Skip to main content

ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေး၌ မိုးများ စတင်ရွာသွန်း နေပြည်တော်၊ ဧပြီ ၂၆ နေ့...



ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေး၌ မိုးများ စတင်ရွာသွန်း



နေပြည်တော်၊ ဧပြီ ၂၆



နေ့အပူချိန် မြင့်မားမှုဒဏ်ကို တွေ့ကြုံနေရသော မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး၊ အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်နှင့် ရန်ကုန်မြို့တော်တို့တွင် ဧပြီ ၂၆ ရက်နေ့က မိုးများ စတင် ရွာသွန်းခဲ့ပြီး တစ်ပတ်အတွင်း ဆက်လက် ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။



နေပြည်တော် ကောင်စီနယ်မြေ မိုးရွာသွန်းခြင်းတွင် မိုးသီးကြွေကျမှု မရှိသော်လည်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် မိုးကုတ်မြို့နယ်များတွင် မိုးသီးကြွေကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသို့ ပေးပို့ထားသော သတင်းအချက်အလက်များအရ သိရသည်။



ရန်ကုန်မြို့တော်တွင် ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းက ဗဟန်း၊ တာမွေစသော မြိုနယ်များတွင် မိုးရွာသွန်းခဲ့ကြောင်း မြိုခံများထံမှ သိရသည်။ အလားတူ မန္တလေးမြို့တွင် ဧပြီ ၂၆ ရက်နေ့ နံနက် ၃ နာရီခန့်က မိုးရွာသွန်းခဲ့သည်။



နေ့အပူချိန် မြင့်တက်ကာ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ညွှန်းကိန်းများ လွန်ကဲနေသည့် ရန်ကုန်မြို့တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ခြောက်ခုတွင် ဧပြီလ နောက်ဆုံးပတ်အတွင်း မိုးကြိုမိုး စတင် ရွာသွန်းမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားထားသည်။



ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ နောက်ဆုံးပတ်အတွင်း မိုးကြိုမိုး ရွာသွန်းမည်ဖြစ်ရာ လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်၍ မိုးခြိမ်းခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် မိုးရရှိသော်လည်း သတိရှိရန်လိုကြောင်း ၎င်းက ပြောဆိုထားသည်။



နေပြည်တော်၊ မန္တလေး အမြန်လမ်းတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်သည်ဟု ကြားသိရသော်လည်း တောင်ငူမြို့တွင်မူ ဧပြီလ ၂၆ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၂၀ ခန့်ကစ၍ လေပြင်းများ တိုက်ခတ်ခဲ့ကြောင်း တောင်ငူမြို့ခံ The Voice သတင်းထောက်က သတင်းပေးပို့သည်။

from The Voice Weekly's Facebook Wall http://ift.tt/1rubLK1

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...