခမ်းအနားဖြင့် ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့ပြီး ယခုနှစ်တွင် အရေအတွက် တိုးမြှင့်ကာ အခွန်ထမ်းဦးရေ ၅၀ ဦးစီ၊ စုစုပေါင်း ၁၀၀ ဦးကို ပေးအပ်ခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။



အခွန်အများဆုံး ထမ်းဆောင်သူများကို အသိအမှတ်ပြုကာ ဂုဏ်ပြုလက်မှတ် ပေးခြင်းကို ကြိုဆိုရမည် ဖြစ်ပြီး ယခုထက် ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။



“အခွန်မဆောင်သေးသူတွေလည်း အခွန်ဆောင်ချင်လာမယ်။ အခွန်ဆောင်ပေမယ့် လျှော့ဆောင်နေသူတွေလည်း မှန်မှန်ကန်ကန် ဆောင်လာနိုင်ဖို့ အားပေးရာ ရောက်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။



သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများကလည်း ယခုကဲ့သို့ အခွန်အများဆုံး ထမ်းဆောင်သူများအတွက် အသိအမှတ်ပြုသည့် အခမ်းအနားများ စီစဉ်ဆောင်ရွက်ခြင်းဖြင့် ပြည်သူအားလုံးကို အခွန် အသိပညာပေးကာ ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။



အခွန်ထမ်းများ မှန်ကန်စွာ အခွန်ထမ်းဆောင်လာရန် လှုံ့ဆော်သည့်အနေနှင့် ၂၀၁၂- ၂၀၁၃ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သူ စာရင်းကို ယခင်စည်းကြပ်နှစ်ထက် ပိုမိုတိုးမြှင့်ကာ ၅၀၀ ဦး စာရင်းကို ထုတ်ပြန်ထားသည်။



ယင်းအပြင် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးအတွက် အခွန်ဘုတ်အဖွဲ့ကို ဖွဲ့စည်း၍ အခွန်ထမ်း အမျိုးအစားအလွှာလိုက် တစ်ဆင့်ချင်းစီ တွေ့ဆုံကာ အခွန်ထမ်းဆောင်လာရန် ဆွေးနွေး ပြောကြားလျက် ရှိပြီး အခွန်ထမ်းဆောင်ရန် ပျက်ကွက်သူများကို ဒဏ်ကြေး ၁၀ ရာခိုင်နှုန်း တိတိကျကျ ဒဏ်ရိုက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးရုံးထံမှ စုံစမ်းသိရှိရသည်။


{fcomment}





from Voice http://ift.tt/1q2OfVJ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...