Skip to main content

အရက်မူးနေသော လူငယ်ကို သေသည်အထိ ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ ထောင်ဒဏ် ၁၀ နှစ...



အရက်မူးနေသော လူငယ်ကို သေသည်အထိ ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရ



တောင်ငူ၊ ဧပြီ ၂၆



တောင်ငူခရိုင် ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ လောကနတ် အရက်ဆိုင်တွင် အရက်သေစာ သောက်စားပြီး မူးယစ်ရမ်းကားနေသူ လူငယ်တစ်ဦးကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ရာတွင် အသက် သေဆုံးသည်အထိ ရိုက်နှက်ခဲ့သည့် ဖြူးမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် လေးဦးကို ဧပြီလ ၂၅ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း တောင်ငူခရိုင် တရားရုံး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။



အဆိုပါ ရဲတပ်ဖွဲ့ဝင်များသည် ၂၀၁၂ ခုနှစ်အတွင်းက လင်းလင်းထက် (ခ) ရွာသား (မူးယစ်ရမ်းကားသူ) ကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ ရဲစခန်းအရောက်တွင် သေဆုံးခဲ့ခြင်းကြောင့် ယင်းရဲတပ်ဖွဲ့ဝင် လေးဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ဖြင့် ဖြူးမြို့နယ် ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု သေဆုံးသူ၏ မိသားစုဝင်များက ပြောကြားသည်။



ယင်းအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင် လေးဦးကို တောင်ငူခရိုင် တရားရုံးက ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၅၃/၂၀၁၂ ဖြင့် လက်ခံ စစ်ဆေးပြီး တစ်နှစ်နှင့် ခုနစ်လအကြာ ယခုနှစ် ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲ အချိန်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကာလအတွင်း ရုံးခေါ်ချိန်ပေါင်း ၄၆ ကြိမ်၊ တရားလိုပြသက်သေ ၂၀ နီးပါးကို စစ်ဆေးခဲ့ပြီးနောက် သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြောင်း ထင်ရှားခဲ့၍ ပြစ်ဒဏ် ချမှတ်ခံရခြင်းလည်း ဖြစ်ကြောင်း သေဆုံးသူ၏ အစ်မဖြစ်သူ ဒေါ်မြင့်ခက်ခက်မွန်က ပြောဆိုသည်။



လင်းကိုကိုထက် (ခ) တောသား သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး တောင်ငူခရိုင် တရားရုံး ခရိုင်တရားသူကြီး ဦးမောင်မောင်အေးက တရားခံ သူရိန်စန်းကို ပြစ်မှုပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်၊ တရားခံ ဝင်းတင့်၊ အုန်းလွင်နှင့် မင်းကိုလတ်တို့ကို ပြစ်မှုပုဒ်မ ၃၀၂ (၂)၊ ၁၁၄ တို့အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ငူခရိုင် တရားရုံးတော်နှင့် တရားလို အကျိုးတော်ဆောင်များထံမှ စုံစမ်းသိရှိရသည်။



ယင်းတရားခံများကို အမှုဖွင့်ပြီး ငါးလခန့်အကြာတွင် ရဲတပ်ကြပ်ကြီး အုန်းလွင်နှင့် ရဲတပ်သား မင်းကိုလတ်တို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရာသက်ပန် ထုတ်ပယ်ခဲ့ပြီး ဒုရဲအုပ် သူရိန်စန်းကို ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ ထောင်ဒဏ် တစ်နှစ် ချမှတ်ကာ ဒုရဲအုပ် ဝင်းတင်ကို တစ်ဆင့်နိမ့် ရာထူးချကာ အရပ်ဘက်တရားရုံး၌ ဆက်လက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သူတို့ မိသားစုဝင်တွေ အယူခံ ဆက်တက် မတက်က ကျွန်တော် မသိသေးပါဘူး။ အယူခံ တက်မယ်ဆိုလည်း တက်ခွင့်ရှိတယ်” ဟု အဆိုပါ ရဲအရာရှိ ကြီးက ဆက်လက်ပြောကြားသည်။



ယမန်နှစ် ဧပြီလ ၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် နဝဒေတံတားအောက် သမီးရည်းစား စုံတွဲတစ်တွဲ ချိန်းတွေ့နေစဉ် အသက် ၂၄ နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရသည့် အမှုနှင့် ပတ်သက်ပြီး နယ်မြေခံ တပ်ရင်းတစ်ခုမှ တပ်မတော်သား နှစ်ဦးကို သံသယ ဖြစ်သည့်အတွက် သေဆုံးသူ မိသားစုဝင်များက စွပ်ဆွဲပြောဆို အမှုဖွင့်ခဲ့ရာ တပ်ရင်း တာဝန်ရှိသူများက မဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး အမှုဖြစ်ပွားပြီး တစ်နှစ်ကျော်သည်အထိ တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို ပြည်သူလူထုက မေးခွန်းထုတ်နေချိန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို အရေးယူသည့် ပြစ်ဒဏ်စီရင်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

from The Voice Weekly's Facebook Wall http://ift.tt/1lUZahq

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...